Border News Agency
ဘူးသီးတောင်၊ ဩဂုတ် ၂၅ ။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံရွာဖြစ်စဥ်ကို ကွင်းဆင်းစုံစမ်းစစ်ဆေးခွင့်ရအောင်စီစဉ်ပေးဖို့ မြန်မာနိုင်ငံဆိုင် ရာအထူးအကြံပေးကောင်စီ(SAC) ဩဂုတ်လ ၂၅ ရက်၊ဒီနေ့တောင်းဆိုလိုက်ပါတယ်။
မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်၊ဩ ဂုတ်လ ၂၅ ရက်နေ့က မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက်ထွ က်ပြေးခဲ့ကြရတဲ့ နှစ်ပတ်လည်နေ့ထု တ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆိုထားတာပါ။
“လွတ်လပ်တဲ့နိုင်ငံတကာစုံစမ်းစစ် ဆေးရေးအဖွဲ့တွေ ရခိုင်ပြည်နယ်ထဲဝင်ရောက်ပြီး စွပ်စွဲထားတဲ့ရက်စက် ကြမ်း ကြုတ်မှုတွေကို စုံစမ်းစစ်ဆေးခွင့်ရ အောင်စီစဉ်ပံ့ပိုးပေးဖို့နဲ့ သူတို့နဲ့အပြည့် အဝ ပူးပေါင်းဆောင်ရွက်ဖို့ လက်တွေ့တရားဝင်အုပ်ချုပ်သောအာဏာပိုင်ဖြစ်တဲ့ အာရက္ခတပ်တော်ကို ကျွန်မတို့ထပ်ပြီးတောင်းဆိုပါတယ်။” လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC)ရဲ့ အထူးအကြံပေးမစ္စက်ယန်ဟီးလီက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာမှာ ၂၀၂၄ ခုနှစ်၊ မေလကအမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်အပါအဝင်အရပ်သားခြောက်ရာခန့်ကို အာရက္ခတပ်တော်က အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက စွပ်စွဲနေကြတာပါ။
အာရက္ခတပ်တော်အပါအဝင် မောင်တောခရိုင်မှမူဆလင်တွေကတော့ သတင်းအမှားသာဖြစ်ပြီး သေဆုံးတဲ့သူတွေဟာ မြန်မာစစ်သားတွေသာဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။
မြန်မာ -ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘူးသီးတောင်၊မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်၊ဩဂုတ်လက မြန်မာစစ်တပ်ရဲ့နယ် မြေရှင်းလင်းမှုစစ်ဆင်ရေးကြောင့် လူပေါင်းခုနှစ်သိန်းငါးသောင်းခန့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့ကြရပါတယ်။
နောက်ပြီး အာရက္ခတပ်တော်နဲ့စစ်ကော် မရှင်တပ်ကြား ၂၀၂၄ ခုနှစ်က တိုက်ပွဲတွေကြောင့် နောက်ထပ်လူပေါင်းတသိ န်းငါးသောင်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုကြပါတ ယ်။
မြန်မာစစ်တပ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက ရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့လူမျိုးသုဉ်းသတ်ဖြတ်အကြမ်းမှုကျူးလွန်ခဲ့ပေမယ့် မြန်မာစစ်တပ်က တော့ ဒီနေ့ထိ ကင်းလွတ်ခွင့်ရနေသေးတယ်လို့လည်း ဆိုပါတယ်။
“ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်သူတွေနဲ့ ကြိုးကိုင်အမိန့်ပေးသူတွေဖြစ်တဲ့ မြန်မာစစ်တပ်ဟာ ဒီနေ့ထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်အပြည့်နဲ့ လု ပ်ချင်ရာလုပ်လို့ရနေတုန်းပါပဲ။အရင်က ရိုဟင်ဂျာပြည်သူတွေ ကြုံခဲ့ရတဲ့ အခြေအနေဆိုးတွေကို ခုတနိုင်ငံလုံးမှာ ကြုံ တွေ့ နေရတယ်။” လို့ SAC ရဲ့အထူးအကြံပေးမာဇူကီဒါရုစ်မန်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC)ကတော့ ရိုဟင်ဂျာတွေအရေးဘယ်တော့မှ မေ့ပျောက်လို က်မှာမဟုတ်ဘဲ တရားမျှတမှုရရှိရေး အမြဲအားပေးပံ့ပိုးသွားမယ်လို့ ကတိပြုကြောင်းလည်း ဖော်ပြထားပါတယ်။