Border News Agency
ဒါကာ၊ ဇူလိုင် ၁၆။
စစ်ကောင်စီရဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင် ရာမြန်မာသံအမတ်ကြီးဦးကျော်စိုးမိုးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊အမျိုးသားအကြံပေး Honorable Dr. Khalilur Rahman ကို ဇူလိုင်လ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။
သူတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးအကျိုးအတွက် ရှေ့ဆက်ဆောင်ရွက်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင် စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီမြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်တ လျှောက်လုံးကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချု ပ်ရေးယန္တရားလည်ပတ်နေတာပါ။
ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရနဲ့အာရက္ခတပ်တော်ကြားထိတွေ့ဆက်ဆံမှုတွေရှိတယ်လို့ ထုတ်ပြောပြီးနောက် စစ်ကောင်စီကန့်ကွက်ခဲ့ပါတယ်။
အဲဒီနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက မြ န်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးနဲ့စစ်သံမှူးတွေကို ပြီးခဲ့တဲ့မေလက ဒါကာကို ပြန်ခေါ်ခဲ့ပါတယ်။
အဲဒီနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ဘင်္ဂလားဒေ့ရှ် အမျိုးသားအကြံပေးတွေ့ဆုံတာကို စစ်ကောင်စီက ပထမဆုံးအကြိမ်ထုတ်ပြန်တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့မြန်မာနိုင်ငံကြားမှာ ပြန်လည်လက်ခံရေးဆောင်ရွယ်ရမယ့်သဘောတူညီချက်တွေရှိနေပြီး ပြန်လည်လက်ခံနေရာချထားမယ့်နေရာတွေကို အာရက္ခတပ်တော်ထိန်းချုပ်ထားပါတယ်။
Comments 3
viagra pfizer 50 mg – strongvpls order viagra generic
figral sildenafil 100mg – https://strongvpls.com/ viagra buy south africa
viagra sale durban – buy viagra professional online no prescription buy viagra cialis online