Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

မလွတ်မြောက်သေးသောရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၂

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
11
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊မေ ၂၉။

တရုတ်နိုင်ငံ၏ကျေးလက်ဒေသ မြေသိမ်းယူမှုအား ဖော်ပြခဲ့ပြီးနောက် မြို့ပြမြေယာနှင့် အိမ်ရာသိမ်းယူခြင်း (Urban Expropriation)ကို ထပ်မံတင် ပြပါမည်။

တရုတ်ပြည်၏မြို့ပြဒေသတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်သက်တမ်းဖြစ်စေ၊ နေထိုင်ခွင့်သက်တမ်းဖြစ်စေ၊မြေအသုံးချမှုဆိုင်ရာကိစ္စရပ်တခုခု ရရှိထားသောမြေပေါ်ရှိ အိမ်ရာ၊အဆောက် အအုံများကို ဖျက်သိမ်းသောအခါလျှော်ကြေးစနစ်နှစ်မျိုးရှိသည်။

ထိုနှစ်မျိုးထဲမှကြိုက်ရာရွေးချယ်ခွင့်ရှိသည်။

ပထမစနစ်မှာ ငွေကြေးအလိုက်ပေးခြင်း(Monetary Compensation)ဖြစ်သည်။ ဖျက်သိမ်းခံရသောအိမ်ရာ၊အဆော က်အအုံ၏ဈေးကွက်ပေါက်ဈေးကို တွ က်ချက်ကာ ငွေသားအပြည့်အဝပေးသ ည်။(အရေးကြီးဆုံးအချက်မှာ အိမ်ခြံ မြေတန်ဖိုးဖြတ်ရာတွင်အစိုးရမှစွက်ဖ က်မှုကင်းသော လွတ်လပ်သည့်အကဲဖြ တ်အဖွဲ့များတွက်ချက်ရခြင်းဖြစ်သည် ။)

ဒုတိယစနစ်မှာ အိမ်ရာချင်း အစားထိုးလဲလှယ်ခြင်း(Property Title Exchange)ဖြစ်သည်။

အစိုးရတည်ဆောက်ပေးသော တခြားနေရာရှိ အိမ်ရာအသစ်(သို့မဟုတ်)တိုက်ခန်းအသစ်ကို အစားထိုးလဲလှယ်ပေးခြင်းဖြစ်သည်။ တန်ဖိုးချင်းကွာဟ ချက်ရှိလျှင် ငွေကြေးအတိုးအလျှော့ ပြ န်လုပ်ကြသည်။

ထိုစနစ်နှစ်မျိုးစလုံးတွင် အပိုဆောင်းစရိတ်များကိုလည်း အစိုးရကထည့်သွင်း၍လျှော်ကြေးနစ်နာကြေးပေးရသည် ။

ပြောင်းရွှေ့စရိတ်များ၊အိမ်အသစ်မရခင် ကြားကာလနေထိုင်ရန်အိမ်ငှားခ ထောက်ပံ့ကြေး(Temporary Resettlement Allowance)များကို တ ရုတ်ကွန်မြူနစ်အစိုးရတာဝန်ယူရသည် ။

တရုတ်မြေယာဥပဒေ၊မူဝါဒများ၏သ မိုင်းကို ပြန်ကြည့်ပါက ဒဏ်ရာဒဏ်ချက်များပြည့်နှက်နေသည်ကို တွေ့ရမည် ဖြစ်သည်။

တရုတ်၏မြေယာဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ပြောင်းလဲလာမှုများက တရုတ်ပြည်၏ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လိုက်ပါပြောင်းလဲနေရသည်။

တရုတ်တွင် ယခင်ကာလများက မြေသိ မ်းလျှင် အဓိကရုဏ်းများ၊မကျေနပ်မှုများ အလွန်များခဲ့သည်။

အစိုးရက ဈေးပေါပေါ ဖြင့် သိမ်းကာ အိမ်ခြံမြေလုပ်ငန်း Real Estate ကုမ္ပ ဏီများကို ဈေးကြီးကြီးဖြင့် ပြန်ရောင်းစားခဲ့သောဓလေ့တခုရှိခဲ့သည်။

ဤအချက်က လုပ်ပိုင်ခွင့်ရှိသူနှင့်၎င်းတို့၏ ပါတနာစီးပွားရေးသမားများအ တွက်အခွင့်အလမ်းတခုအသွင် ရှိနေသည်ဟု ထင်စရာရှိသော်လည်း ရလဒ်က ပြောင်းပြန်ထွက်ခဲ့တော့သည်။

လူမှုရေးဆိုင်ရာပြဿနာများဖြစ်လာခဲ့ပြီး ကုန်ထုတ်လုပ်မှုအပေါ် ရိုက်ခတ်တော့သည်။

နောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်တို့ မြေယာဆိုင်ရာမူဝါဒတွင် လက်ဝဲဆန်မှုကိုစွန့်၍ လက်ယာအရင်းရှင်အတွေးအခေါ်ကိုသာ ပြေးကိုင်ရတော့သည်။

ယခင်က မြေကို ဘယ်သူမှမပိုင် နိုင်ငံတော်ကသာ ပိုင်သည်ဟု ကွန်မြူနစ်များလုပ်ထားသည်။

နိုင်ငံတော်ကပိုင်သည်ဟု သတ်မှတ်ထားချိန်က အာဏာရှိသူက နိုင်ငံတော်နေရာဝင်ယူ၍ ကိုယ်ကျိုးရှာမှုလမ်းပွင့်နေသည်။

ထိုအခါ တရုတ်ကွန်မြူနစ်တို့ ဖြေရှင်းပုံ နိုင်ငံတော်က ရေထုမြေထုကို ပိုင်သော် လည်း တသီးပုဂ္ဂလပိုင်ဆိုင်မှုအား မြေ ယာမူဝါဒတွင် ထည့်သွင်းလိုက်ရတော့ သည်။ထည့်သွင်းပုံက အရင်းရှင်နိုင်ငံများကဲ့သို့ ပြောင်ပြောင်တင်းတင်းမဟု တ် တရုတ်နည်း တရုတ်ဟန် နို့ကို မစို့ရဲ စို့ရဲ ပုံစံမျိုး။

ဤသို့ဖြင့်တရုတ်ကို ဖွံ့ဖြိုးမှုလမ်း ကြောင်းကို ဦးတည်စေသော ဥပဒေပြင်ဆင်ချက်ကို ပြုလုပ်ရတော့သည်။ ဥပဒေပြင်ဆင်ချက်အရ”အများပြည်သူအ ကျိုးစီးပွား(Public Interest)”အတွက်သာ မြေသိမ်းခွင့်ရှိတော့ကာ စီးပွားဖြစ်သက်သက် စီမံကိန်းများအတွက် ဆိုပါက(မြေအသုံးပြုခွင့်ရထားသူ)နှင့်ကုမ္ပ ဏီကြား ဈေးကွက်ပေါက်ဈေးအတိုင်း၊ ပုံမှန်အတိုင်း ညှိနှိုင်းဝယ်ယူရသောစန စ်ကို ပြောင်းလဲကျင့်သုံးလာရတော့သည်။

ထို့အပြင် မြေမသိမ်းခင် ဒေသခံများ၏ သဘောထားကို တောင်းခံရသည့်အပြင်၊လျှော်ကြေးနှုန်းထားကို အများပြည်သူသိအောင် ကြိုတင်ကြေညာပြီး ကန့် ကွက်လိုပါက လူထုကြားနာပွဲ(Public Hearing)များ လုပ်ပေးရန် ဥပဒေအရ ပြဋ္ဌာန်းထားရတော့သည်။

တရုတ်တို့ လက်ရှိကျင့်သုံးနေသော မြေယာမူဝါဒအချို့အား အနည်းငယ်ဖော် ပြလိုက်ပါသည်။

တရုတ်နိုင်ငံတွင်”မြေသိမ်းယူခြင်း”(တရားမဝင် မြေယာသိမ်းယူခြင်း၊အဓမ္မရွှေ့ပြောင်းခိုင်းခြင်း သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်သိမ်းပိုက်ခြင်း) ကို တရားမဥပဒေ၊စီမံခန့်ခွဲမှုဆိုင်ရာဥ ပဒေနှင့်ပြစ်မှုဆိုင်ရာဥပဒေများအော က်တွင် အဓိကထား၍ ကိုင်တွယ်သည်။

တရုတ်နိုင်ငံရှိ မြေယာအားလုံးကို နိုင်ငံတော်(မြို့ပြမြေ)သို့မဟုတ် ကျေးလက်သမဝါယမအဖွဲ့အစည်းများ(စိုက်ပျိုး ရေး/ကျေးရွာမြေ)က အများပိုင်အဖြစ် ပိုင်ဆိုင်သည်ဟု ဆိုထားသော်လည်း တဦးချင်းစီနှင့် အဖွဲ့အစည်းများသည် မြေ ယာအသုံးပြုခွင့် (Land Use Rights – LURs)အား ပိုင်ဆိုင်မှုအဖြစ် နောက်ပိုင်းတွင် ပြောင်းလဲထားလိုက်သည်။

မြေယာများကို တရားမဝင် သိမ်းယူခံရသည့်အခါ သို့မဟုတ် လုံလောက်သော လျော်ကြေးမပေးဘဲ ဥပဒေကြောင်းအရသိမ်းယူခြင်း ခံရသည့်အခါလျော် ကြေးရပိုင်ခွင့်၊ ပြန်လည်ရရှိခွင့်နှင့် ပြစ်ဒဏ်များကို သတ်မှတ်ပေးထားသည့်အဓိကဥပဒေများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် ပြင်ဆင်ထားသော မြေယာစီမံခန့်ခွဲမှုဥပဒေ

မြေယာစီမံခန့်ခွဲမှုဥပဒေ(Land Administration Law – LAL)သည် မြေယာသိမ်းယူခြင်းနှင့် လျော်ကြေးပေးခြင်းကို စည်းကမ်းသတ်မှတ်သည့်အဓိက ဥပဒေဖြစ်သည်။

၂၀၁၉ ခုနှစ်ပြင်ဆင်ချက်တွင် မြေယာသိမ်းယူပြီးနောက် လယ်သမားများ၏ လူနေမှုစံနှုန်း မကျဆင်းစေရဟူသော ပြဋ္ဌာန်းချက်ဖြင့် အဓမ္မ”မြေသိမ်းယူခြ င်း”ဘေးမှ လယ်သမားများ၏ရပိုင်ခွင့်များကို သိသိသာသာ တိုးမြှင့်ကာကွယ်ပေးခဲ့သည်။

ထိုဥပဒေပုဒ်မ၄၈ မှာ(အဓိကလျော်ကြေးပေးရေးဆိုင်ရာ ပြဋ္ဌာန်းချက်)ဖြစ်သည်။ ထိခိုက်နစ်နာရသော လယ်သမားများ၏မူလလူနေမှုစံနှုန်းများ ကျဆင်းမသွားစေရန်နှင့်၎င်းတို့၏ ရေရှည်အသက်မွေးဝမ်းကျောင်းမှုကို အာမခံချက်ရှိစေရန်အတွက် မြေယာသိမ်းယူမှုတွင် မျှတပြီး သင့်လျော်သော လျော်ကြေးပေးမှုများ ပါဝင်ရမည်။

ထိုလျော်ကြေးတွင် အောက်ပါ တန်ဖိုးများကို သတ်မှတ်တွက်ချက်ရန်ပြဋ္ဌာန်းထားသည်။

မြေယာလျော်ကြေးကြေးနှင့်ပြန်လည်နေရာချထားရေး ထောက်ပံ့ကြေးငွေတန်ဖိုးနှင့်ဘက်စုံမြေစျေးနှုန်းတန်ဖိုး

ထိုတန်ဖိုးအားယခင်ကအသုံးပြုခဲ့သော အထွက်နှုန်းနည်းပါးသည့် မြှောက်ဖော်ကိန်းစနစ်ဖြင် တွက်ခဲ့သော်လည်း ယခုအခါဒေသ၏(ဘက်စုံမြေစျေးနှုန်းများ)အပေါ် အခြေခံ၍တွက်ချက်လာတော့သည်။

ကျေးလက်နေအိမ်များ၊မြေပေါ်ရှိအခြားတွဲဖက်ပစ္စည်းများနှင့်သီးနှံနုများအတွက် အပြည့်အဝလျော်ကြေးတန် ဖိုး

မြေယာမဲ့ဖြစ်သွားသော လယ်သမားများ၏ရေရှည်အသက်မွေးဝမ်းကျော င်းမှုကို အာမခံချက်ပေးနိုင်ရန် လူမှုဖူ လုံရေးပရီမီယံကြေးများအဖြစ် ပေးရသော လျှော်ကြေးငွေဖြစ်သည်။

ထိုဥပဒေ ပုဒ်မ ၇၇ နှင့် ၇၈ (တရားမဝင် သိမ်းပိုက်ခြင်း)နှင့် ပတ်သက်၍ ပြဋ္ဌာန်းချက်များပါရှိသည်။

အကယ်၍အဖွဲ့အစည်းများ သို့မဟုတ် တဦးချင်းစီက ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ၊လိမ်လည်လှည့်ဖြားကာဖြစ်စေ”ရ ယူထားသော ခွင့်ပြုချက်ဖြင့်”မြေယာများကို တရားမဝင် သိမ်းပိုက်ပါက ၎င်းတို့ကို တရားမဝင် သိမ်းပိုက်ထားသော မြေယာများကို ပြန်လည်လွှဲပြောင်းပေးရန် အမိန့်ချမှတ်ခံရမည်။

အကယ်၍ ၎င်းတို့သည် စိုက်ပျိုးရေးမြေကို ဆောက်လုပ်ရေးမြေအဖြစ် တ ရားမဝင် ပြောင်းလဲခဲ့ပါက အဆောက် အအုံများကို ဖျက်သိမ်းပြီး မြေယာကို မူလအခြေအနေအတိုင်း ပြန်လည်ပြု ပြင်ရမည်ဖြစ်သည်။

ထိုသို့ မူလအနေအထားအတိုင်း ပြန်လည်မပြုပြင်ပါက ဒဏ်ငွေများ ချမှတ်ခံရမည်။

ထိုဥပဒေပုဒ်မ ၇၉ အရ(လျော်ကြေးငွေများကို အလွဲသုံးစားလုပ်ပါက)အရေး ယူခံရမည့်ပြစ်ဒဏ်များကို ပြဋ္ဌာန်းထား သည်။

မြေယာသိမ်းယူမှုအတွက် ပေးအပ်သော လျော်ကြေးငွေများနှင့်ပြန်လည်နေရာချထားရေး ထောက်ပံ့ကြေးများကို အလွဲသုံးစားလုပ်ခြင်း၊မတရားရယူခြင်း၊ဖြတ်စားခြင်းကို တင်းကျပ်စွာ တားမြစ်ထားပြီး ၎င်းသည် ပြစ်မှုဆိုင် ရာပြစ်မှုကို မြောက်စေသည်။

၂၀၂၁ ခုနှစ်၊တရုတ်ပြည်သူ့သမ္မတနိုင်ငံတရားမဥပဒေ(Civil Code)အရမည်သည့်အဖွဲ့အစည်း သို့မဟုတ် တဦးချင်းစီ၏တရားမဝင်ကျူးကျော်ဝင်ရောက်မှုမျိုးမှမဆို နိုင်ငံသားများ၏ပိုင်ဆိုင်ခွ င့်နှင့်အကျိုးခံစားခွင့်(မြေယာအသုံးပြုခွင့်)များကို ကာကွယ်ပေးထားသည်။

တရုတ်တရားမဥပဒေပုဒ်မ ၂၄၃အရ (မြေသိမ်းယူခြင်းနှင့်လျော်ကြေးပေးမှု အကာအကွယ်)များ ရှိသည်။

ထိုပုဒ်မအရအများပြည်သူအကျိုးစီးပွားအတွက် သမဝါယမပိုင်မြေများနှင့် နေအိမ်များကို သိမ်းယူနိုင်သော်လည်း ဥပဒေအရပြဋ္ဌာန်းထားသော အာဏာပိုင်နှင့်လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်သည်။

ထိုပုဒ်မတွင် အတိအလင်း ဖော်ပြထားသည်မှာ –

“သိမ်းယူခြင်းခံရသူများ၏တရားဝင်ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများကိုကာကွယ်စောင့်ရှောက်ရန်အတွက် မြေယာလျော်ကြေးကြေးများ၊ပြန်လည်နေရာချထားရေး ထောက်ပံ့ကြေးများနှင့် မြေပေါ်တွဲဖက်ပစ္စည်းများနှင့် သီးနှံနုများအတွက် လျော်ကြေးများကို အပြည့်အဝပေးချေရမည်။”ဟု ဖော်ပြထား သည်။

မည်သည့်အဖွဲ့အစည်း သို့မဟုတ် တဦးချင်းစီကိုမျှ လျော်ကြေးငွေများကို အ လွှဲသုံးစားလုပ်ခြင်း၊ကိုယ်ကျိုးရှာခြင်း၊ မတရားရယူခြင်း သို့မဟုတ် လျော် ကြေးပေးချေမှုကို ကြန့်ကြာအောင်ပြုလုပ်ခြင်းတို့ကို ပြတ်ပြတ်သားသားတားမြစ်ထားသည်။

တရုတ်တရားမဥပဒေပုဒ်မ ၂၃၃ မှ ၂၃ ၈ ထိတွင်(ဥပေဒချိုးဖောက်ခံရမှုများအတွက်ကုစားခွင့်များ)ကို ဖော်ပြထား သည်။

အကယ်၍မြေယာရပိုင်ခွင့်များ အဓမ္မသိမ်းယူခံရလျှင်၊ချိုးဖောက်ခံရလျှင် မြေယာအသုံးပြုခွင့်ရရှိထားသူဘက်မှ…

  • ရပိုင်ခွင့်များကို အတည်ပြုပေးရန် တောင်းဆိုခြင်း။
  • ပိုင်ဆိုင်မှုကို ပြန်လည်ပေးအပ်ရန်(ပြန်လည်သိမ်းပိုက်ခွင့်)တောင်းဆိုခြင်း။
  • မူလအခြေအနေအတိုင်း ပြန်လည်ပြုပြင်ပေးရန် တောင်းဆိုခြင်း။
  • နစ်နာဆုံးရှုံးမှုများအတွက်လျော် ကြေး တောင်းဆိုခြင်း…တို့ကို ပြုလုပ်နိုင်သ ည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံပြစ်မှုဆိုင် ရာဥပဒေအရ”မြေသိမ်းယူခြင်း”တွင်တရားမဝင် လွှဲပြောင်းမှုများ၊ပြင်းထန်သောအကြမ်းဖက်မှုများ၊ခြိမ်းခြောက်မှုများ၊စိုက်ပျိုးမြေများကို အကြီးအကျယ်ဖျက်ဆီးမှုများ ပါဝင်လာပါက ထိုလု ပ်ရပ်သည် တရားမအငြင်းပွားမှုအဆင့်မှပြစ်မှုဆိုင်ရာပြစ်မှုအဆင့်သို့ ရောက်ရှိသွားသည်။

တရုတ်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၂၈ အရ(တရားမဝင် မြေယာလွှဲပြောင်းခြ င်း)နှင့်ပတ်သက်သော တားမြစ်ချက်များကို ဖော်ပြထားသည်။

မြေယာစီမံခန့်ခွဲမှုဥပဒေများကိုချိုးဖောက်ပြီး အကျိုးအမြတ်အတွက် မြေ ယာအသုံးပြုခွင့်များကို ရောင်းချခြင်း၊ တရားမဝင်လွှဲပြောင်းခြင်း ပြုလုပ်သူ မည်သူမဆို မည်သည့်အာဏာပိုင်မဆို ထောင်ဒဏ်သုံးနှစ်မှခုနှစ်နှစ်ထိ ကျခံရနိုင်ပြီး ၎င်းအပြင် ငွေဒဏ်အများအ ပြားလည်း ချမှတ်ခံရနိုင်သည်။

တရုတ်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၄၂ အရ(စိုက်ပျိုးမြေကို တရားမဝင်သိမ်း ပိုက်ခြင်း)ကို တားမြစ်ထားသည်။

မြေယာစီမံခန့်ခွဲမှုဥပဒေများကို ချိုးဖောက်၍စိုက်ပျိုးမြေ၊သစ်တောမြေ သို့မဟုတ် အခြားလယ်ယာမြေများကို တရားမဝင် သိမ်းပိုက်ပြီး ၎င်း၏အသုံး ချမှုကို အကြီးအကျယ်ပြောင်းလဲကာ မြေယာသယံဇာတများကို ပျက်စီးစေပါက ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ ချုပ်ရက်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ(သို့မ ဟုတ်)ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှ တ်နိုင်သည်။

တရုတ်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၀ အရ(မြေယာသိမ်းယူမှုကို တရားမဝင် ခွင့်ပြုပေးခြင်း)ကို တားမြစ်ထားသည်။

မိမိတို့၏အာဏာကို အလွှဲသုံးစားလုပ်ခြင်း၊မျက်နှာလိုက်ခြင်း သို့မဟုတ် မြေ ယာသိမ်းယူမှုနှင့် သိမ်းပိုက်မှုများကိုတ ရားမဝင် ခွင့်ပြုပေးခဲ့သော အစိုးရအ ရာရှိများသည် ပြစ်မှုဆိုင်ရာပြစ်ဒဏ်စီ ရင်ခြင်းကို ရင်ဆိုင်ရမည်။

တရုတ်မြေယာစီမံခန့်ခွဲမှုဥပဒေသည် ကျေးလက်/သမဝါယမပိုင်မြေများကို ကိုင်တွယ်ဖြေရှင်းသည်။

တရုတ်နိုင်ငံပိုင်မြေပေါ်ရှိ နေအိမ်များကို သိမ်းယူခြင်းနှင့်လျော်ကြေးပေးခြ င်းဆိုင်ရာ စည်းမျဉ်းဥပဒေ(၂၀၁၁ ခုနှစ်)က ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအ တွက် နိုင်ငံပိုင်မြေကို ပြန်လည်သိမ်းယူသည့် မြို့ပြဒေသများကို လွှမ်းခြုံသည်။

(ထိုဥပဒေကို တရုတ်လို ချိုင်ချန့် – Chaiqian သို့မဟုတ် အဆောက်အအုံဖျက်သိမ်းခြင်းဥပဒေဟု အလွယ်ခေါ်လေ့ရှိသည်)။

တရုတ်နိုင်ငံပိုင်မြေပေါ်ရှိ နေအိမ်များကို သိမ်းယူခြင်းနှင့်လျော်ကြေးပေးခြင်းဆိုင်ရာ စည်းမျဉ်းဥပဒေပုဒ်မ ၁၇ နှ င့် ၁၉ အရ လျော်ကြေးငွေတွင် သိမ်းယူခံရသောအိမ်၏တန်ဖိုး(၎င်းတန်ဖိုးသည် မြေသိမ်းယူကြောင်းအကြောင်း ကြားစာထုတ်ပြန်သည့်နေ့ရှိ အလားတူအိမ်ခြံမြေ၏ စျေးကွက်ပေါက်စျေးထ က်မနိမ့်စေရသောတန်ဖိုး)၊ပြောင်းရွှေ့စရိတ်များနှင့်စီးပွားရေးလုပ်ငန်းထုတ် လုပ်မှု ရပ်ဆိုင်းသွားခြင်းကြောင့်ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများအတွ က်လျော်ကြေးများ ပါဝင်ရသည်။

ထိုဥပဒေပုဒ်မ ၂၇ အရ(အကြမ်းဖက်မှု တားမြစ်ထားသည်)။ ထိုပုဒ်မသည် နေ ထိုင်သူများကို ဖယ်ရှားရန် တွန်းအားပေးသည့်အနေဖြင့် အကြမ်းဖက်မှု၊ခြိ မ်းခြောက်မှု၊ဖိအားပေးမှု၊တရားမဝင်န ည်းလမ်းများ(ဥပမာ – ရေ၊မီး သို့မဟုတ် အပူပေးစနစ်များကို ဖြတ်တောက်ခြင်း)ကို အသုံးပြု၍ အဓမ္မ ရွှေ့ပြောင်းခို င်းခြင်းကို တားမြစ်ထားသည်။

အဘယ်ကြောင့်ဆိုသော် ထိုနည်းလမ်း များက ယခင်က မြို့ပြမြေသိမ်းယူမှု ဖြစ်စဉ်များတွင် အာဏာပိုင်များ အသုံးများသောနည်းဗျူဟာများ ဖြစ်ခဲ့သည်။

ယခုအခါတော့ တရုတ်တို့ ထိုသို့လူမဆန်သောနည်းလမ်းများ၏ဆိုးကျိုးများကို မြင်လာ၍စွန့်လွတ်ကာ လူလိုသူလို တွေးတော လုပ်ကိုင်လာပြီဖြစ်သည်။

ရခိုင်ဒေသတွင် တရုတ်၏တပါတီစနစ်ကို အားကျနေသူများရှိသည်။

ထိုသို့အားကျလျှင် တရုတ်တို့၏မြေ ယာမူဝါဒများကိုလည်း အတုယူသင့်သည်။

ထိုသို့ပြောလာလျှင် ရုရှားတို့၊တရုတ်တို့ ကော Common law စနစ်မဟုတ် Civil Law စနစ်ဖြစ်နေ၍ဘာဖြစ်သည်။ ညာဖြစ်သည်ဟုအကြောင်းပြနေလျှင် ဗြိ တိသျှတို့လုပ်ပေးခဲ့သောCommon law အခြေပြု ၁၈၉၄ ခုနှစ်၊မြေသိမ်းဥပဒေ အကြောင်း ဆက်ဖော်ပြပါမည်။

ဆက်ရန်…

ကိုးကား…

  • https://www.researchgate.net/publication/5129602_Land_Acquisition_Compensation_in_China_-Problems_Answers?hl=en-GB
  • https://www.mdpi.com/2071-1050/16/16/6791?hl=en-GB
  • http://english.moa.gov.cn/policies/201910/t20191009_297826.html?hl=en-GB
  • http://english.moa.gov.cn/policies/201910/t20191009_297826.html?hl=en-GB#:~:text=No%20units%20or%20individuals%20may,land%20and%20give%20compensation%20accordingly.

PrevPreviousဒေါ်နယ်ထရမ့်မျက်နှာပါတဲ့ ၂၅၀ တန် ဒေါ်လာငွေစက္ကူအသစ် ရိုက်နှိပ်ဖို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး အတည်ပြု
Nextမင်းဘူးမှာ အာဏာသိမ်းစစ်တပ်ထောက်ပို့ကား တိုက်ခိုက်ခံရလို့ ၆ ဦးသေဆုံးကာ ၃ ဦး ဖမ်းမိNext
Previous Post

ဒေါ်နယ်ထရမ့်မျက်နှာပါတဲ့ ၂၅၀ တန် ဒေါ်လာငွေစက္ကူအသစ် ရိုက်နှိပ်ဖို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး အတည်ပြု

Next Post

မင်းဘူးမှာ အာဏာသိမ်းစစ်တပ်ထောက်ပို့ကား တိုက်ခိုက်ခံရလို့ ၆ ဦးသေဆုံးကာ ၃ ဦး ဖမ်းမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - မြောက်ဦးမြို့ပြတည်ဆောက်ရေးစီမံကိန်းဖော်ဆောင်မယ့်မြေနေရာ / BNA

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မြို့ပြစီမံကိန်းတွေ ဖော်ဆောင်နေ

May 30, 2026

မင်းအောင်လှိုင်ကြောင့် မိုဒီရဲ့ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ဒေလီရောက်မြန်မာတွေ ဆို

May 30, 2026

မြောက်ဦး မြို့ပြတည်ဆောက်ရေး စီမံကိန်းအကောင်အထည်ဖော်နေ

May 30, 2026

ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ ထရမ့် တောင်းဆို

May 30, 2026

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မြို့ပြစီမံကိန်းတွေ ဖော်ဆောင်နေ

မင်းအောင်လှိုင်ကြောင့် မိုဒီရဲ့ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ဒေလီရောက်မြန်မာတွေ ဆို

မြောက်ဦး မြို့ပြတည်ဆောက်ရေး စီမံကိန်းအကောင်အထည်ဖော်နေ

ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ ထရမ့် တောင်းဆို

အာဏာသိမ်းစစ်တပ်ရဲ့ ကျောက်လုံးကြီးဗျူဟာစခန်းကို KNU ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကျောက်ဖြူမှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးပစ်ခတ်လို့ စစ်ဘေးရှောင်တဦး သေဆုံး

Releated Post

ဓာတ်ပုံ - မြောက်ဦးမြို့ပြတည်ဆောက်ရေးစီမံကိန်းဖော်ဆောင်မယ့်မြေနေရာ / BNA

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မြို့ပြစီမံကိန်းတွေ ဖော်ဆောင်နေ

May 30, 2026

မင်းအောင်လှိုင်ကြောင့် မိုဒီရဲ့ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ဒေလီရောက်မြန်မာတွေ ဆို

May 30, 2026

မြောက်ဦး မြို့ပြတည်ဆောက်ရေး စီမံကိန်းအကောင်အထည်ဖော်နေ

May 30, 2026

ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ ထရမ့် တောင်းဆို

May 30, 2026

အာဏာသိမ်းစစ်တပ်ရဲ့ ကျောက်လုံးကြီးဗျူဟာစခန်းကို KNU ပူးပေါင်းတပ်တွေ သိမ်းပိုက်

May 30, 2026

ကျောက်ဖြူမှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးပစ်ခတ်လို့ စစ်ဘေးရှောင်တဦး သေဆုံး

May 30, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page