Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

အာရက္ခပြည်ထူထောင်မှုကြား နိုင်ငံရေးရင့်ကျက်မှုများ – ၁

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
66
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဧပြီ ၃၀။

နိုင်ငံရေးအရရင့်ကျက်မှု(Political Maturity)ဆိုတာ လူ့အဖွဲ့အစည်းရဲ့လူသားတဦးချင်းစီဟာ နိုင်ငံရေးအမြင်တွေ၊ ဆုံးဖြတ်ချက်တွေ၊ တုံ့ပြန်ချက်တွေမှာ ပိုမိုမြင့်မားတဲ့အသိဥာဏ်တွေ၊ သည်းခံနိုင်မှုတွေ၊ တာဝန်ယူမှုရှိတာတွေကို ဆိုလိုတာပါ။

အဲဒါဟာ စိတ်ခံစားချက်အပေါ် အခြေ ခံပြီးတုံ့ပြန်တာမျိုးမဟုတ်ဘဲ၊အခြေ အနေအရပ်ရပ်ကို အမြော်အမြင်ရှိရှိ ချိန်ဆနိုင်တဲ့အရည်အချင်းတွေပါ။

အာရက္ခဒေသဟာ လက်ရှိနိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းအောက်မှာရှိနေပြီး စားဝတ်နေရေးအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီမရတဲ့ အကျပ်အတည်းဟာ အဆိုးဝါးဆုံးဖြစ်နေပါတယ်။

အဲဒီလိုအကျပ်အတည်းပေါင်းစုံကြားမှာ အာရက္ခပြည်သူလူထုဟာ နိုင်ငံရေးရင့်ကျက်မှု(Political Maturity)ရှိနေရင် ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို မြန်မြန်ဆန်ဆန်ကျော်လွှားနိုင်မှာပါ။

နိုင်ငံရေးအရရင့်ကျက်မှု(Political maturity)ဆိုတာဟာ စိတ်ခံစားချက်တွေ၊အမြင်ကျဉ်းမြောင်းမှုတွေ၊ပုဂ္ဂိုလ်ရေးအကျိုးစီးပွားတွေထက်သည်းခံတာတွေ၊ဆွေးနွေးတိုင်ပင်တာတွေ၊ရေ ရှည်အမျိုးသားအကျိုးစီးပွားကို အ လေးထားပြီး ဒီမိုကရေစီလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နိုင်စွမ်းတွေ ရှိတာကိုဆိုလိုတာပါ။

အဲဒါတွေထဲမှာ တာဝန်ယူမှုရှိတာတွေ၊ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာပြီး သဘောထားကွဲလွှဲမှုတွေကို လက်ခံတတ်သလို ကွဲလွှဲမှုတွေကို အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့စီမံခန့်ခွဲနိုင်တာစတဲ့ အရည်အသွေးတွေရှိပါတယ်။

အာရက္ခပြည်ရဲ့ချည်နှောင်မှု

အာရက္ခပြည်မှာ အာရက္ခပြည်သူလူထုနဲ့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကြား အပြန်အလှန်ချည်နှောင်မှုရှိကြပါတယ်။

အာရက္ခပြည်သူလူထုဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအပေါ်မှာ အမြင့်ဆုံးမျှော်လင့်ချက်ထားကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲရဲ့မြို့သိမ်းတိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း အောက်ခြေမှာ အာဏာပြမှုတွေ၊ စနစ်မကျမှုတွေရှိနေပေမယ့် ပြည်သူလူထုဟာ အဆုံးစွန်ထိသည်းခံနေခဲ့ကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူလူထုဟာ ၂၀၂၆ ခုနှစ်ရောက်မှသာဝေဖန်သံတွေ ထွက်လာကြပါတယ်။

အဲဒီလိုအဆုံးစွန်ထိသည်းခံခဲ့နေကြပြီးမှ ဝေဖန်သံတွေများလာကြတာဟာ အာရက္ခတပ်တော်ကို အမြင့်ဆုံးမျှော်လင့်ချက်ထားနေကြသေးလို့ဖြစ်ပါတယ်။

အာရက္ခပြည်သူလူထုရဲ့အမြင့်ဆုံးမျှော်လင့်ချက်ကို အထိအခိုက်မခံချင်ကြတာမို့အဆုံးစွန်ထိသည်းခံပြီးဝေဖန်မှုကိုလုပ်လာကြတာပါ။

ဒီနေရာမှာ ပြည်သူလူထုဘာကိုသည်း ခံတာလဲလို့မေးရင် ULA/AA ရဲ့ ထိန်းချုပ်မှုကို သည်းခံပြီးအမှုအခင်းဖြစ်ရင် ULA/AA တည်ထောင်ထားတဲ့အာရက္ခတရားရုံးကိုသွားကြပြီးအာရက္ခတရားစီရင်ရေးကို ခံယူကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နေရာတခုက တခုကိုဖြတ်သန်းသွားလာရင် ULA/AA သတ်မှတ်ထားတဲ့စနစ်၊ ထောက်ခံစာတွေ ယူလာကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အခွန်အခတွေသတ်မှတ်ကောက်ခံလာရင်လည်း အခွန်အခတွေကို ပေးထည့်ကြပါတယ်။

အဲဒါဟာ ပြည်သူလူထုကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေသည်းခံမှုနဲ့ နာခံမှုကို ပေးထားတာလို့ မြင်ကြည့်ဖို့လိုပါတယ်။

အာရက္ခပြည်သူလူထုဟာ မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုကို ခံဖူးထားကြသူတွေပါ။

အဲဒါကြောင့် အုပ်ချုပ်မှုစနစ်တခုဟာ “ဘယ်လောက်ကောင်းမလဲဆိုတာကိုမသိနိုင်ပေမယ့် ဘယ်လောက်ဆိုးနိုင်တယ်။” ဆိုတာကိုတော့ သိနိုင်တဲ့စွမ်းရည်တွေ ရှိကြပါတယ်။

အာရက္ခပြည်သူလူထုဟာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို မကြိုက်ကြပါဘူး။

အဲဒါဟာ ULA/AA အတွက် အဓိက နိုင်ငံရေးအရင်းအမြစ်ဖြစ်ပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူလူထုဟာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုနဲ့ဆင်တူတဲ့လုပ်ရပ်မျိုးကိုလည်း မကြိုက်ဘူးဆိုတာကို သိဖို့ခံစားမိကြဖို့လိုပါတယ်။

နိုင်ငံရေးရင့်ကျက်မှု(Political Maturity)ကို တည်ဆောက်တဲ့အခါအုပ်ချုပ်သူရင့်ကျက်ဖို့လိုသလို ပြည်သူလူထုကလည်း ရင့်ကျက်ဖို့လိုပါတယ်။

ပြည်သူလူထုဟာ လူပြိန်းကြိုက်ဝါဒကို ခုခံနိုင်စွမ်း(Resilience Against Populism)ရှိဖို့လိုပါတယ်။

စိတ်ခံစားချက်အသားပေးဟောပြောမှု (emotional rhetoric)တွေ၊ ရေတိုလူပြိန်းကြိုက်မြှူဆွယ်တာတွေ၊ လှည့်ဖြားခြယ်လှယ်ခံရနိုင်တာတွေကို တွန်းလှန်နိုင်ကြဖို့လိုပါတယ်။

ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမှု(Critical Thinking)ဟာ လှည့်ဖြားခြယ်လှယ်ခံရမှုကို တားဆီးပေးကြပါတယ်။

ရသမျှသတင်းစကားတိုင်း၊ဝါဒဖြန့်မှုတိုင်းကို မျက်စိမှိတ်မယုံဘဲ အချက်အလက်တွေကို စိစစ်တာတွေ၊ ဘယ်သူအတွက်အကျိုးရှိသလဲလို့ တွေးခေါ်တာနဲ့ စိတ်ခံစားချက်နောက်ကို မလိုက်ဘဲယုတ္တိရှိရှိစဉ်းစားတာတွေ ပိုမိုအားကောင်းလာဖို့လိုပါတယ်။

စနစ်နဲ့ဥပဒေကိုလေးစားမှု(Respect for Rule of Law)ဆိုတဲ့ သဘောတရားရဲ့အနှစ်သာရကို ပြည်သူလူထုသဘော ပေါက်ဖို့လိုပါတယ်။

မိမိတို့လိုချင်တဲ့ရလဒ်ရရှိရန်အတွက် နည်းလမ်းမှန်၊စနစ်မှန်ကိုသာ အသုံးပြုတတ်ဖို့လိုပါတယ်။

နည်းမှန်၊စနစ်မှန်အသုံးပြုတယ်ဆိုတာမှာ ကိုယ်တိုင်လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေဟာ ကိုယ့်အတွက်တ ရားမျှတရဲ့လား။ ကိုယ့်ကိုကောဘာထိ ခိုက်နေသလဲ။ ကိုယ့်ကအခွင့်အရေးယူရင်တခြားဘယ်သူ့ကိုထိခိုက်မလဲ။ အားလုံးအကျိုးအတွက် ဘယ်လိုစဉ်းစားသင့်သလဲဆိုတဲ့အချက်တွေလည်းပါပါတယ်။

တကယ်လို့ ပြည်သူလူထုဟာ စည်းမျဉ်းစည်းကမ်းတွေ၊ဥပဒေဘောင်အတွင်းမှသာ လှုပ်ရှားဆောင်ရွက်ပြနိုင်လာရင် တဖက်မှာ လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်မှုကို ပိုပြီးထိန်းသိမ်းပြထားနိုင်ပါတယ်။

အဲဒီလိုထိန်းသိမ်းပြနိုင်မှုဟာ အာဏာပါဝါပြချင်ကြတဲ့အုပ်ချုပ်သူတွေကို အဝေးရောက်စေပါတယ်။

အာရက္ခမြို့သိမ်းတိုက်ပွဲကာလတလျှောက် အာရက္ခပြည်သူတွေသည်းခံနေတဲ့အချိန်မှာ လူပြိန်းကြိုက်ဝါဒကို တသွင်သွင်အသုံးချပြီး ကိုယ့်ကိုယ်ကို ပုံရိပ်ဖော်အကျိုးစီးပွားရယူတတ်တဲ့သူတွေနေရာရလာတာကိုလည်းတွေ့နေရမှာပါ။

အုပ်ချုပ်သူတွေဟာ စုံလင်ကွဲပြားမှုကို လက်ခံနိုင်တယ်(Tolerance of Diversity)လို့ ပြသနိုင်ဖို့လည်းအရေး ကြီးပါတယ်။

အမြင်မတူသူတွေကို ရန်သူမသတ်မှတ်ဘဲဒီမိုကရေစီအခြေခံဖြစ်တဲ့ “ကွဲပြားခြားနားတဲ့အမြင်တွေ” ရှိနေတာဟာ သဘာဝကျတယ်ဆိုတဲ့ လက်ခံနိုင်မှုကိုလည်း ပြဖို့လိုပါတယ်။

ပါတီတွင်းမှာ အငြင်းပွားမှုတွေကို ရန်ပွဲအဖြစ်မပြောင်းလဲစေဘဲ အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံနိုင်ဖို့လိုအပ်ပါတယ်။

ဘယ်လိုပဲအမြင်မတူကြသည်ဖြစ်စေ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်မှု(Prioritizing National Interest) ရှိနေရမှာပါ။

ပါတီအကျိုး၊အဖွဲ့အစည်းအကျိုး၊တကိုယ်ရေအကျိုးစီးပွားဆိုတာထက် နိုင်ငံနဲ့ပြည်သူလူထုတရပ်လုံး ရေရှည်အကျိုးစီးပွားကို အမြဲဦးစားပေးဖို့လိုပါတ ယ်။

ပါတီတွင်းအုပ်စုတွေဟာ “ငါတို့ဘက်ကနိုင်ဖို့” ထက် “နိုင်ငံအတွက်ဘာကအကောင်းဆုံးလဲ” ဆိုတဲ့အမြင်ကို လက်ကိုင်ထားဖို့လိုပါတယ်။

နောက်ပြီး ပါတီတွင်း၊ အုပ်စုတွင်းထဲမှာပဲဖြစ်ဖြစ်၊ပြည်သူလူထုနဲ့ ဆက်ဆံရာမှာပဲဖြစ်ဖြစ် အကြမ်းမဖက်နည်းလမ်းနဲ့ဖြေရှင်းမှု(Non-violent Resolution) ကို ဦးစားပေးဖို့လိုပါတယ်။

ပြဿနာတွေကို လက်နက်၊လုပ်ပိုင်ခွင့်၊ အာဏာစတာတွေအသုံးပြုပြီးဖြစ်ဖြစ်၊ အကြမ်းဖက်မှုပုံစံနဲ့ဖြစ်ဖြစ်အသုံးမပြုဘဲ စကားပြောဆိုမှု (Dialogue)တွေ၊ ညှိနှိုင်းမှုတွေ၊ တရားဝင်နည်းလမ်းတွေနဲ့သာ ဖြေရှင်းလိုစိတ်ရှိတာကို တည် ဆောက်ရမှာပါ။

နိုင်ငံရေးအရရင့်ကျက်မှုရဲ့အဓိကရှု ထောင့်တွေထဲမှာ အပြန်အလှန်အပြုသဘောဆောင်ပါဝင်ဆောင်ရွက်မှုရှိရပါမယ်။

ပြင်းထန်တဲ့သဘောထားကွဲလွဲမှုတွေရှိနေပေမယ့် ပဋိပက္ခထက် ဆွေးနွေးအဖြေရှာတာ၊ သည်းခံတာ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တာကို ဦးစားပေးဖို့လိုပါတယ်။

လိုအပ်တဲ့ “ပွတ်တိုက်မှု”

အာရက္ခပြည်သူတွေမဖြစ်မနေစစ်မှုထမ်းရမယ့်ကိစ္စ၊ အာရက္ခပြည်တွင်းက ထွက်ခွာခွင့်မပေးတဲ့ကိစ္စတွေကို နိုင်ငံတကာစံနှုန်းတွေချဉ်းကပ်ပြီး သတင်းမီဒီယာတွေထောက်ပြတာရှိပါတယ်။

ဘာကြောင့်ထောက်ပြရတာလဲဆိုရင် ULA/AA ဟာ စံနှုန်းတွေနဲ့ညီအောင်လုပ်ပြတာနဲ့လူထုယုံကြည်မှုခိုင်မာတာမျိုး ရှိနေစေချင်လို့ပါ။

တကယ်လို့ မဖြစ်မနေစစ်မှုထမ်းရမယ့်ကိစ္စ၊ အာရက္ခပြည်တွင်းက ထွက်ခွာခွင့် မပေးတဲ့ကိစ္စတွေမှာ ULA/AA က စံနှုန်းတွေ၊ လူ့အခွင့်အရေးတန်ဖိုးတွေနဲ့ညီအောင် အတက်နိုင်ဆုံးလုပ်ပြနေရင် ULA/AA အတွက် ဘာတွေထိခိုက်လာမှာလဲ။ဘာမှမထိခိုက်ပါဘူး။

အဲဒီဖြစ်စဉ်တွေထဲကနိုင်ငံရေးအရ အကျိုးအမြတ်ရနေသူတွေ၊ မိမိရဲ့အာဏာလုပ်ပိုင်ခွင့်ကို ထိခိုက်လာနိုင်မယ်လို့ထင်နေသူတွေကတော့ “စံနှုန်းတန်ဖိုးတွေအောက်မှာလူရာဝင်မှု” နဲ့ “နိုင်ငံရေးရင့်ကျက်မှု”ကို လိုလားကြမှာမဟုတ်ပါဘူး။

PrevPreviousအမေရိကန်ကိုအားမကိုးတော့ဘဲ ဥရောပ ကိုယ်ပိုင်ကာကွယ်ရေး ပြင်ဆင်
Next​မြောက်ဦးမှာ လူသတ်မှုကျူးလွန်သူနှစ်ဦးကို ဖမ်း​ဆီးNext
Previous Post

အမေရိကန်ကိုအားမကိုးတော့ဘဲ ဥရောပ ကိုယ်ပိုင်ကာကွယ်ရေး ပြင်ဆင်

Next Post

​မြောက်ဦးမှာ လူသတ်မှုကျူးလွန်သူနှစ်ဦးကို ဖမ်း​ဆီး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ- ၈

June 13, 2026

​ထရမ့်ပြောတဲ့သဘောတူညီချက်ကို အီရန်ဘက်က အခုထိအပြီးသတ်ဆုံးဖြတ်ချက် မချရသေး

June 13, 2026
ဓာတ်ပုံ-ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ကော့သောင်းမှာမူးယစ်ဆေးဝါးတွေနဲ့အတူ အမျိုးသား ၃ ဦးဖမ်းဆီးရမိ

June 13, 2026
ဓာတ်ပုံ - Al Jazeera

ထရမ့် အီရန်ကို တိုက်မယ့်အစီအစဉ် ထပ်ရပ်ဆိုင်း

June 12, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page