Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ကျောက်တော်မြို့နယ် နိုင်ငံရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

ကျောက်တော်မြို့ ရဲစခန်းအချုပ်ခန်းမှ အချုပ်သားနှစ်ဦးထွက်ပြေးသွား

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၂။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားထားတဲ့ကျောက်တော်မြို့အချုပ်ခန်းမှအချုပ်သားနှစ်ဦးဟာ သြဂုတ်လ ၂၈ ရက်နေ့က ထွက်ပြေးသွားကြတယ်လို့ကျောက်တော်မြို့ခံတွေနဲ့ရဲတပ်ဖွဲ့ဝင်တချို့က အတည်ပြုပြောကြပါတယ်။

အဲဒီကျောက်တော်မြို့နယ်၊ပြိန်းချောင်းကျေးရွာမှာဇူလိုင်လ ၂၄ ရက်နေ့ညက လူသတ်ဓားမြတိုက်ရွှေတွေ၊ငွေတွေယူ သွားသူစွပ်စွဲတရားခံအသက်သုံးဆယ်ငါးနှစ်အရွယ်ညီညီစိုးနဲ့နောက်တဦးထွ က်ပြေးသွားကြတာလို့ ဆို​ကြပါတယ်။

အဲဒီလူသတ်ဓားမြတိုက်စွပ်စွဲတရားခံညီညီစိုးဟာ လူသတ်ဓားမြတိုက်ခဲ့တာကိုဝန်ခံထားပြီး အချုပ်ခန်းမှာဖမ်းဆီးခံထားရတာကထွက်ပြေးလွတ်မြောက်သွားတာဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

“အောက်ခြေကရဲတပ်ဖွဲ့ဝင်တွေ လာဘ် စားပြီးလွတ်ပေးလိုက်တာထင်ပါတယ်။ အဲဒီလိုမဟုတ်ရင် တရားခံကအမှုစစ် ဆေးနေတဲ့အချိန်မှာ ထိပ်တုံးထမ်းပြီးထွက်ပြေးသွားလို့ရသလားလို့ မေးခွန်းထုတ်ချင်ပါတယ်။” လို့ ကျောက်တော်မြို့နယ်၊ပြိန်းချောင်းကျေးမှာဓားမြတို က်သတ်ဖြတ်ခံရသူရဲ့မိသားစုဝင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီကျောက်တော်မြို့နယ်၊ပြိန်းချောင်းကျေးရွာကအသက်ငါးဆယ်ကျော်အ ရွယ်ဒေါ်ဝင်းနုရီကို ဇူလိုင်လ ၂၄ ရက်နေ့က ဓားမြတိုက်သတ်ဖြတ်ပြီး ရွှေလေးကျပ်နဲ့ငွေတဆယ့်ငါးသိန်းခိုးယူသွားခဲ့တာပါ။

အဲဒီလူသတ်ဓားမြမှုစွပ်စွဲတရားခံအသ က်သုံးဆယ်ငါးနှစ်အရွယ်ညီညီစိုးဟာ ကုလားတန်မြစ်တဘက်ကမ်းရှိကြာညိုပြင်ကျေးရွာဇာတိဖြစ်ပြီး ပြိန်းချောင်းရွာမှာအိမ်ထောင်ကျနေသူဖြစ်ပါတယ်။

သူ့ကို ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ ရက်နေ့ကပြိန်းချောင်းရွာမှာ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(DLEPS) က ဖမ်းဆီးရမိခဲ့တာပါ။

ဒါပေမယ့်တလခန်းအကြား သြဂုတ်လ၂၈ ရက်နေ့မှာ ကျောက်တော်မြို့နယ်ရှိတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံ ရေးဌာန(DLEPS)ရဲ့အချုပ်ခန်းက နော က်ထပ်အဖမ်းခံထားရသူတဦးနဲ့အတူထွက်ပြေးလွတ်မြောက်သွားတယ်လို့ကျောက်တော်မြို့ခံတွေနဲ့ရဲတပ်ဖွဲ့ဝင်တချို့က ဆိုကြပါတယ်။

“အမှုစစ်ဆေးနေတဲ့တရားခံက ထိပ်တုံးထမ်းပြီးထွက်ပြေးသွားတာလားမေးခွန်းထုတ်ချင်ပါတယ်။ တရားခံကိုယ်တိုင်ကလည်းသူသတ်တာလို့ဝန်ခံထားပြီးသားပါ။ သက်သေအထောက်အထားတွေလည်းရှိပါတယ်။” လို့ ဒေါ်ဝင်းနုရီရဲ့ မိသားစုဝင်တဦးက Border News Agency ကို ပြောပါတယ်။

ဒေါ်ဝင်းနုရီရဲ့မိသားစုဝင်တွေကတော့ပြစ်မှုကျူးလွန်ထားသူတရားခံကို အမြန်ဆုံးပြန်လည်ဖမ်းဆီးပြီး အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့ အာရက္ခပြည်သူ့တော်လှ န်ရေးအစိုးရကို တောင်းဆိုနေကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ တွေမှာ ခိုးမှု၊လုယက်မှု၊ဓါးပြတိုက်သတ်ဖြတ်မှု၊အဓမ္မပြုကျင့်မှု၊အဓမ္မပြုကျင့်ဖို့ကြံစည်မှုတွေ မကြာခဏတွေ့လာရပြီး ပြစ်မှုကျူးလွန်သူတရားခံတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်တာ များများစားစားမတွေ့ရဘူးလို့ အာရက္ခပြည်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။

အဲဒီအမှုအများစုမှာ တရားခံဖော်ထုတ်ဖမ်းဆီးအရေးယူအပြစ်ပေးနိုင်တာတွေမရှိဘဲ အမှုတချို့မှာသာသံသယတရားခံအများအပြားကို စုပြုံဖမ်းဆီးပြီး ကာ လရှည်ကြာစစ်ဆေးမှုတွေ လုပ်နေတာတွေ့ရတယ်လို့ ပြည်သူတွေက ဆိုကြပါ တယ်။

အဲဒီလိုအမှုအခင်းတွေ ပိုများလာတာ၊ တရားခံတွေကို ဖမ်းဆီးအရေးမယူနိုင်တာတွေဟာ အာရက္ခတပ်တော်ထိန်းချု ပ်နယ်မြေတွေမှာ တရားဥပဒေစိုးမိုးမှုအားနည်းတာ၊ရဲဝန်ထမ်းတွေ၊တရား ရေးဝန်ထမ်းတွေအရည်အချင်းပြည့်မီမှုအားနည်းတာ၊ရဲဝန်ထမ်းအင်အားလောက်ငှမှုမရှိတာကြောင့်ဖြစ်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ရဲအရာရှိတွေက မှတ်ချက်ပြုထောက်ပြကြပါတယ်။

အဲဒီအပြင် ရဲဝန်ထမ်းတွေ၊ တရားရေးဝန်ထမ်းတွေဟာ အမှုအခင်းတွေကို အမှန်တရားအတိုင်းမဆုံးဖြတ်ကြဘဲ မျက်နှာလိုက်ကြတာတွေ၊ လာဘ်စားကြတာတွေကျူးလွန်နေကြတာမို့ အမှုအခင်းတွေမှာတရားဥပဒေအတိုင်းစီရင်ဆုံးဖြတ်တာတွေအားနည်းနေသေးတယ်လို့ပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။

PrevPreviousရခိုင်မှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေကြောင်း OHCHR ပြော
Nextမြေယာ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ – ၁၂Next
Previous Post

ရခိုင်မှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေကြောင်း OHCHR ပြော

Next Post

မြေယာ၊ ပဋိပက္ခနှင့် ကုလသမဂ္ဂ – ၁၂

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

Releated Post

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page