Border News Agency
မွန်ပြည်၊ သြဂုတ် ၂၄။
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ရာမညမွန်တပ်တော် RMA မှ အပတ်စဉ် ၅ အခြေခံစစ်သင်တန်းသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့တယ်လို့ သြဂုတ်လ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို သြဂုတ်လ ၂၀ ရက်နေ့က လွတ်မြောက်နေမြေတနေရာမှာ ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီသင်တန်းကာလတလျှောက် ထူးချွန်တဲ့စွမ်းရည်ကိုပြသခဲ့ကြတဲ့ ရဲဘော်တွေကိုဂုဏ်ပြုလွှာတွေပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို ရာမညမွန်တပ်တော်(RMA)မှ ဒုဗိုလ်မှူးကြီးနိုင်မာဃနဲ့ မဟာမိတ်ပျံလွှားစစ်ကြောင်းမှ စစ်ကြောင်းမှူးပျံလွှားတို့တက်ရောက်ပြီးခွန်အားပြည့် မိန့်ခွန်းတွေပြောကြားခဲ့တယ်လို့ဆိုပါတယ်။