Border News Agency
နေပြည်တော်၊ ဇူလိုင် ၁၆။
မြန်မာနိုင်ငံအလယ်ပိုင်းရှိစစ်ကောင်စီတပ်လက်နက်စက်ရုံမှာ လေကြောင်း သုံးဗုံးတွေထုတ်လုပ်ဖို့ တရုတ်နိုင်ငံပိုင် ကုမ္ပဏီက အကူအညီပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M) က ဇူလိုင်လ ၁၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီအစီရင်ခံစာကို (သေမင်းတမန်စက်ရုံ-မြန်မာစစ်တပ်လေကြောင်းသုံးဗုံးတွေ ထုတ်လုပ်မှုကို တရုတ်နိုင်ငံက ပံ့ပိုးနေမှု) လို့ အမည်ပေးထားတာပါ။
တရုတ်နိုင်ငံပိုင်လက်နက်ကုမ္ပဏီဖြစ်တဲ့ China South Industries Group Corporation (China South)ဟာ သူ့ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ Hunan Vanguard မှတဆင့် အမှတ် ၂၁ ကာကွ ယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၁)မှာ လေကြောင်းသုံးဗုံးတွေ ထုတ်လုပ်မှုတွေအတွက် အဓိကပံ့ပိုးမှုတွေပေးခဲ့တာလို့ ဆိုပါတယ်။
အဲဒီChina South ကုမ္ပဏီဟာ တရုတ်ဗဟိုအစိုးရရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ ကုမ္ပ ဏီဖြစ်ပြီး အကူအညီတွေဟာ တရုတ်အစိုးရခွင့်ပြုချက်နဲ့သက်ဆိုင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီက ဆိုပါတယ်။
“China South ဟာ နိုင်ငံပိုင်ကုမ္ပဏီဖြစ်ပြီးတရုတ်အစိုးရကို တာဝန်ခံရပါတ ယ်။စစ်ကောင်စီကို လေကြောင်းသုံးဗုံးတွေနဲ့နည်းပညာပိုင်းဆိုင်ရာ ထုတ်လုပ် မှုအကူအညီတွေ ပေးအပ်တာကြောင့် China South ဟာ စစ်ကောင်စီက အရ ပ်သားတွေအပေါ် ကျူးလွန်နေတဲ့ ဆိုး ဝါးတဲ့ချိုးဖောက်မှုတွေမှာ ကြံရာပါဖြစ်နေပါတယ်။တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်ရဲ့လက်နက်ထုတ်လုပ်မှုကို ပံ့ပိုးနေတာအားလုံး ချက်ချင်းရပ်တန့်ရပါမယ်” လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအ ကြံပေးကောင်စီမှမစ္စက်ယန်ဟီးလီကပြောပါတယ်။
အဲဒီအမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံထုတ်လေကြောင်းသုံးဗုံးတွေကို မြန်မာလေတပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ရာမှာ အသုံးပြု နေပြီး နိုင်ငံတကာဥပဒေအရ ကြီးလေးတဲ့ရာဇဝတ်မှုအဆင့်ကို ရောက်ရှိနိုင်တ ယ်လို့လည်း ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာစစ် တပ်ဟာ တော်လှန်ရေးတပ်တွေထိုးစစ်မှာစစ်ရှုံးနေပါတယ်။
အဲဒါကြောင့် မြန်မာလေတပ်ဟာ လူ စည်ကားတဲ့စျေးတွေ၊စာသင်ကျောင်းတွေ၊ဘာသာရေးအဆောက်အအုံတွေ၊ စစ်ဘေးဒုက္ခသည်စခန်းတွေ၊ဆေးရုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေတိုးလုပ်တုံ့ပြန်နေတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွက် တရုတ်နိုင်ငံရဲ့လက်နက်တွေ၊ နည်းပညာတွေ၊ ကျွမ်းကျင်မှုတွေအထောက်အကူပြုပေးနေတာလို့လည်း ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အကူအညီတွေပေးနေတယ်လို့မကြာခဏထုတ်ပြန်ပေမယ့် အစီရင်ခံစာအကြောင်းကို တုံ့ပြန်တာ မတွေ့ရသေးပါဘူး။
အာရက္ခဒေသအပါအဝင် မြန်မာပြည်အနှံ့ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေပြီး ပြည်သူတွေသေဆုံးဒဏ်ရာရနေကြပါတယ်။