Border News Agency
သီပေါ၊ သြဂုတ် ၉။
သီပေါမြို့နယ်ကို စစ်ကောင်စီတပ်မှလေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က သြဂုတ်လ ၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့ ညနေ ၄ နာရီ ၂၂ အချိန်က သီပေါမြို့၊ပန်းတိမ်တောင်ရပ်ကွက်ကို လေကြောင်းမှပေါင် ၂၅၀ ဗုံးသုံးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဗုံးပေါက်ကွဲလို့ အမျိုးသားတဦးဒဏ်ရာရသွားသလို နေအိမ်ခုနှစ်အိမ်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ရက်နေ့မှဩဂုတ်လ ၈ ရက်နေ့အထိ သီပေါမြို့နယ်ကို လေကြောင်းမှ ခြောက်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတဦးနဲ့ အမျိုးသားလေးဦးတို့ဒဏ်ရာရသွားခဲ့သလို နေအိမ်ဆယ့်ရှစ်အိမ်နဲ့စာသင်ကျောင်းတကျောင်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုအပ်တယ်လို့ တအာင်းတပ်မတော်က အသိပေးထုတ်ပြန်ထားပါတယ်။