Border News Agency
ပန်းဆန်း၊ သြဂုတ် ၂၀။
“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မ တော်(UWSA)ဌာနချုပ်တည်ရှိတဲ့ပန်းဆန်းမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တချို့အစည်းအဝေးတွေပြုလုပ်ခဲ့ကြတယ်လို့ သြဂုတ်လ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမှာ မြန်မာအမျိုးသားဒီမိုကရေတစ် မဟာမိတ်တပ်မတော် (MNTJP/MND AA)၊ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (PSLF/TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်မြောက်ပိုင်း(SSPP/SSA)မှ ကိုယ် စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီမှာ “ဝ” ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်(UWSA)မှာ ဘယ်လက်နက်ကိုင်ကိုမဆိုလက်နက်တွေ၊ငွေ ကြေးတွေ၊တခြားအကူအညီတွေမပေးဖို့ဆုံးဖြတ်ခဲ့သလို တက်ရောက်လာသူတွေကိုလည်း အသိပေးခဲ့တယ်လို့ ဆိုပါတယ်။