Border News Agency
ပလက်ဝ၊ဩဂုတ် ၂၆။
ပလက်ဝမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့စစ်သုံ့ပန်းတွေနဲ့သူတို့မိသားစုဝင်တွေကိုသြဂုတ်လ ၂၅ ရက်၊မနေ့က အာရက္ခတပ်တော်ကလွတ်ပေးလိုက်ပါတယ်။
အာရက္ခတပ်တော်ဟာ လူသားချင်းစာ နာထောက်ထားတဲ့အနေနဲ့ ကိုးကြိမ်မြောက်မှာ အိမ်ထောင်စုဆယ့်ငါးစုမှ မိသားစုဝင်လေးဆယ်လေးဦးကို လွှတ် ပေးလိုက်တာပါ။
အဲဒီပလက်ဝတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့စစ်သုံ့ပန်းတွေနဲ့သူတို့မိသားစုဝ င်တွေကို ဥပဒေနဲ့အညီစောင့်ရှောက်ထားသူတွေထဲက တချို့ကို ပြန်လွတ်ပေးလိုက်တာပါ။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်မှာအပါ အဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
အဲဒီမြို့သိမ်းတိုက်ပွဲတွေမှာစစ်ကော်မ ရှင်တပ်ဖွဲ့ဝင်တွေ၊မိသားစုဝင်တွေအပါ အဝင်တသောင်းကျော်ထိ အာရက္ခတပ်တော်ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုကြပါတယ်။