Border News Agency
မြောက်ဦး၊ ဩဂုတ် ၂၇ ။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို ဩဂုတ်လ ၂၅ ရက်နေ့ညက စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ဒဏ်ရာရသူတွေထဲထပ်ပြီးနှစ်ဦးသေဆုံးသွားတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဩဂုတ်လ ၂၅ ရက်နေ့ည ၁၁ နာရီကျော်အချိန်က ဒိုင်းကျီရပ်ကွက်ကို ပေါင်ငါးရာဗုံးနှစ်လုံးပ စ်ခတ်ခဲ့လို့ အရပ်သားဆယ့်နှစ်ဦးသေ ဆုံးခဲ့ပါတယ်။
အဲဒီအပြင်နှစ်ဆယ်ဦးဒဏ်ရာရရှိခဲ့ပြီးအရေးပေါ်ဆေးကုသမှုခံယူနေကြသူတွေထဲက အသက်ခုနှစ်နှစ်အရွယ်က လေးတဦးနဲ့အသက်သုံးဆယ်နှစ်နှစ်အ ရွယ်အမျိုးသမီးတဦး ထပ်မံသေဆုံးသွားခဲ့တာပါ။
အဲဒါကြောင့်အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခို က်နေတာတွေမို့ နိုင်ငံတကာအသိုင်းအဝိုင်းက အကာအကွယ်ပေးကြဖို့ ပြည်သူတွေ တောင်းဆိုနေကြပါတယ်။
အဲဒီလိုသေဆုံးသူတွေထဲမှာ ကလေးငယ်ခြောက်ဦး၊ အမျိုးသမီးငါးဦးပါဝင်ပြီးဒဏ်ရာရသူတွေထဲမှာကလေးနှစ်ဦး၊ အမျိုးသမီးတဆယ့်နှစ်ဦးပါဝင်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ညအချိန်လူအတွေအိပ်မောကျနေတာကို အခွင့်ကော င်းယူပြီး အပြစ်မဲ့အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်တာမို့ သေဆုံးဒဏ်ရာရသူတွေများပြားခဲ့တာလို့ ဆိုကြပါတယ်။
အဲဒါကြောင့်အမုန်းတရားတွေ တိုးပွားလာစေပြီး လူမျိုးရေးအရအငြိုးအာ ဃာတတွေ တိုးပွားလာစေတာမို့ နိုင်ငံ တကာအသိုင်းအဝိုင်းက အကာအကွယ်ပေးကြဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။
အဲဒီထဲမှာ အသက်ခြောက်ဆယ်ကျော်တဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့သလို နေအိမ်ရှစ်လုံး၊အသုံးအဆောင်ပစ္စည်းတွေ၊သုံးဘီးဆိုင်ကယ်အငှားယာ ဉ်နှစ်စီးလည်း ပျက်စီးသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က ဒရုန်းတွေ၊လေယာဥ်တွေနဲ့ဝေဟင်ကင်း ထောက်တာတွေနေ့စဥ်ပြုလုပ်နေပါတယ်။
အဲဒီအပြင် ဒရုန်းတွေ၊လက်နက်ကြီးတွေ၊စစ်သင်္ဘောကြီးတွေ၊တိုက်လေယာဥ်တွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေပါတယ်။












