Border News Agency
တပ်တောင်၊ ဇူလိုင် ၁၄။
အမ်းမြို့နယ်၊ တပ်တောင်မြို့မှာ ဇူလိုင်လ ၁၄ ရက်နေ့က ဟင်းရှာသွားရာမှာ အမျိုးသမီးနှစ်ဦးရေနစ်သေဆုံးခဲ့ပါတယ်။
အဲဒီတပ်တောင်မြို့၊အဝပြင်ရွာမှ ဆယ့်ခြောက်နှစ်အရွယ်မဆုမြတ်လှိုင်၊အသ က်ဆယ်နှစ်နှစ်အရွယ်မဆုသက်လှိုင်သေဆုံးသွားခဲ့ပါတယ်။
သူမတို့ဟာ ဇူလိုင် ၁၃ ရက်၊ မနက် ၁၁ နာရီအချိန်ခန့်က အဝပြင်ရွာရှိကာရီပြင်ချောင်းမှထိန်တောရွာ ချောင်းဘက်သို့ မှိုဟင်းရှာဖို့သွားရာမှာ ရေနစ်သေဆုံးသွားခဲ့တာလို့ ရွာသားတွေက ဆိုကြပါတယ်။
သူမတို့နှစ်ဦးဟာ ညီအစ်မအရင်းတွေဖြစ်ကြပြီး ဇူလိုင်လ ၁၄ရက်၊ဒီနေ့သဂြိုဟ်သွားမယ်လို့ဆိုပါတယ်။
မင်းပြားမြို့နယ်၊ အမှတ် ၃ တိုက်နယ်၊ ခေါင်းလောင်းချောင်းကျေးရွာမှာလ ည်း ဇူလိုင်လ ၈ ရက်နေ့က အမျိုးသားတဦးရေနစ်သေဆုံးသွားခဲ့ပါတယ်။
အဲဒိီအပြင်မောင်တောမြို့နယ်၊အောင်သုခကျေးရွာမှာလည်း ဇူလိုင်လ ၁ ရက်နေ့ အမျိုးသမီးနှစ်ဦးရေနစ်သေဆုံးသွားခဲ့ပါတယ်။
အာရက္ခဒေသမှာမြစ်၊ ချောင်း၊ အင်းအိုင်တွေပေါများသလို မိုးရာသီမှာ ရေစီးရေသန်တာမို့ မြစ်ချောင်း၊ အင်းအိုင်းတွေကို ဖြတ်ကူးသွားရရင် သတိထားကြဖို့လိုအပ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။






