Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် စစ်ရေး သတင်း အာရက္ခဒေသ

ကျောက်ဖြူတိုက်ပွဲ အလွန်ပြင်းထန်နေ

Photo - AA

Photo - AA

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
22
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်ဖြူ၊ သြဂုတ် ၁၇။

ကျောက်ဖြူမြို့နယ်မှာ သြဂုတ်လ ၁၇ ရက်နေ့ကစတင်ပြီး အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ကြား တိုက်ပွဲတွေအလွန်ပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်က အာရက္ခတပ်တော်ဆုတ်ပေးလိုက်တဲ့နေရာတွေကိုအာရက္ခတပ်တော်ကပြန်လည်ထိုးစစ်ဆင်တိုက်နေသလို စစ်ကော်မရှင်တပ်ကလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ နှစ်ဘက်ထိတွေတိုက်ပွဲတွေအလွန်ပြင်းထန်နေတာလို့ ဆိုကြပါတယ်။

“တပ်တော်ကဆုတ်ပေးလိုက်တဲ့နေရာတွေကိုပြန်တိုက်နေတာပါ။စစ်တပ်ကလည်းပစ်ကူတွေ၊အင်အားတွေအများကြီးသုံးပြီးထိုးစစ်ဆင်နေပါတယ်။တိုက်ပွဲကတအားပြင်းနေတာပါ။ နေရာတော်တော်များများမှာဖြစ်နေတာပါ။” လို့ မြေပြင်သတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်၊ လိပ်ခမော်၊ ရွာသစ်၊ ပြင်ရှည်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ ပျားတဲ၊ သပြုတောင်၊ ကပ်သေပြေ၊ ရှောက်ချောင်း၊ စည်မော်စတဲ့ကျေးရွာတွေအနီးမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ အလွန်ပြင်းထန်နေတာလို့ ဆိုကြပါတယ်။

အဲဒီနေရာတွေကို စစ်ကော်မရှင်ရေတပ်က လက်နက်ကြီး၊ဒရုန်းပစ်ကူတွေအ များအပြားပေးနေသလို စစ်သည်အများအပြားသုံးခုခံနေတာမို့ အာရက္ခတ ပ်တော်ကလည်း အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်ရှိစစ်ကော်မရှင်တပ်ရဲ့ဓညဝတီရေတပ်ဌာနချုပ်ကို ကုန်းကြောင်းထောက်ပို့လမ်းကြောင်းပွင့်အောင် သစ်ပုတ်တောင်လမ်းဆုံကို စစ်ကော်မရှင်တပ်က ထိန်းချုပ်စိုးမိုးနိုင်ဖို့အစွမ်းကုန်ကြိုးစားထိုးစစ်ဆင်နေတာလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

“အဓိကတော့ စစ်တပ်အားလုံးကို ကုန်းကြောင်းဆက်သွယ်ရေးလမ်းကြောင်းပေါက်အောင်ထိုးစစ်ဆင်နေတာပါ။အ ဓိကတော့ ဓညဝတီရေတပ်ဌာနချုပ်ကိုကာကွယ်နိုင်ဖို့အတွက် သစ်ပုတ်တောင်လမ်းဆုံကိုထိန်းချုပ်ဖို့ထိုးစစ်ဆင်နေတာပါ။တပ်တော်ကအဓိကနေရာတွေကိုဖြတ်တောက်ထိန်းချုပ်ထားပါတယ်။” လို့မြေပြင်သတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ဇွန် လဆန်းကတည်းက တိုက်ပွဲတွေပြင်း ထန်နေခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်က စစ်သည်၊လက်နက်အင်အားဖြည့် တင်းတာတွေ မကြာခဏလုပ်နေခဲ့တာပါ။

ဒါပေမယ့်သြဂုတ်လဒုတိယအပတ်မှာစစ်သင်္ဘောတွေသုံးပြီး စစ်သည်အင် အားငါးရာခန့်အပြင် တင့်ကားတဆယ့်ငါးစီးလည်း ထပ်မံဖြည့်တင်းခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

တရုတ်စီမံကိန်းတွေရှိနေတဲ့ ကျောက်ဖြူမြို့နယ်ကလက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေ၊ နေရာတွေကို စစ်ကော်မရှင်တပ်က ကြည်း၊ ရေ၊ လေပူးပေါင်းပြီးတန်ပြန်ထိုးစစ်ဆင်နေတာပါ။

ကျောက်ဖြူမြို့မှ ဓညဝတီရေတပ်ဌာန ချုပ်သို့သွားတဲ့ ကားလမ်းတလျှောက်ရှိ ပြိုင်းစေ့ကေ၊မင်းတက်တောင်၊စက်မှုလက်မှုသင်တန်းကျောင်း၊ပြားတဲရွာ၊OGTအနီးရှိ လိပ်ခမော်ရွာကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။

ဒါပေမယ့် လိပ်ခမော်နဲ့ပြားတဲကို စစ်ကော်မရှင်တပ်က တန်ပြန်ထိုးစစ်ဆင်လာတာမို့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် ကျောက်ဖြူစစ်မျက်နှာမှာ စစ်တွေမြို့မှစစ်သည်အင်အားမကြာခဏဖြည့်တင်းပြီး စစ်မှုထမ်းသင်တန်း ဆင်းတပ်သားသစ်တွေကိုလည်း အသုံးပြုနေသလို စစ်မှုထမ်းသင်တန်းဆ င်းတွေအများစုပါဝင်နေတယ်လို့ မြေပြ င်သတင်းရင်းမြစ်တွေက ဆိုကြပါတ ယ်။

စစ်ကောင်စီတပ်ဟာ ရေတပ်စစ်သ င်္ဘောကြီးတွေကို အသုံးပြုပြီး ဒရုန်းကင်းထောက်တာတွေ၊လက်နက်ကြီးပစ်ကူတွေကိုအားကိုးပြီး စစ်သည်အင် အားအလွန်အကျွံသုံးထိုးစစ်ဆင်နေတာလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

“စစ်ကော်မရှင်တပ်မှာနည်းပညာတွေမြင့်လာပါတယ်။ဒရုန်းတွေအဆင့်မြင့်လာပါတယ်။နေဗီတွေကဒရုန်းတွေလွတ်ပြီးကင်းထောက်ပါတယ်။ပြီးရင်လက်နက်ကြီးပစ်ကူတွေ၊လေကြောင်းပစ်ကူတွေအများကြီးသုံးပါတယ်။တပ်တော်ကဆု တ်ပေးလိုက်ရင် စစ်သားတွေအများကြီးသုံးပြီးမြေပြင်ထိုးစစ်ဆင်ပါတယ်။ တပ်တော်ကဆုတ်ပေးလိုက်ရတဲ့နေရာတချို့လည်းရှိပါတယ်။” မြေပြင်သတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်မှာအာရက္ခတ ပ်တော်နဲ့စစ်ကော်မရှင်ကြားတိုက်ပွဲတွေမကြာခဏဖြစ်နေပေမယ့် စစ်ကော်မရှင်တပ်က စစ်သည်၊ လက်နက်အင်အားအများဆုံးသုံးထိုးစစ်ဆင်လာသလိုပစ်ကူအင်အားတွေကို အများဆုံးပေးနေတာမို့ တိုက်ပွဲတွေ အလွန်ပြင်းထန်လာတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် အာရက္ခတပ်တော်က အင် အားအများအပြားသုံးပြီးထိုးစစ်ဆင်တာတွေမပြုလုပ်သေးဘဲ စစ်ကော်မရှ င်ထိုးစစ်ဆင်လာတာတွေကိုသာ အဆု တ်၊အတက်ပြုလုပ်ခံစစ်ကစားခုခံတိုက်ခိုက်နေတုန်းပဲလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒါကြောင့် နှစ်ဘက်စစ်သည်တွေ ထိခိုက်မှုတွေများနေကြပြီး စစ်ကော်မရှင်တပ်ကအရာရှိကြီးတွေထိသေဆုံးဒဏ်ရာရအဖမ်းခံရတာတွေမကြာခဏရှိနေပေမယ့် စစ်ကော်မရှင်တပ်က စစ်သည်၊ လက်နက်အင်အားတွေ မကြာခဏဖြည့်တင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်မှာ တရုတ်အကျိုးစီးပွားတွေရှိနေတာမို့ စစ်ကော်မရှင်တပ်က စစ်သည်ထောင်၊ သောင်းချီအသေခံပြီးခုခံကာကွယ်နေမှာမို့ အာရက္ခတပ်တော်ကအပြီးသတ်သိမ်ပိုက်နိုင်ဖို့အတွက်အချိန်ယူထိုးစစ်ဆင်ကာစစ်သည်အများအပြားပေးဆက်တိုက်ခိုက်ရမယ်လို့ စောင့်ကြည့်လေ့လာသူတွေကဆိုကြပါတယ်။

PrevPreviousမိုးကုတ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးအပါအဝင်နှစ်ဦးသေဆုံး
Nextရေကြီးလို့ ပျက်သွားတဲ့စပါးခင်းအများစုကို လယ်သမားတွေ ပြန်မစိုက်နိုင်ကြNext
Previous Post

မိုးကုတ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးအပါအဝင်နှစ်ဦးသေဆုံး

Next Post

ရေကြီးလို့ ပျက်သွားတဲ့စပါးခင်းအများစုကို လယ်သမားတွေ ပြန်မစိုက်နိုင်ကြ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ထိုင်းဆုန်ခရန် ပထမ ၄ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၅၀ ကျော် သေဆုံး

April 16, 2026

အပစ်ရပ်ထားပေမယ့် အရှေ့အလယ်ပိုင်းသို့ အမေရိကန်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော် ထပ်မံစေလွှတ်

April 16, 2026
Photo-BNA

​မီဇိုရမ်မှာ အခန်းပိတ်မီးလှုံရာမှ မြန်မာမိန်းကလေးတဦး အသက်ရှူကျပ်သေဆုံး

April 16, 2026

စစ်ကော်မရှင်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် လူငယ် ၅ သိန်းခန့် နိုင်ငံတွင်းကနေ ထွက်ခွာ

April 15, 2026

​ထိုင်းဆုန်ခရန် ပထမ ၄ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၅၀ ကျော် သေဆုံး

အပစ်ရပ်ထားပေမယ့် အရှေ့အလယ်ပိုင်းသို့ အမေရိကန်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော် ထပ်မံစေလွှတ်

​မီဇိုရမ်မှာ အခန်းပိတ်မီးလှုံရာမှ မြန်မာမိန်းကလေးတဦး အသက်ရှူကျပ်သေဆုံး

စစ်ကော်မရှင်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် လူငယ် ၅ သိန်းခန့် နိုင်ငံတွင်းကနေ ထွက်ခွာ

အမေရိကန် – အီရန် ဆွေးနွေးပွဲပြန်စဖို့ ပါကစ္စတန်စစ်ဗိုလ်ချုပ်ကြီးတဟီရန်သို့ ရောက်နေ

စစ်ကော်မရှင်တပ်က နည်းပညာကိုလက်နက်လိုအသုံးချပြီး ပြည်သူကိုနှိပ်ကွပ်နေတယ်လို့ ဦးကျော်မိုးထွန်းဆို

Releated Post

​ထိုင်းဆုန်ခရန် ပထမ ၄ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၅၀ ကျော် သေဆုံး

April 16, 2026

အပစ်ရပ်ထားပေမယ့် အရှေ့အလယ်ပိုင်းသို့ အမေရိကန်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော် ထပ်မံစေလွှတ်

April 16, 2026
Photo-BNA

​မီဇိုရမ်မှာ အခန်းပိတ်မီးလှုံရာမှ မြန်မာမိန်းကလေးတဦး အသက်ရှူကျပ်သေဆုံး

April 16, 2026

စစ်ကော်မရှင်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် လူငယ် ၅ သိန်းခန့် နိုင်ငံတွင်းကနေ ထွက်ခွာ

April 15, 2026

အမေရိကန် – အီရန် ဆွေးနွေးပွဲပြန်စဖို့ ပါကစ္စတန်စစ်ဗိုလ်ချုပ်ကြီးတဟီရန်သို့ ရောက်နေ

April 15, 2026
​Photo-NUG

စစ်ကော်မရှင်တပ်က နည်းပညာကိုလက်နက်လိုအသုံးချပြီး ပြည်သူကိုနှိပ်ကွပ်နေတယ်လို့ ဦးကျော်မိုးထွန်းဆို

April 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page