Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် ပညာရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

စစ်ဘေးရှောင်ကျောင်းသားလူငယ်တွေစားဝတ်နေရေးအတွက် အလုပ်လုပ်နေကြရ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
8
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ ဇူလိုင် ၄။

အာရက္ခဒေသက စစ်ဘေးရှောင်ကျောင်းသားလူငယ်တွေဟာ စားဝတ်နေရေးအတွက် အလုပ်လုပ်နေကြရပါတယ်။

စစ်ပွဲတွေစတင်ကတည်းက စစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ မရကြတာမို့ စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်ကျောင်းသားလူငယ်တွေဟာမိသားစုစားဝတ်နေရေးအတွက် အဆင်ပြေသလိုကြုံရာလုပ်ကိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။

“ကုန်ထမ်းရလို့ ပင်ပန်းပြီး။ နေမကောင်းတဲ့နေ့တွေလည်းရှိတယ်။ တနေ့လုပ်တာက နှစ်သောင်းကျော်လောက်ရတယ်။ ဆေးခန်းသွားပြဖို့ ပိုက်ဆံမလုံလောက်ဘူး။ မိသားစုတွေကနယ်မှာနေကြတာ။ အလုပ်ရဖို့မြို့ထက်မှာတယောက်တည်းပြောင်းနေရတာ။ ဆေးခန်းလည်းမပြဖြစ်ဘူး။ မတတ်သာလို့ ဒီအလုပ်လုပ်နေရတာပါ။ အရမ်းကိုပင်ပန်းပါတယ်။ အရင်က အေးဆေးကျောင်းတက်နေခဲ့ရတာ။ ဒီအလုပ်စလုပ်တော့မခံနိုင်ဘူး။ အလေးထမ်းရတာအသက်နဲ့မမျှဘူးလို့ ခံစားရတဲ့အခါလည်းရှိတယ်။” လို့ ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်ကျောင်းသားလူငယ်တဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခစစ်ပွဲစတင်ကတည်းက စစ်ကောင်စီတပ်က လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ထားသလို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေကိုလည်း ကန့်သတ်တားမြစ်ထားပါတယ်။

အဲဒီအပြင် စစ်ဘေးရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေကိုလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတာမို့ စစ်ဘေးရှောင်တွေအသက်ရှင်ရပ်တည်ရေးတောင်ခက်ခဲနေတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။

“ပညာရေးကတော့ ရပ်နားလိုက်တယ်။ စားဝတ်နေရေးကပိုအရေးကြီးလို့ပညာရေးကိုနောက်ဆုတ်ထားရတာ။ ခုကမိသားစုစားဝတ်နေရေးအတွက်တယောက်တည်းရုန်းကန်နေရတယ်။ ကျောင်းတက်ခွင့်ရမယ်ဆိုရင် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးဆက်တက်ချင်ပါတယ်။” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်ကျောင်းသားတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီစစ်ဘေးရှောင်လူငယ်တွေဟာ အသက်ဆယ့်ရှစ်နှစ်အောက်ကျောင်းသားတွေဖြစ်ကြပြီး သူတို့တွေဟာကျောင်းဆက်တက်ချင်ကြပေမယ့် မိသားစုစားဝတ်နေရေး၊ အသက်ရှင်ရပ်တည်ရေးအတွက် ကြုံရာလုပ်ကိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်အများစုဟာ စစ်တွေမြို့နယ်က စစ်ဘေးရှောင်လာကြသူတွေဖြစ်ကြပြီး ပုဏ္ဏားကျွန်း၊ ပေါက်တော စတဲ့မြို့နယ်တွေကလည်း ပါဝင်တယ်လို့ ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် တဆယ့်ငါးမြို့နယ်ကိုထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့အစိုးရအဖြစ် အုပ်ချုပ်ရေးယန္တားတွေဖော်ဆောင်နေပါတယ်။

အာရက္ခအစိုးရမှာ ပညာရေးစနစ်ဖော်ဆောင်နေပေမယ့် အခမဲ့ပညာရေးစနစ်ကို မဖော်ဆောင်နိုင်သေးတာမို့ ဆက်လက်ပညာမသင်နိုင်​တဲ့စစ်ဘေးရှောင်ကျောင်းသားတွေလည်းရှိနေတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။

PrevPreviousမောင်တောမြို့ပေါ်ရပ်ကွက်တချိုရေကြီး
Nextရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်ကောင် စီဖိတ်ခေါ်Next
Previous Post

မောင်တောမြို့ပေါ်ရပ်ကွက်တချိုရေကြီး

Next Post

ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်ကောင် စီဖိတ်ခေါ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

စက်သုံးဆီရက် ၄၀ စာရှိတယ်လို့ စစ်ကော်မရှင်ပြော

March 4, 2026

ပလက်ဝခရိုင်ကအကျဥ်သားသုံးဆယ်ကို အာရက္ခအစိုးရလွတ်ပေး

March 4, 2026
ဓာတ်ပုံ - IRGC

အစ္စရေးတိုက်ခိုက်ရေးဒရုန်းတစင်ကို အီရန်သိမ်းမိ

March 4, 2026
Photo- APM

မြောက်ဦးခရိုင်မှာ ဟိုလီပွဲတော်ကျင်းပ

March 4, 2026

စက်သုံးဆီရက် ၄၀ စာရှိတယ်လို့ စစ်ကော်မရှင်ပြော

ပလက်ဝခရိုင်ကအကျဥ်သားသုံးဆယ်ကို အာရက္ခအစိုးရလွတ်ပေး

အစ္စရေးတိုက်ခိုက်ရေးဒရုန်းတစင်ကို အီရန်သိမ်းမိ

မြောက်ဦးခရိုင်မှာ ဟိုလီပွဲတော်ကျင်းပ

ကစယ်ဒိုမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တလအတွင်း အရပ်သားရှစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရ

အာရက္ခတပ်တော်ဒုတပ်ချုပ်မွေးနေ့မှာ သူပုန်ဖြူအဖွဲ့မဲဖောက်ပေး

Releated Post

စက်သုံးဆီရက် ၄၀ စာရှိတယ်လို့ စစ်ကော်မရှင်ပြော

March 4, 2026

ပလက်ဝခရိုင်ကအကျဥ်သားသုံးဆယ်ကို အာရက္ခအစိုးရလွတ်ပေး

March 4, 2026
ဓာတ်ပုံ - IRGC

အစ္စရေးတိုက်ခိုက်ရေးဒရုန်းတစင်ကို အီရန်သိမ်းမိ

March 4, 2026
Photo- APM

မြောက်ဦးခရိုင်မှာ ဟိုလီပွဲတော်ကျင်းပ

March 4, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ တလအတွင်း အရပ်သားရှစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရ

March 4, 2026

အာရက္ခတပ်တော်ဒုတပ်ချုပ်မွေးနေ့မှာ သူပုန်ဖြူအဖွဲ့မဲဖောက်ပေး

March 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page