Border News Agency
ကရင်ပြည်၊ ဩဂုတ် ၂၅။
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ထိန်းချုပ်နယ်မြေအတွင်းအထူးဒေသ ၁ ရဲတပ်ဖွဲ့ သိမ်းဆည်းရမိထားတဲ့ တရားမဝင်သေနတ်လေးရာခုနှစ်ဆယ်ခြောက်လက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သြဂုတ်လ ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီသေနတ်တွေထဲက အလက်နှစ်ရာကိုဥပဒေနဲ့အညီတရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်တရားမဝင်သေနတ်လေးရာခုနှစ်ဆယ်ခြောက်လက်ကို အလုပ်အဖွဲ့ရဲ့ကြီးကြပ်မှုနဲ့စုပေါင်းဖျက်ဆီးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီ တရားမဝင်လက်နက်ခဲယမ်းတွေဖျက်ဆီးတဲ့အခမ်းအနားကို ဩဂုတ် ၂၁ ရက်နေ့က ကျင်းပခဲ့တာလို့ဆိုပါတယ်။
ကိုးကန့်ဒေသမှာ လက်နက်နဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေကို ပြင်းထန်စွာနှိမ်နင်းဖို့နဲ့လက်နက်ဆိုင်ရာ စီမံခန့်ခွဲမှုအားကောင်းစေဖို့၊နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ရည်ရွယ်ပြီး အထူးစစ်ဆင်ရေးတရပ်အနေနဲ့လုပ်ဆောင်တာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း စုစုပေါင်း တရားမဝင် သေနတ် ခြောက်ရာခုနှစ်ဆယ်ခြောက်လက်ရထားတယ်လို့ဆိုပါတယ်။