Border News Agency
မင်းတပ်၊ သြဂုတ် ၂၆။
ချင်းပြည်၊ မင်းတပ်မြို့နယ်မှာ လေးနှစ်အတွင်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဆယ်သေဆုံးပြီး တရာ့နှစ်ဆယ်ဒဏ်ရာရသွားတယ်လို့ မင်းတပ်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှသြဂုတ်လ ၂၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီသေဆုံးဒဏ်ရာရစာရင်းဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှ ၂၀၂၅ ခုနှစ် မေလ ၈ ရက်နေ့ထိ၊လေးနှစ်အတွင်းဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီမင်းတပ်မြို့နယ်ကို စစ်ကော်မရှင်တပ်ကလေကြောင်းမှတရာ့ခုနှစ်ဆယ်ခြောက်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေသုံးရာကျော်အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်တာတွေကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ အမျိုးသမီးတွေ၊ကလေးသူငယ်တွေအပါ အဝင်အရပ်သားစုစုပေါင်းလေးဆယ်သေဆုံးခဲ့ပြီးတရာ့နှစ်ဆယ်ဒဏ်ရာရသွားတာလို့ဆိုပါတယ်။
အဲဒီအပြင် နေအိမ်တရာ့ခုနှစ်ဆယ်နှစ်လုံး၊စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်း၊အစိုးရအဆောက်အဦလေးဆယ်၊ဘု ရားကျောင်း၊ဘုန်းကြီးကျောင်းတဲ့ ဘာ သာရေးအဆောက်အဦးဆယ့်ရှစ်ခုထိပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပျက်စီးမှုစာရင်းဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှဒီဇင်ဘာလ ၂၁ ရက်နေ့ထိ မင်းတပ်မြို့သိမ်းတိုက်ပွဲကာလအတွင်းလေကြောင်းတိုက်ခိုက်တာတွေကြောင့် ပျက်စီးဆုံးရှုံးတာတွေကို ထည့်သွင်းထားတာမရှိသေးဘူးလို့ဆိုပါတယ်။
မြန်မာပြည်အနှံ့ရှိ အရပ်သားပြည်သူတွေ၊ ဘာသာရေးအဆောက်အအုံတွေအပါအဝင် အရပ်ဖက်နေရာတွေကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်လာတာတွေနေ့စဥ်ရက်ဆက်ကျူးလွန်နေပါတယ်။
Comments 4
https://httpbin.org/redirect-to?status_code=308&url=https://electronic-vignette.cz/nl
http://www.webclap.com/php/jump.php?url=https://electronic-vignette.cz/it
https://httpbin.org/redirect-to?status_code=308&url=https://sk-digital-vignette.com/de
https://www.adminer.org/redirect/?lang=en&url=https://sk-digital-vignette.com/pl