Border News Agency
တအာင်းပြည်၊ ဇူလိုင်လ ၁၇။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးရဲ့တအာင်းပြည်ရဲတပ်ဖွဲ့မှဖွင့်ထားတဲ့အပတ်စဥ် ၁ နယ်ထိန်းသင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ဇူလိုင်လ ၁၄ ရက်နေ့ကပြုလုပ်ခဲ့တယ်လို့ တအာင်းတပ်မတော်က ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို ဗဟိုအုပ်ချုပ်ရေးဌာနမှူး၊ တအာင်းပြည်ရဲတပ်ဖွဲ့တွေ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ဆရာ၊ ဆရာမတွေနဲ့ သင်တန်းသားတွေအပါအဝင် စုစုပေါင်းလူဦးရေခြောက်ဆယ် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် သင်တန်းအတွင်းမှ ထူးချွန်အောင်မြင်တဲ့ကျောင်းသားတွေကိုဆုတွေပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းကို ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလ သုံးလနီးပါးကြာခဲ့တယ်လို့ဆိုပါတယ်။
ရဲကျင့်ဝတ်၊ကြီးကြပ်ကွပ်ကဲတာ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ သက်သေခံဘာသာရပ်၊ နယ်ထိန်းလုပ်ငန်းစဥ်တွေ၊ နယ်ထိန်းမှတ်ပုံတင်နဲ့ ဆက်စပ်မှတ်ပုံတင်တွေ၊ရာဇသက်ကြီးနဲ့ထောက်လှန်းရေးဘာသာရပ်တွေ၊ကြိုတင်ကာကွယ်မှုဆ ယ်မျိုးတွေနဲ့နွေဦးသိုင်းတွေကို သင် ကြားပေးခဲ့တာလို့ဆိုပါတယ်။
သင်တန်းသားသုံးဆယ်ရှစ်ဦးတက်ရောက်သင်ကြားခဲ့ပြီးတအာင်းပြည်အတွင်းရှိ ခရိုင်နဲ့မြို့နယ်တွေမှာ တာဝန်ထမ်းဆောင်သွားရမယ်လို့ ဆိုပါတယ်။
ရဲလုပ်ငန်းတွေနဲ့နယ်ထိန်းလုပ်ငန်းတွေကိုသိရှိနားလည်နိုင်ရန်၊ခိုးဆိုးလုယက် မှု၊မူးယစ်ဆေးဝါးတွေကို ရောင်းဝယ်သုံးစွဲမှုစတာတွေကို လျှော့နည်းသွားအောင် တရားဥပဒေစိုးမိုးမှုတွေရှိစေဖို့ ရွယ်ရည်တယ်လို့ဆိုပါတယ်။
Comments 1
This website exceedingly has all of the low-down and facts I needed adjacent to this case and didn’t know who to ask. order neurontin 600mg pill