Border News Agency
မင်းပြား၊ ဇူလိုင် ၁၂။
အာရက္ခဒေသကကွမ်းသီးတွေကို အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့နေတာမို့ ကွမ်းသီးစျေးကောင်းရနေပါတယ်။
အဲဒီကွမ်းသီးတွေကို ဘင်္ဂလာဒေ့ရှ်၊အိန္ဒိယနိုင်ငံတွေကို တင်ပို့နေသလို အာရက္ခဒေသမှာလည်း ဖြန့်ချီရောင်းချနိုင်တာမို့ ဈေးကောင်းရနေတာလို့ ကွမ်းသီးခင်းပိုင်ရှင်တွေက ဆိုကြပါတယ်။
အာရက္ခဒေသထွက် ကွမ်းသီးတမောင်း(၂၅ပိဿာ) ကို တဆယ့်ငါးသိန်းကျပ်ထိ ဈေးကောင်းရနေတာဖြစ်တယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့လတွေက ကွမ်းသီးတမောင်း(၂၅ပိဿာ)ကို ကွမ်းသီးအခွံပါမပါအပေါ်မှုတည်ပြီး ခြောက်သိန်းကျပ်မှရှစ်သိန်းကျပ်ထိဈေးရှိခဲ့တယ်လို့ ဆိုကြပါတယ်။
မြောက်ဦးနဲ့ မင်းပြားမှာ ကွမ်းသီးခင်းတွေကို စီးပွားဖြစ်အဓိကစိုက်ပျိုးကြပြီးကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမှာလည်း တပိုင်တနိုင်စိုက်ပျိုးကြပါတယ်။