Border News Agency
တနင်္သာရီတိုင်း၊သြဂုတ် ၂၆။
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်လာတဲ့ စစ်ကော်မရှင်တပ်ယာဥ်တန်းကြားဖြတ်တိုက်ခိုက်ခံရလို့စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဆယ်သေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ သြဂုတ်လ ၂၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအပြင်အများအပြားဆုတ်ခွာထွက် ပြေးသွားကြတယ်လို့လည်းဆိုပါတယ်။
ဘုတ်ပြင်းမြို့ဘက်မှလာတဲ့စစ်ကားသုံးစီးပါယာဥ်တန်းကို သြဂုတ်လ ၂၅ ရက်၊ မနေ့ကကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်က ထောင်ယွန်းကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်တာကြောင့် စစ်ကော် မရှင်တပ်က G2 အဆင့်ဗိုလ်မှူးအပါအ ဝင်နှစ်ဆယ်ထက်မနည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဘုတ်ပြင်းဘက်ကို အများအပြားပြန်ဆုတ်ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။