Border News Agency
ပုဏ္ဏားကျွန်း၊ သြဂုတ် ၂၀။
အာရက္ခတပ်တော်(AA)က ပုဏ္ဏားကျွန်းမြို့နယ်ကို သိမ်းပိုက်ပြီးနောက် ပြန်နေကြတဲ့ပုဏ္ဏားကျွန်းဒေသခံတွေဟာ ပြန်ပြီးတိမ်းရှောင်နေကြရတာမို့ စားဝတ် နေရေးအကူအညီတွေ လိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
သူတို့ဟာ နေရာထိုင်ခင်းတွေ၊ အမိုးအကာတွေ၊ ချက်ပြုတ်စားသောက်ဖို့စားနပ်ရိက္ခာတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေတာလို့ ပုဏ္ဏားကျွန်းဒေ သခံတွေက ဆိုကြပါတယ်။
“အရင်ကနေထိုင်ခဲ့တဲ့စစ်ရှောင်စခန်းမှာ နေအိမ်တွေမရှိတော့ပါဘူး။စခန်းမှာကစစ်ရှောင်တွေတိုးလာတော့ထွက်သွားတဲ့အိမ်တွေမှာအစားထိုးပြီးထပ်ထားတာပါ။နွေရာသီဆိုရင်တောင် သ စ်ပင်တွေအောက်ယာယီတဲလေးထိုးပြီးနေလို့ရပါတယ်။ခုကမိုးရာသီဆိုတော့ နေထိုင်ဖို့လုံးဝအဆင်မပြေပါဘူး။ဒါကြောင့်ကူညီထောက်ပံ့တာတွေလိုအပ်ပါတယ်။” လို့ ပုဏ္ဏားကျွန်းဒေသခံအ မျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီသူတွေဟာ ယာယီနေထိုင်းကြမယ့်နေအိမ်အဆောက်အအုံတွေလည်းမရှိကြသေးတာမို့ အရေးပေါ်အကူအညီတွေ လိုအပ်နေကြတာလို့ ဆိုကြပါတယ်။
အဲဒီနေရာတွေဟာ ယာယီနေအိမ်တွေဆောက်ဖို့အတွက် ပစ္စည်းတွေစျေးကြီးသလိုဝင်ငွေမရှိကြတာမို့ နိုင်ငံတကာအသိုင်းအဝန်းက ကူညီပေးကြစေချင်တယ်လို့ ဆိုကြပါတယ်။
“လတ်တလောစစ်ရှောင်လာရတော့စားသောက်ဖို့အတွက်အခက်အခဲရှိပါတ ယ်။နှစ်ကြိမ်တောင်စစ်ရှောင်ရပြီးပါပြီ။ပြောင်းရွေ့တဲ့ခရီးစာရိတ်ကလည်းများပါတယ်။မိုးရာသီအလုပ်လည်းမရှိတော့စားဝတ်နေရေးအကူအညီလိုအပ်ပါတယ်။” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှစစ်ဘေးရှောင်အမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိကျေးရွာတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ် ခတ်တာတွေ၊လေကြောင်းတိုက်ခိုက်တာတွေ မကြာမခပြုလုပ်နေတာမို့ ကျေးရွာတချို့ယာယီတိမ်းရှောင်နေကြပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့မြို့နယ်တွေအပါအဝင် ခြောက်ဆယ်သုံးမြို့နယ်ကို စစ်ကော်မရှင်က အရေးပေါ်အခြေအနေကြေညာထားပါတယ်။
အဲဒီနောက်စစ်ကော်မရှင်တပ်က အင်အားဖြည့်တင်းတာတွေ၊စစ်ရေးလှုပ်ရှားတာတွေပိုမိုလုပ်နေတာမို့ ပုဏ္ဏားကျွန်းဒေသခံတွေ ကြိုတင်စစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာရက္ခတပ်တော်ကညစတင်ထိုးစစ်ဆင်ခဲ့ပြီး မတ်လ ၄ ရက်နေ့မအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် စစ်ကော်မရှင်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်အနီးမှာစစ်ရေးလှုပ် ရှားတာတွေ ပိုမိုပြုလုပ်နေသလိုရေတ ပ်စစ်သင်္ဘောတွေလည်း ပိုမိုများလာတ ယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေ ဆိုကြပါတယ်။
Comments 1
Simply desire to say your article is as surprising The clearness in your post is simply excellent and i could assume you are an expert on this subject Fine with your permission let me to grab your feed to keep up to date with forthcoming post Thanks a million and please carry on the gratifying work