မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ သြဂုတ် ၉။
ကမ္ဘာ့အခင်းအကျင်းတွင် မိမိတိုင်းပြည်နေရာဒေသ၏စီးပွားရေးကိုမထိခိုက်စေရန်အတွက် ပြည်သူလူထုကိုငဲ့ညှာသောအစိုးရများမှာ အမေရိကန်၏ အခွန်တင်းကြပ်မှုအားပြန်လည်လျော့ပေါ့ရန် နည်းအမျိုးမျိုးဖြင့်ကြိုးစားနေကြသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏အခွန်ကောက်ခံပုံကိုကြည့်ပါက သာမန်လူပိန်းအမြင်ဖြင့်ကြည်လျှင်ပင် အောက်ပါအတိုင်းမြင်နေရသည်။
အမေရိကန်မှာ ၎င်းနိုင်ငံထဲကုန်တင်ပို့သော နိုင်ငံများကိုအခွန်စည်းကြပ်သူဖြစ်သည်။
အမေရိကန်သို့ကုန်တင်ပို့နေရသောနိုင်ငံတွင် အစိုးရ၊ ပြည်သူ၊ထုတ်ကုန်အရင်း အနှီးစသည့် factor များရှိသည်။
အမေရိကန်သို့ ကုန်တင်ပို့နေရသောနိုင်ငံ၏အစိုးရအဖို့ သမ္မတထရန့်၏အခွန်ကြောင့် စားသုံးသူအမေရိကန်ပြည်သူ လူထုကို ကုန်စျေးနှုန်းတက်စေသည်။
အမေရိကန်စျေးကွက်တွင် ကုန်စျေးနှုန်းတက်ပါက အဆိုပါကုန်ပစ္စည်းနှင့် အရည်အသွေးတူညီသောကုန်ပစ္စည်းမျိုးကို မကြာသောအချိန်ကာလအတွ င်းထုတ်လုပ်နိုင်သောနည်းပညာ၊ငွေ ကြေး၊လူသားအရင်းအမြစ်မျိုးက အမေရိကန်လူ့ဘောင်တွင်ရှိနေသည်။
စျေးကွက်တွင်လူ့ဗီဇသဘောတရားအရ ကုန်ပစ္စည်းတခုနှင့်တခု အရည်အသွေးတူနေလျှင် စျေးသက်သာသောကုန်ပစ္စည်းကိုဝယ်ကြသည်။
ထိုအခါ စျေးတက်နေသောကုန်ပစ္စည်းသည်အလိုလိုရောင်းအားကျသွားသည်။
ရောင်းအားကျသွားလျှင် အရှုံးပေါ်တော့သည်။ အရှုံးပေါ်လျှင် မိမိ၏ စီးပွားရေးလုပ်ငန်းကျဆင်းသွားမည်။
အလုပ်များလာမည်။သို့ဖြစ်၍အမေရိကန်သို့ကုန်ပစ္စည်းတင်သွင်းနေရသော နိုင်ငံများအဖို့အမေရိကန်စျေးကွက်တွ င်မိမိ၏ကုန်ပစ္စည်း စျေးတက်သွားမည်ကို စိုးရိမ်နေရသည်။
အမေရိကန်သမ္မတထရန့်၏အခွန်မူဝါဒက မိမိ၏အမေရိကန်စျေးကွက်တွင် အခြားနိုင်ငံများ၏ကုန်ပစ္စည်းများကိုစျေး တက်ခိုင်းခြင်းပင်ဖြစ်သည်။
စျေးတက်ခြင်းနှင့်စျေးကောင်းရခြင်းမတူ
အမေရိကန်စျေးကွက်ကို တင်ပို့နေရသော နိုင်ငံများအဖို့ မိမိ၏ကုန်ပစ္စည်း အမေရိကန်စျေးကွက်တွင် စျေးတက်လာမည်ကို စိုးရိမ်နေရသည်။
စျေးတက်ခြင်းနှင့်စျေးကောင်းရခြင်းမှာ နောက်ခံအနေအထားအနှစ်သာရအားဖြင့် မတူပေ။
ကုန်စျေးနှုန်းတက်ခြင်းကို နိုင်ငံတိုင်း၊အစိုးရတိုင်းကလန့်ကြသည်။ အမေရိကန်သည်ပင်လျှင် မိမိ၏စျေးကွက်၌ မိမိနိုင်ငံထုတ်ကုန်ပစ္စည်းများစျေးတ က်မည်ကိုစိုးရိမ်သည်။
အခြားနိုင်ငံများ၏ကုန်ပစ္စည်းများသာ စျေးတက်ချင်လျှင်စျေးတက်နေပါစေ။ မိမိကုန်ပစ္စည်းစျေးတက်လာမည်ကိုတော့ စိုးရိမ်သည်ပင်။ဤကစားပွဲကား အရင်းအမြစ်ရှိသော နိုင်ငံများအဆင့်တွင် အားပြိုင်ကြသောပွဲမျာဖြစ်သည်။
“အမေရိကန်စျေးကွက်တွင်ကုန်စျေးနှု န်းတက်ပါက အဆိုပါကုန်ပစ္စည်းနှင့်အ ရည်အသွေးတူညီသော ကုန်ပစ္စည်းမျိုးကို မကြာသောအချိန်ကာလအတွင်းထု တ်လုပ်နိုင်သောနည်းပညာ၊ငွေကြေး၊လူသား အရင်းအမြစ်မျိုးက အမေရိက န်လူ့ဘောင်တွင်ရှိနေသည်။”
အချို့သောနိုင်ငံများတွင် မိမိ၏ပြည်တွင်းစျေးကွက်အတွက် လိုအပ်သောမရှိမဖြစ် ကုန်ပစ္စည်းများကို မိမိဖာသာမထုတ်လုပ်နိုင်ကြပေ။ထုတ်လုပ်ရန်လ ည်း အရင်းအမြစ်ကအကန့်အသတ်များဖြစ်နေသည်။
ဥပမာတောင်ကိုးရီးယားတွင်စိုက်ပျိုး ရေးကိုအရှိန်အဟုန်ဖြင့်ထုတ်လုပ်ရနျ မွကေ အကနျ့အသတျရှိနသေညျ။တော ငျကိုးရီးယားမှာမိမိ၏စားနပျရိက်ခာကို နို င်ငံခြားမှ တင်သွင်းနေရသည်။
စားနပ်ရိက္ခာအတွက် တောင်ကိုးရီးယားတွင် ပိုမိုထုတ်လုပ်ရန်မြေအရင်းအမြစ်မရှိပေ။
ထို့ကြောင့် တောင်ကိုးရီးယားသည် မိမိ ၏စျေးကွက်တွင် နိုင်ငံခြားမှတင်သွင်းသော စားသုံးကုန်ဆန်၊ဂျုံစသည့်ပစ္စ ည်းများအား စျေးမတင်ရဲချေ။စျေးတ က်အောင်လည်း အခွန်မစည်းကြပ်ရဲချေ။
အဘယ်ကြောင့်ဆိုသော် ထိုကုန်ပစ္စည်းအတွက် မိမိပြည်တွင်းမှထုတ်လုပ်နိုင်သော အရင်းအမြစ်တစုံတရာလိုအပ်နေ၍ဖြစ်သည်။
အမေရိကန်အတွက်တော့ အမေရိကန်စျေးကွက်တွင်ရှိနေသော ကုန်ပစ္စည်းတိုင်းအတွက် ကိုယ်တိုင်ထုတ်လုပ်နိုင်သော အရင်းအမြစ်များက ပေါကြွယ်ဝပေသည်။
ထိုသို့ကိုယ်တိုင်ထုတ်နိုင်သည့်အတွက်လည်း အခွန်စည်းကြပ်ရဲခြင်းဖြစ်သ ည်။အခွန့်စည်းကြပ်မှုအတွက် တန်ပြန်သက်ရောက်လာနိုင်မှုကိုလည်း ခံနိုင်ရည်ရှိသည်။
တောင်ကိုးရီးယားတွင်ဆန်၊ဂျုံကိုများများစိုက်ပျိုးရန်အတွက် မြေအရင်းအမြစ်က ရှားပါးသလို အမေရိကန်တွင်မရှားပါးပေ။
လက်ရှိဖြစ်စဥ်က သဘောတရားပိုင်းနှစ်ခုကို ပြောပြနေသည်။နိုင်ငံတခုသ ည် မိမိအတွက်မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများအား စျေးနှုန်းမြင့်လာမည်ကို မလိုလားကြပေ။
ထိုမရှိမဖြစ်ကုန်ပစ္စည်းအား ကိုယ်တိုင်ထုတ်လုပ်နိုင်သော အရင်းအမြစ်ရှိပါက ကိုယ်တိုင်ထုတ်ရန်သာ ကြိုးစားကြသည်။
အာရက္ခဒေသအပေါ်သုံးသပ်ချက်
အာရက္ခဒေသ၏စီးပွားရေးအခြေအနေက ရှေ့ဆက်အနာဂတ်ကို အဆုံးအဖြ တ်ပေးမည့်အချက်ထဲတွင် ပါဝင်သည်။
အာရက္ခဒေသတွင် မိမိအတွက်လိုအပ်သောပစ္စည်းများကို မိမိကိုယ်တိုင်မထုတ်လုပ်နိုင်သေးပေ။
“အခြားသောနိုင်ငံတို့တွင် မိမိလည်းထုတ်နိုင်၊ မိမိအတွက်လည်းမရှိမဖြစ်လို အပ်သောကုန်ပစ္စည်းများအပေါ် စျေးနှုန်းဝန်မပိလိုကြချေ။”
သို့သော် အာရက္ခဒေသတွင်တော့ပြော င်းပြန်ဖြစ်နေသည်။မိမိကလည်းကုန်ပ စ္စည်းများကို မထုတ်လုပ်နိုင်၊ထို့ပြင် ထိုကုန်ပစ္စည်းများကို စျေးတက်အောင် အ ခွန်များကို ကောက်လိုက်သေးသည်။
ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းငယ်များကိုမထောက်ပံနိုင်၊သူဖာသာသူ စတင်လည်ပတ်နိုင်ရန်လည်းလမ်းဖွင့်မပေးပေ။
နောက်ဆုံးအချို့နေရာများတွင် လမ်းဘေးဆိုင်ကွမ်းယာဆိုင်တောင်ရောင်းခွင့်မရှိ ဖြစ်လာ၏။
တနေရာမှတနေရာသို့သွား၍ တရွာဝင်တရွာထွက်စျေးရောင်းမည့်သူများအတွက် “ထောက်ခံစာအခွန်” က အချို့နေ ရာများတွင်လာလိုက်သေးသည်။
ထိုလုပ်ငန်းငယ်များသည် SME စီးပွား ရေးအုပ်စုထဲတွင် ပါဝင်သည်ကိုလည်းဂရုစိုက်ဟန်မပေါ်ပေ။
အခွန်နှင့်ပတ်သက်၍ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ”စီမံကိန်းတွေတခြားလုပ်ငန်းတွေကိုအဓိကထားမယ်။ကျနော်တို့ရခိုင်ပြည်မှာဆိုရေလုပ်ငန်းတွေရှိမယ်။ လက်လုပ်လက်စားအဆင့်မဟုတ်ဘဲစီးပွားရေးလုပ်ငန်းတွေပေါ့။ကျနော်တို့ကငွေကြေးအားဖြင့်များများစားစားကောကျမှာမဟုတျဘူး။ အဓိကကတော့ရက်ခိုင်ပြည်သူ့တော်လှန်ရေးအာဏာကိုအသိအမှတ်ပြုမှုကိုအဓိကဦးစားပေးမှာဖြစ်တယ်။” ဟု ဧရာဝတီသတင်းဌာနက ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။
သို့သော် မြေပြင်တွင်ထိုသို့မဟုတ်ပေ။
နိုင်ငံရေးဘောဂဗေဒတွင် စျေးတက်ခြင်းနှင့်စျေးကောင်းရခြင်းမှာအနှစ် သာရအားဖြင့်မတူပေ။
လူမှုစီးပွားစည်ပင်လည်ပတ်ခြင်းနှင့်မြို့ပြသန့်ရှင်းမှုဆိုသည်မှာလည်း အနှစ်သာရအားဖြင့် မတူသေးပေ။
မြောက်ကိုးရီးယား၌လှပသောသန့်ရှင်းသောမြို့ပြအဆောက်အအုံများရှိပေသည်။ သို့သော်လူမနေသောအခါထိုမြို့ပြများကို တစ္ဆေမြို့တော်ဟု ခေါ်လာကြသည်။
သမ္မတဒေါ်နယ်ထရန့်ကတော့ သူ့နိုင်ငံစျေးကွက်ထဲတွင် နိုင်ငံခြားမှတင်သွင်းသောကုန်ပစ္စည်းများကို စျေးတက်အောင်အခွန်ကောက်ပေသည်။
ထို့သို့ကောက်ခြင်းက အမေရိကန်ပြည်သူများအတွက်လိုအပ်သော ကုန်ပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်သော အရင်းအမြစ်ရှိ၍ ကောက်ခြင်းဖြစ်သည်။
တောင်ကိုးရီးယားအနေဖြင့် သူ၏စျေးကွက်ထဲတွင် ဆန်၊ ဂျုံစသည့်ကုန်ပစ္စည်းများကို အခွန်သိပ်မစည်းကြပ်ခြင်းသည်လည်း တောင်ကိုးရီးယား၏အ ကျိုးစီးပွားအတွက်ဖြစ်ပါသည်။
ကိုယ့်အနေအထားနှင့်ကိုယ် လူထုအ ဆင်ပြေအောင်၊မနာအောင်ကြိုးစားနေကြပေသည်။
အာရက္ခဒေသတွင်တော့ ထိုသို့မဟုတ်ပေ။ ကိုယ်တိုင်အခွန်စစ်ပွဲဆင်နွဲနေပါတော့သည်။