Border News Agency
မိုးကုတ်၊ ဇူလိုင် ၂၉ ။
မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၉ ရက်၊ဒီနေ့မနက်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦးသေဆုံးပြီးကိုးဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်၊ရွှေဘုန်သာရပ်ကွက်နဲ့ BOC ကားကြီးကွင်းအနီးကို ပေါင် ၅၀၀ ဗုံးသုံးလုံး၊ပေါင် ၂၅၀ ဗုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဗုံးပေါက်ကွဲလို့ အရပ်သားလေးဦးသေဆုံးပြီးကိုးဦးဒဏ်ရာရသွားသလို နေအိမ်ဆယ့်ရှစ်လုံးပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့ကိုပြီးခဲ့တဲ့ဇူလိုင်လ ၈ ရက်မှ ၂၆ နေ့ထိစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦး၊အမျိုးသားလေးဦးသေဆုံးသွားခဲ့ပြီးနှစ်ဆယ့်ရှစ်ဦးဒဏ်ရာရသွားသလို နေအိမ်နှစ်ဆယ့်လေးဆောင်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။






