Border News Agency
မင်းပြား၊ သြဂုတ် ၁၄။
အာရက္ခဒေသမှာနှစ်လအတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျံဖြစ်ကာထွန်ယက်စိုက်ပျိုးထားတဲ့လယ်ဧကတသောင်းကိုးထောင်ခန့်ပျက်စီဆုံးရှုံးခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးရုံး(HDCO)မှ သြဂုတ်လ ၁၃ရ က်နေ့က ထုတ်ပြန်ပါတယ်။
တောင်ကုတ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊မြောက်ဦး၊မင်းပြား၊ဘူးသီးတောင်၊ မောင်တောနဲ့ရသေ့တောင်စတဲ့မြို့နယ်တွေမှာဇွန်လမှဇူလိုင်လထိ မိုးအဆက် မပြတ်ရွာသွန်းခဲ့တာကြောင့် ရေကြီးရေလျှံဖြစ်ခဲ့ပါတယ်။
အဲဒါကြောင့် တောင်သူလယ်သမားတွေဟာ စပါးစိုက်ပျိုးချိန်မှပျိုးပင်ကာလထိ မိုးအဆက်မပြတ်ရွာသွန်းလို့ ရေ ကြီးပြီးစပါးပင်တွေရှင်သန်မှုအားနည်းတာမို့ဓာတ်မြေသြဇာအချိန်မီထည့်ပေးဖို့ လိုအပ်နေတာလို့ လယ်သမားတွေကဆိုကြပါတယ်။
“။ဒီနှစ်မှာ လယ်လုပ်ရတာအခက်အခဲတွေအများကြီးရှိပါတယ်။စပါးတွေရောင်းမကောင်းဘူး။အဲဒီစပါးတွေကို စိုက်ပျိုးဖို့အရင်းအနှီးမရှိဘူး။မြေဆီဝယ်ဖို့အခက်အခဲ။လယ်ထွန်ဖို့အတွက် စက်ဆီဝါ်ဖို့အတွက်လည်းအခက်အခဲ။ကျနော်တို့တောင်သူတွေအတွက်အ များကြီးအခက်အခဲရှိပါတယ်။အလုပ် သမားကနေ့စားယောကျ်ားတယောက်ကိုတရက်မှာနှစ်သောင်းပေးရပါတယ်။မိန်းမက တသောင်းခွဲပေးရပါတယ်။မြေဆီတွေကတော့ နှစ်သိန်းရှစ်သော င်း၊သုံးသိန်းလောက်စျေးရှိပါတယ်။မြေဆီအဖြူတွေ ဒီမှာအမြဲတမ်းသုံးနေတဲ့မြေဆီတွေဆိုရင် ကာလပေါက်စျေးသုံးသိန်းနှစ်သောင်းလောက်ရှိပါတယ်။ ဒီနှစ်တွေမှာဆိုရင် အရမ်းအခက်အခဲဖြစ်ပါတယ်။” လို့ မင်းပြားမြို့နယ်မှ လယ်သမားတဦးက Border News Agency ကိုပြောပါတယ်။
အာရက္ခဒေသမှာ စပါးစိုက်လယ်ယာမြေဧက တဆယ့်နှစ်သိန်းကျော်ရှိပေမယ့် ထွန်ယက်စိုက်ပျိုးနေကြတဲ့လယ်ယာမြေတွေဟာ ထက်ဝက်ပင်မရှိနိုင်ဘူးလို့ တောင်သူလယ်သမားတွေက ခန့်မှန်းထားကြပါတယ်။
အဲဒီလိုစပါးစိုက်လယ်ယာမြေပမာဏ လျော့နည်းသွားတာဟာ လယ်ယာလုပ်ငန်းသုံး သွင်းအားစုစျေးကြီးတာ၊ အလုပ်သမားခစျေးမြင့်တာ၊ လယ်ယာထွက် စပါးနဲ့ဆန်တွေ ရောင်းမထွက်တာ၊ဒေ သမတည်ငြိမ်တာတွေကြောင့်ဖြစ်တယ်လို့လည်း တောင်သူလယ်သမားတွေကဆိုကြပါတယ်။
“ဧကအနေနဲ့ဆိုရင်လည်း အများကြီးလျော့ကျသွားတယ်။နှစ်တိုင်းစိုက်ဧကခုနှစ်ရာကျော်လောက်စိုက်ပါတယ်။ဒီနှစ်မှာတော့ ဧကသုံးရာလောက်ပဲစိုက်တယ်။ဧကလေးရာလောက်လျော့သွားတယ်။ဘာလို့လဲဆိုတော့… စပါးစျေးနှုန်းမရှိတာတွေ၊လယ်သမားတွေမှာ အလုပ်သမားစာရိတ်မြင့်တယ်။ ပြီးတော့ မြေဆီ၊မြေသြဇာတွေစာရိတ်ကလည်း တော်တော်မြင့်တယ်။စပါးထွက်နှုန်းကမကောင်းဘူး။ကျနော်တို့ဖက်က ပင်လယ်နဲ့နီးတော့ စပါးအထွက်နှုန်းနည်းလာတယ်။ ဒီအလုပ်သမားစာရိတ်နဲ့စပါးစိုက်တဲ့အခါမှာ ကုန်ကျစာရိတ်နဲ့စပါးစျေးနဲ့ စပါးစိုက်နှုန်းနဲ့မညီမျှဘူး။အဲဒါကြောင့် လယ်သမားဆွေစပါးမစိုက်တော့ဘူး။စပါးစိုက်ရင်ရှုံးတယ်။ အဲဒါကြောင့် စပါးစိုက်တဲ့သူတွေ တော်တော်လေးလျော့သွားတယ်။” လို့အာရက္ခဒေ သမှ လယ်သမားတဦးက Border News Agency ကို ပြောပါတယ်။
တောင်ကုတ်၊ကျောက်တော်၊ပုဏ္ဏားကျွန်း၊မြောက်ဦး၊မင်းပြား၊ဘူးသီးတောင်၊မောင်တောနဲ့ရသေ့တောင်စတဲ့မြို့နယ်တွေမှာဇွန်လမှဇူလိုင်လထိ မိုးအဆက် မပြတ်ရွာသန်းခဲ့တာကြောင့် ရေကြီးရေလျှံဖြစ်ကာ လယ်သမားတွေမှာ မိုးစပါးတွေပျက်စီးခဲ့ကြရပါတယ်။
အာရက္ခပြည်သူ့အစိုးရကလည်း ရေ ဘေးကြောင့် စပါးပျက်စီးသွားခဲ့ရတဲ့ တောင်သူတွေအတွက် မျိုးစပါးတွေထောက်ပံ့ပေးနေတယ်လို့ လယ်သမားတွေကဆိုကြပါတယ်။
“အာရက္ခပြည်သူအစိုးရကတော့ ကူညီတာတွေရှိပါတယ်။မျိုးစပါးပေးတယ်။လယ်သမားတဦးကို လေးတောင်းအိတ်နှစ်အိတ်ပေးပါတယ်၊ရှစ်ထောင်းပါ။ တခြားဟာတွေတော့ မပေးသေးပါဘူး။မျိုးစပါးတွေ အရောမပါပဲ သန့်သန့်လေးပေးရင်ကျနော်တို့ တောင်သူတွေကကြိုဆိုပါတယ်။အဲဒီလိုပေးစေချင်ပါတယ်။ကျနော်တို့တောင်သူတွေက အမြဲတမ်းအခက်အခဲရှိပါတယ်။” လို့ လယ်သမားတဦးက ပြောပါတယ်။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝ င်တဆယ်ငါးမြို့နယ်ကို အပြီးသတ်သိ မ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တ ရားတွေဖော်ဆောင်နေပါတယ်။
အာရက္ခပြည်သူ့အစိုးရဟာ လယ်သမားတွေကို မျိုးစပါးထောက်ပံ့တာ၊မျိုးစ ပါးတွေဝယ်တာ၊မြေသြဇာတွေကို စျေးအတန်နဲ့ရောင်းချပေးတာတွေရှိတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။
ဒါပေမယ့် လယ်သမားတွေအတွက် စပါးစျေးကွက်တွေမရှိတာမို့ အာရက္ခပြည်သူ့အစိုးရအနေနဲ့ စျေးကွက်တွေဖော်ဆောင်ပေးစေချင်တယ်လို့ လယ် သမားတွေက ဆိုကြပါတယ်။
“အာရက္ခပြည်သူ့အစိုးရ က ဓာတ်မြေသြဇာတွေကို စျေးပေါ့ပေါ့နဲ့လုပ်ပေးတာတွေတော့ရှ်ိပါတယ်။ ဒါပေမယ့် ထင်သလောက်တော့မဟုတ်ဘူး။ ပေါ့ပေါ့ ပါးပါးလည်းမဟုတ်ဘူးပေါ့။သူတို့လုပ်ပေးတာကလည်း ထင်သလောက်မဖြစ်ဘူး။ စျေးကလည်း လယ်သမားတွေအ ဆင်ပြေစေနိုင်လောက်တဲ့ စျေးမဟုတ်ဘူး။ ပြီးတော့ ဓာတ်မြေသြဇာတွေကို လွယ်လွယ်ကူကူ စျေးပေါ့ပေါ့နဲ့ သုံးနိုင်အောင် အစိုးရအနေနဲ့ လုပ်ပေးရမယ်။လယ်ယာလုပ်ငန်းနဲ့ ပြောချင်တာက လယ်သမားတွေအတွက် စျေးကွက်ဖော်ဆောင်ပေးရပါမယ်။လယ်သမားတွေလုပ်နိုင်အောင်ပေါ့။” လို့ အာရက္ခဒေသရှိ လယ်သမားတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခဒေသက ရေဘေးသင့်ပြည်သူတွေဟာနိုင်ငံတကာလူသားချင်းစာနာထော က်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွစတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှ စ်ကလည်း ရေကြီး၊ ရေလျံမှုတွေကြောင့် လယ်ယာမြေဧကသောင်းနဲ့ချီပြီးပျ က်စီးသွားခဲ့တယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။