Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် နိုင်ငံရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

ကျောက်တော်မြို့ ရဲစခန်းအချုပ်ခန်းမှ အချုပ်သားနှစ်ဦးထွက်ပြေးသွား

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၂။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားထားတဲ့ကျောက်တော်မြို့အချုပ်ခန်းမှအချုပ်သားနှစ်ဦးဟာ သြဂုတ်လ ၂၈ ရက်နေ့က ထွက်ပြေးသွားကြတယ်လို့ကျောက်တော်မြို့ခံတွေနဲ့ရဲတပ်ဖွဲ့ဝင်တချို့က အတည်ပြုပြောကြပါတယ်။

အဲဒီကျောက်တော်မြို့နယ်၊ပြိန်းချောင်းကျေးရွာမှာဇူလိုင်လ ၂၄ ရက်နေ့ညက လူသတ်ဓားမြတိုက်ရွှေတွေ၊ငွေတွေယူ သွားသူစွပ်စွဲတရားခံအသက်သုံးဆယ်ငါးနှစ်အရွယ်ညီညီစိုးနဲ့နောက်တဦးထွ က်ပြေးသွားကြတာလို့ ဆို​ကြပါတယ်။

အဲဒီလူသတ်ဓားမြတိုက်စွပ်စွဲတရားခံညီညီစိုးဟာ လူသတ်ဓားမြတိုက်ခဲ့တာကိုဝန်ခံထားပြီး အချုပ်ခန်းမှာဖမ်းဆီးခံထားရတာကထွက်ပြေးလွတ်မြောက်သွားတာဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

“အောက်ခြေကရဲတပ်ဖွဲ့ဝင်တွေ လာဘ် စားပြီးလွတ်ပေးလိုက်တာထင်ပါတယ်။ အဲဒီလိုမဟုတ်ရင် တရားခံကအမှုစစ် ဆေးနေတဲ့အချိန်မှာ ထိပ်တုံးထမ်းပြီးထွက်ပြေးသွားလို့ရသလားလို့ မေးခွန်းထုတ်ချင်ပါတယ်။” လို့ ကျောက်တော်မြို့နယ်၊ပြိန်းချောင်းကျေးမှာဓားမြတို က်သတ်ဖြတ်ခံရသူရဲ့မိသားစုဝင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီကျောက်တော်မြို့နယ်၊ပြိန်းချောင်းကျေးရွာကအသက်ငါးဆယ်ကျော်အ ရွယ်ဒေါ်ဝင်းနုရီကို ဇူလိုင်လ ၂၄ ရက်နေ့က ဓားမြတိုက်သတ်ဖြတ်ပြီး ရွှေလေးကျပ်နဲ့ငွေတဆယ့်ငါးသိန်းခိုးယူသွားခဲ့တာပါ။

အဲဒီလူသတ်ဓားမြမှုစွပ်စွဲတရားခံအသ က်သုံးဆယ်ငါးနှစ်အရွယ်ညီညီစိုးဟာ ကုလားတန်မြစ်တဘက်ကမ်းရှိကြာညိုပြင်ကျေးရွာဇာတိဖြစ်ပြီး ပြိန်းချောင်းရွာမှာအိမ်ထောင်ကျနေသူဖြစ်ပါတယ်။

သူ့ကို ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ ရက်နေ့ကပြိန်းချောင်းရွာမှာ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(DLEPS) က ဖမ်းဆီးရမိခဲ့တာပါ။

ဒါပေမယ့်တလခန်းအကြား သြဂုတ်လ၂၈ ရက်နေ့မှာ ကျောက်တော်မြို့နယ်ရှိတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံ ရေးဌာန(DLEPS)ရဲ့အချုပ်ခန်းက နော က်ထပ်အဖမ်းခံထားရသူတဦးနဲ့အတူထွက်ပြေးလွတ်မြောက်သွားတယ်လို့ကျောက်တော်မြို့ခံတွေနဲ့ရဲတပ်ဖွဲ့ဝင်တချို့က ဆိုကြပါတယ်။

“အမှုစစ်ဆေးနေတဲ့တရားခံက ထိပ်တုံးထမ်းပြီးထွက်ပြေးသွားတာလားမေးခွန်းထုတ်ချင်ပါတယ်။ တရားခံကိုယ်တိုင်ကလည်းသူသတ်တာလို့ဝန်ခံထားပြီးသားပါ။ သက်သေအထောက်အထားတွေလည်းရှိပါတယ်။” လို့ ဒေါ်ဝင်းနုရီရဲ့ မိသားစုဝင်တဦးက Border News Agency ကို ပြောပါတယ်။

ဒေါ်ဝင်းနုရီရဲ့မိသားစုဝင်တွေကတော့ပြစ်မှုကျူးလွန်ထားသူတရားခံကို အမြန်ဆုံးပြန်လည်ဖမ်းဆီးပြီး အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့ အာရက္ခပြည်သူ့တော်လှ န်ရေးအစိုးရကို တောင်းဆိုနေကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ တွေမှာ ခိုးမှု၊လုယက်မှု၊ဓါးပြတိုက်သတ်ဖြတ်မှု၊အဓမ္မပြုကျင့်မှု၊အဓမ္မပြုကျင့်ဖို့ကြံစည်မှုတွေ မကြာခဏတွေ့လာရပြီး ပြစ်မှုကျူးလွန်သူတရားခံတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်တာ များများစားစားမတွေ့ရဘူးလို့ အာရက္ခပြည်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။

အဲဒီအမှုအများစုမှာ တရားခံဖော်ထုတ်ဖမ်းဆီးအရေးယူအပြစ်ပေးနိုင်တာတွေမရှိဘဲ အမှုတချို့မှာသာသံသယတရားခံအများအပြားကို စုပြုံဖမ်းဆီးပြီး ကာ လရှည်ကြာစစ်ဆေးမှုတွေ လုပ်နေတာတွေ့ရတယ်လို့ ပြည်သူတွေက ဆိုကြပါ တယ်။

အဲဒီလိုအမှုအခင်းတွေ ပိုများလာတာ၊ တရားခံတွေကို ဖမ်းဆီးအရေးမယူနိုင်တာတွေဟာ အာရက္ခတပ်တော်ထိန်းချု ပ်နယ်မြေတွေမှာ တရားဥပဒေစိုးမိုးမှုအားနည်းတာ၊ရဲဝန်ထမ်းတွေ၊တရား ရေးဝန်ထမ်းတွေအရည်အချင်းပြည့်မီမှုအားနည်းတာ၊ရဲဝန်ထမ်းအင်အားလောက်ငှမှုမရှိတာကြောင့်ဖြစ်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ရဲအရာရှိတွေက မှတ်ချက်ပြုထောက်ပြကြပါတယ်။

အဲဒီအပြင် ရဲဝန်ထမ်းတွေ၊ တရားရေးဝန်ထမ်းတွေဟာ အမှုအခင်းတွေကို အမှန်တရားအတိုင်းမဆုံးဖြတ်ကြဘဲ မျက်နှာလိုက်ကြတာတွေ၊ လာဘ်စားကြတာတွေကျူးလွန်နေကြတာမို့ အမှုအခင်းတွေမှာတရားဥပဒေအတိုင်းစီရင်ဆုံးဖြတ်တာတွေအားနည်းနေသေးတယ်လို့ပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။

PrevPreviousရခိုင်မှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေကြောင်း OHCHR ပြော
Nextမြေယာ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ – ၁၂Next
Previous Post

ရခိုင်မှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေကြောင်း OHCHR ပြော

Next Post

မြေယာ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ – ၁၂

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ NUG ကြား အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့် ၉ ရပ် သဘောတူညီမှုရ

March 12, 2026
​ဓာတ်ပုံ-ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်

သရက်ချောင်းရှိ နှစ် ၃၀ ကျော်အခြေစိုက် ဝင်းဝစခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်

March 12, 2026

​ဒူဘိုင်းရှိ အထပ်မြင့်တိုက်ခန်းကိုဒရုန်းထိမှန်

March 12, 2026
Photo-AA

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

March 12, 2026

စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ NUG ကြား အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့် ၉ ရပ် သဘောတူညီမှုရ

​မဲဆောက်အထည်ချုပ်စက်ရုံတွေက မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ

သရက်ချောင်းရှိ နှစ် ၃၀ ကျော်အခြေစိုက် ဝင်းဝစခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်

​ဒူဘိုင်းရှိ အထပ်မြင့်တိုက်ခန်းကိုဒရုန်းထိမှန်

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

Releated Post

စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ NUG ကြား အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့် ၉ ရပ် သဘောတူညီမှုရ

March 12, 2026
​ဓာတ်ပုံ-တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန

​မဲဆောက်အထည်ချုပ်စက်ရုံတွေက မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ

March 12, 2026
​ဓာတ်ပုံ-ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်

သရက်ချောင်းရှိ နှစ် ၃၀ ကျော်အခြေစိုက် ဝင်းဝစခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်

March 12, 2026

​ဒူဘိုင်းရှိ အထပ်မြင့်တိုက်ခန်းကိုဒရုန်းထိမှန်

March 12, 2026
Photo-AA

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

March 12, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

​မြဝတီရှိတရားမဝင်ပြည်ပနိုင်ငံသား ၇၀ ကျော်ကိုထိုင်းဘက်သို့ ပြည်နှင်

March 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page