Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – ၆

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဇွန် ၁၀။

မြန်မာနိုင်ငံ၏ မြေသိမ်းပြဿနာ

၁၈၉၄ခုနှစ်၊မြေသိမ်းဥပဒေ၏ အကျိုးဆက်များကို မြန်မာနိုင်ငံသည်လည်း အိန္ဒိယနည်းတူ ခံစားခဲ့ရသည်။

ဥပဒေနှင့်နိုင်ငံရေးဆိုင်ရာဘက်မှကြည့်လျှင့် ပြည်သူသည် အချုပ်အခြာအာဏာ၏မူလပိုင်ရှင်ဖြစ်၍ ကိစ္စရပ်တခုအပေါ် မစတင်ခင်အချိန်၊စတင်ချိန်၊ ဆောင်ရွက်နေချိန်၊ဆောင်ရွက်ပြီးချိန် စသည့်ဖြစ်စဉ်တလျှောက်လုံး ပါဝင်ပတ်သက်ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသည်။

၁၈၉၄ ခုနှစ်၊မြေသိမ်းဥပဒေမှာ ထိုသဘောကို မျက်ကွယ်ပြုထားသည်။ လျော်ကြေးဆိုင်ရာအငြင်းပွားမှုတခုတွင်သာ အနည်းငယ်လမ်းဖွင့်ထားသ ည်။

သို့ဖြစ်၍ ၁၈၉၄ ခုနှစ်၊မြေသိမ်းဥပဒေ၏အကျိုးဆက်မှာဗြူရိုကရက်(အုပ်ချုပ်ရေးယန္တရာထဲမှလူများ)လက်တွင်သာ ဆုံးဖြတ်ခွင့်အာဏာများ ရောက်ရှိသွားတော့သည်။

ဤတွင် ဗြူရိုကရက်တို့၏ အာဏာစက်ထုတ်ပြခြင်းရှိလာတော့သည်။ပြည်သူ လူထု၏ရပိုင်ခွင့်ကို ပိတ်ဆို့ထားသော အာဏာစီမံခန့်ခွဲမှုဖြစ်စဉ်တွင် ဗြူရိုက ရက်တို့၏အာဏာစက်သည် ပြည်သူလူ ထုအကျိုးစီးပွားကို ဖော်ဆောင်ရန်မဟု တ်တော့ဘဲ ဖိနှိပ်မှုဖြင့်အာဏာတည်မှုကိုသာ ရှေ့ရှူတော့သည်။ဖိနှိပ်မှုအား ခံရဖန်များလာသောအခါ လူထုဟူသည် အကြောက်တရားနေရာတွင် ခံပြင်းမှုနှင့် ဒေါသကို ရောက်သွားကာ ပြန်လည်တွန်းကန်လာတတ်သည်။

ဤသို့ဖြင့် လူ့အဖွဲ့အစည်းတခု၏ ငြိမ်းချမ်းမှုပျက်သွားတော့သည်။

၁၈၉၄ ခုနှစ်၊မြေသိမ်းဥပဒေအရ ဗြူရိုကရက်တို့သည် အာဏာကို လူထုမှကင်းကွာကာ တလွဲတချော် အဓိပ္ပါယ်ဖွင့်ဆိုတော့သည်။

၎င်းတို့အဓိပ္ပါယ်ဖွင့်ဆိုပုံကား ရေထု၊ မြေထု၊လေထုကို နိုင်ငံတော်ကပိုင်သည်ဟူသော စကားပင်ဖြစ်သည်။

နိုင်ငံတော်၏မူလပိုင်ရှင်မှာ ပြည်သူဆိုသောအချက်ကို မသိဟန်ဆောင်ကာ”ခက်ထန်စွာအာဏာပြမှုအပေါ် အရသာတွေ့နေတတ်သည်။”

ထိုအရသာကိုပင်”အစိုးရတရပ်၏အာဏာတည်အောင်ပြုမှုခြင်း(State Building)”သဖွယ် ပြောဆိုပြန်သည်။

ဤသို့ဖြင့် State Building ဟူသည် “လုပ်ပိုင်ခွင့်ရှိသူများမှ ဗြူရိုကရေစီကို အသုံးချ၍လူထုကိုဖိနှိပ်ခြင်း”ဆိုသော အဓိပ္ပါယ်ကို ရောက်သွားတော့သည်။

အာဏာဖြစ်စဉ်တလွှဲတချော်ဖြစ်မှုတွင် “လွှဲနေသောအမြင်ခံယူချက်”များလည်းပါနေသည်ကို ထောက်ပြလိုရင်းဖြစ်သည်။

ဤအကျိုးဆက်များက လူထုမှအယုံအကြည်ကင်းမဲ့ခြင်း၊ဖွံ့ဖြိုးတိုးတက်မှုနှိမ့်ကျခြင်း၊တရားမျှတမှုကင်းမဲ့ခြင်း၊ဆင်းရဲမွဲတေမှု၊လူတန်းကွာဟမှု၊ပဋိပက္ခ ဆိုသည့်ဖြစ်ရပ်များကို အိန္ဒိယတိုက်ငယ်တခုလုံးခံလိုက်ရတော့သည်။

မြန်မာနိုင်ငံသည်လည်း ထိုနည်းလည်း ကောင်းပင်…။

၂၀၁၀ ပြည့်လွန်ကာလများတွင် နိုင်ငံတကာ၌ ပဋိပက္ခပြဿနာများကို အဖြေရှာကြရာတွင် မြေယာဆိုင်ရာတရားမျှတမှုကိုပါ ထည့်သွင်းစဉ်းစားလာရတော့သည်။

ဤသို့ဖြင့် လူသားတို့၏ပဋိပက္ခဖြေရှင်းမှုဆိုင်ရာတန်ဖိုးများ မြင့်တက်လာပြီးနောက်ပိုင်းတွင် ကမ္ဘာ့နိုင်ငံတော်တော်များများသည် မြေယာဆိုင်ရာစီမံခန့်ခွဲမှုတွင် လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာဆိုင်ရာ တရားမျှတမှုကိုပါ ထည့်သွင်းကာ ဥပဒေများကို ပြင်ဆင်ဖြည့်စွက်လာကြသည်။

၂၀၁၀ ပြည့်လွန်ကာလများတွင် မြေယာအခွင့်အရေးဆိုင်ရာတောင်းဆိုမှုများက ကမ္ဘာတဝှမ်းတွင် နည်းအမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် ရှိနေခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ထိုသို့ဂယက်ရိုက်ခတ်မှုများရှိခဲ့သည်။

သို့သော် ကမ္ဘာတဝှမ်း၌မြေယာဆိုင်ရာ စီမံခန့်ခွဲမှုများတွင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ တရားမျှတမှုအား တသီးပုဂ္ဂလအခွင့်အရေးအပေါ် လမ်းဖွင့်ပေးခြင်းဖြင့်လည်းကောင်း၊ ဗဟိုချုပ်ကိုင်မှုနှင့်တင်းကြပ်မှုများအားဖြေလျော့ပေးခြင်းဖြင့်လည်းကောင်း ပြန်လည်ကုစားတည်ဆောက်နေချိန်တွင် မြန်မာနိုင်ငံ၌ကား လယ်ယာမြေဥပဒေ၊မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေများသာ ထွက်ပေါ်လာသည်။

လယ်ယာမြေဥပဒေ၌ကား အငြင်းပွားမှုကို ရပ်ရွာအဆင့်တွင် လူထုကိုယ်စားပြုသူအချို့နှင့် စတင်ကြားနာခွင့်ပေးထားသော်လည်း ရလဒ်မှာ ပီပီပြင်ပြင်မရှိခဲ့ပေ။

ရပ်ရွာအဆင့်လယ်ယာမြေစီမံခန့်ခွဲမှုအဆင့်များသည် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး အာဏာနှစ်ခုကို တပိုင်းတစရောနှောပေးရသော အင်စတီကျူရှင်းများဖြစ်လေရာ ရှေ့နေရှေ့ရပ်အသုံး ပြုခွင့်၊ဂျူရီစနစ်ထားခွင့်၊အများပြည်သူရှေ့တွင်ကြားနာမှု စသည့် တရားစီရ င်ရေး လက္ခဏာများက အားနည်းနေခဲ့သည်။

မြေလွတ်၊မြေလပ်၊မြေရိုင်းကိစ္စရပ်တွင်လယ်ယာမြေကဲ့သို ရပ်ရွာအဆင့်က စတင်ကြားနာခွင့်ပင်မရှိပေ။

ဓလေ့ထုံးထမ်းအရ လုပ်ကိုင်စားသောက်နေသော ရပ်ရွာလူအဖွဲ့အစည်း၏စုပေါင်းအခွင့်အရေးကိုသော်လည်းကောင်း၊တဦးချင်းအခွင့်အရေးကိုသော်လည်းအထောက်အထားထုတ်ပေးရန်ကိစ္စရပ်အား မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေတွင် ကြိုးနီအဆင့်ဆင့်တားထားသည်။

ဓလေ့ထုံးတမ်းအရ လုပ်ကိုင်စားသောက်မှီခိုနေရသော မြေအပေါ် ဥပဒေအရ အသေအချာဖွင့်ဆိုမှုမပြုဘဲ ရပ်ရွာအုပ်ချုပ်ရေးထောက်ခံချက် အသွင်ယူမှုအောက်တွင်သာ ဟိုမရောက်သည်မရောက်လုပ်ထားသည်။

ဤသို့ဖြင့် ဆယ်စုနှစ်တခုနီးပါးကြာ ဖြတ်သန်းကာ ၂၀၁၉ ခုနှစ်သို့ ရောက်ခါမှ ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေအား ပြုပြင်ပြောင်းလဲကာ ဥပဒေသစ်တရပ်တွင်လာသည်။

ထိုဥပဒေသစ်ကား မြေသိမ်းခြင်း၊ပြန် လည်ထူထောင်ခြင်းနှင့်ပြန်လည်နေရာချထားခြင်းဥပဒေ( Land Acquisition, Resettlement, and Rehabilitation (LARR) Law (2019)) ဖြစ်သည်။

၁၈၉၄ ခုနှစ်၊မြေသိမ်းဥပဒေနှင့် ၂၀၁၉ ခုနှစ်၊မြေသိမ်းဥပဒေကွာခြားချက်

၁၈၉၄ ဥပဒေနှင့်၂၀၁၉ ဥပဒေတွင် “မြေကာလပေါက်ဈေး” ကိုအခြေခံထားသည်။

ဥပဒေကြောင်းအရ လုပ်ငန်းစဉ်တွင် အာဏာပိုင်များဘက်မှတမင်ညှင်းဆဲမှု (ဥပမာ- လျော်ကြေးအား ရည်ရွယ်ချက်ချက်နှိမ့်ထားခြင်း၊လူထု၏တရားရုံးဆို င်ရာလုပ်ငန်းစဉ်နှင့်ဥပဒေလုပ်ငန်းစဉ် မကျွမ်းကျင်မှုကို အခွင့်အရေးယူကာ ဖိ နှိပ်ခြင်း၊အချိန်ဆွဲကာ ဖိအားပေးခြင်း) စသည့် ကိစ္စရပ်များအပေါ် ကာကွယ်ရန် ၁၈၉၄ ခုနှစ်၊ဥပဒေတွင် မပါရှိပေ။

၂၀၁၉ ဥပဒေတွင်လည်း ထိုသို့ဖြစ်ပေါ် လာပါက တိုက်ရိုက်တိုင်ကြားနိုင်သော ဥပဒေလုပ်ငန်းစဉ်ကို ဖော်ပြမထားပေ။

သို့သော် ၂၀၁၉ ဥပဒေတွင် မြေယာတန် ဖိုးတွက်ချက်မှု၌”လက်ရှိအမှန်တကယ် ဖြစ်ပေါ်နေသော ကာလပေါက်ဈေး”သ တ်မှတ်မှုတွင် ပိုမိုတိကျမှုရှိလာသည် ။

မြေနှင့်အရည်အသွေးတူ၊တည်နေရာတူ မြေကွက်များ၏နောက်ဆုံးအရောင်းအ ဝယ်ဖြစ်ခဲ့သည့်ဈေးနှုန်းများ၊အဆိုပါ မြေအား အစားထိုးဝယ်ယူမည်ဆိုပါက ကုန်ကျမည့်”အစားထိုးလဲလှယ်စရိတ် (Replacement Cost)”ကိုပါ ကာလပေါက်စျေးသတ်မှတ်မှုတွင် ထည့်သွင်းစဉ်း စားပေးထားသည်။

မြေသိမ်းခံရမှုအတွက် စိတ်ဆင်းရဲရမှု၊ အဓမ္မသိမ်းယူခံရမှုကြောင့် ထိခိုက်နစ် နာမှုဆိုင်ရာဥပဒေအရအပိုဆောင်းကြေး(Solatium)ရာခိုင်နှုန်းမှာ ၂၀၁၉ ဥပဒေက ၁၈၉၄ ဥပဒေထက် သာလွန်သည်။

၁၈၉၄ ဥပဒေမှာ မြေတန်ဖိုး၏တဆယ့်ငါးရာခိုင်နှုန်းကိုသာ ပေးသော်လည်း ၂၀၁၉ ဥပဒေမှာ အခြေအနေအပေါ် မူ တည်ပြီး အပိုဆောင်းကြေးကို ခုနှစ်ဆ ယ်ငါးရာခိုင်နှုန်းထိတိုးမြှင့်သတ်မှတ်ပေးထားလာသည်။(ဥပမာ – အများပြ ည်သူအကျိုးစီးပွား စီမံကိန်းဖြစ်ပါက မြေတန်ဖိုး၏ခုနှစ်ဆယ်ငါးရာခိုင်နှုန်း၊အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ်စီမံကိန်းဖြစ်ပါက ငါးဆယ်ရာခိုင်နှုန်းစသဖြင့် ခွဲခြားပြီး ပိုမိုများပြားစွာ ပေးလျော်ရန် ပြဋ္ဌာန်းထားသည်။

ဥပမာ-မြေနှင့်အဆောက်အအုံစုစုပေါင်းတန်ဖိုးကျပ်သိန်းတထောင်ဟု ထွက်လာလျှင်ခုနှစ်ဆယ်ငါးရာခိုင်နှုန်းဖြစ်သည့်ကျပ်သိန်းခုနှစ်ရာငါးဆယ်ထပ်ပေါင်းပေးရသဖြင့် စုစုပေါင်းကျပ်သိန်းတထောင်ခုနှစ်ရာငါးဆယ်ရရှိမည်။

အစိုးရနှင့်ပုဂ္ဂလိကဖက်စပ်စီမံကိန်း (PPP)ဖြစ်လျှင်:စုစုပေါင်းတန်ဖိုး၏ ငါးဆယ်ရာခိုင်နှုန်းဖြစ်သည့်အတွက်ကျပ်သိန်းတထောင့်ငါးရာရရှိမည်ဖြစ်သည်။

လျော်ကြေးမူဘောင်သတ်မှတ်မှု အတိုင်းအတာတွင် ၁၈၉၄ ဥပဒေ၌ မြေပေါ် အဆောက်အအုံ၊သီးနှံ/သစ်ပင်ဖျက်ဆီးခံရမှုနှင့်ရွေ့ပြောင်းမှုစာရိတ် ကာမိရုံတွက်ချက်ပေးသည်။

သို့သော် မြေသိမ်းခံရသူ၏ လူမှုစီးပွားဘဝအားပြန်လည်ထူထောင်ရေးနှင့်ပြန်လည်နေရာချထားရေးအပိုင်းမပါဝင်ပေ။

၂၀၁၉ ဥပဒေတွင် လျော်ကြေးတင်မက “ပြန်လည်နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေး”ပါ ပူးတွဲပါဝင်လာသည်။

၁၈၉၄ ဥပဒေတွင် ကနဦးလျော်ကြေးဆုံးဖြတ်မှု၌ အစိုးရဘက်မှအသာစည်းယူထားသည်။

ပြည်သူဘက်က မကျေနပ်ပါက တရားရုံးဖြစ်စဉ်ကိုသာ သွားရတော့သည်။

၂၀၁၉ ဥပဒေတွင် လူသားဂုဏ်သိက္ခာကို အနည်းငယ်ဦးစားပေးလာသည်။ လျော်ကြေးမသတ်မှတ်မီ ဥပဒေအရ “မြေယာတန်ဖိုးအကဲဖြတ်ရေးအဖွဲ့”ဖွဲ့စည်းရပြီး ထိုအဖွဲ့ထဲတွင် ဒေသခံပြည်သူကိုယ်စားလှယ်များ ပါဝင်လာခွင့်ရှိလာသည်။

ထိုပြင်လျော်ကြေးပမာဏကို မကျေနပ်ပါက ကန့်ကွက်လွှာတင်သွင်းခွင့်နှင့်အယူခံဝင်ခွင့် လုပ်ထုံးလုပ်နည်းများကို ပို မိုတိကျစွာ ပြဋ္ဌာန်းလာသည်။

သို့သော် ၁၈၉၄ ဥပဒေတွင်ကော၊၂၀၁၉ ဥပဒေတွင်ပါ မြေမသိမ်းရန်အတွက် အစိုးရအားကန့်ကွက်တရားစွဲခွင့်မရှိပေ။

ထိုပြင် မြေသိမ်းသင့်၊မသင့်ဆုံးဖြတ်မှုအဆင့်တွင်ပင် ကာယံရှင်လူထုပါဝင်ခွင့်အား ဥပဒေကြောင်းအရလမ်းဖွင့်မပေးထားသေးပေ။

ထိုအဆင့်တွင် တရုတ်တို့က လူထုကြား နာပွဲနှင့်ဖြေရှင်းသည်။

အိန္ဒိယတို့က ကာယကံရှင်မိသားစုရှစ်ဆယ်ရာခိုင်နှုန်းသဘောတူညီချက်ဖြင့် ဖြေရှင်းသည်။

ရုရှားတို့က အစိုးရကို တရားစွဲရန် တရားရုံးလမ်းကြောင်းကို ဖွင့်ပေး၍ ဖြေရှင်းသည်။

ဗြိတိန်တို့က လွှတ်တော်ကြားနာမှုဖြင့် ဖြေရှင်းသည်စသဖြင့် လူ့ဂုဏ်သိက္ခာကိုပေးကြသည်။

ဘင်္ဂလားဒေ့ရှ်နှင့်တရုတ်တွင်လျော် ကြေးငွေကို အဆဖြင့်ပေးမှုတွင် လက် သံပြောင်ထားသည်။

အိန္ဒိယတွင် မြေသိမ်းလျှင် မြေပိုင်ရှင်လောက်သာမဟုတ် ထိုမြေအပေါ်တွင် မှီခိုနေရသော အလုပ်သမားများကို ပြန် လည်နေရာချထားရန် စဉ်းစားမှုက ပို၍ လက်သံပြောင်ပြထားသည်။

မြေပိုင်ရှင်မဟုတ်သော မြေကိုမှီခိုနေရသူ အလုပ်သမားများအတွက် ထည့်သွင်းစဉ်းစားချက်က ၁၈၉၄ ဥပဒေတွင် မျက်ကွယ်ပြုထားသည်။

၂၀၁၉ ဥပဒေတွင်မြေမသိမ်းခင်း(EIA/SIA)အကဲဖြတ်ချက်များနှင့်ပြန်လည်ာထူထောင်ရေးအစီအစဉ် (Resettlement, Rehabilitation Plan- RRP)ကို ဖော်ပြထားသော်လည်း အိန္ဒိ ယလောက် လက်သံပြောင်မှုမရှိပေ။

မြန်မာနိုင်ငံတွင် ဓလေ့ထုံးတမ်းအရလုပ်ကိုင်စားသောက်မှီခိုနေရသော မြေအ ပေါ် ဥပဒေအရအသေအချာ ဖွင့်ဆိုမှုမရှိပေ။

လူမျိုးစုများ၊လူနည်းစုများ၏မြေယာဆိုင်ရာဓလေ့ထုံးတမ်းပိုင်ဆိုင်မှုများကို အသိအမှတ်ပြုသောဥပဒေဖြစ်စဉ်မရှိပေ။

ထိုအချက်က ၂၀၁၉ ဥပဒေအပေါ် ရိုက် ခတ်မှုရှိသည်။အကယ်၍ဒေသခံလူထု၊ လူမျိုးစုများဘက်က အသံထွက်မှုအား နည်းလျှင်လည်းကောင်း၊(EIA/SIA) ဆောင်ရွက်သူဘက်မှလျစ်လျူရှူမိလျှ င်လည်းကောင်း အထောက်အထားမရှိသော ဓလေ့ထုံးတမ်းအရ အသုံးချနေသည့်မြေများအတွက် အာမခံချက်သိ ပ်မရှိပေ။

၂၀၁၉ ဥပဒေတွင် အထောက်အထားမရှိသော ဓလေ့ထုံးတမ်းအရ အသုံးချနေသည့်မြေများကိုလည်း ထည့်သွင်းစဉ်း စားရမည်ဟုဖော်ပြထားသော်လည်း ဥ ပဒေလုပ်ထုံးလုပ်နည်းများကို ဖော်ပြထားခြင်းမရှိပေ။

ရခိုင်ဒေသအပေါ်ရိုက်ခတ်နေသောအ ချက်များ

မြန်မာနိုင်ငံ၏ပြဿနာမှာ ၂၀၁၉ ဥပ ဒေစာအုပ်တွင် ပြည်သူများအားအကာ အကွယ်ပေးသောပြဋ္ဌာန်းချက်များ၊ပြန် လည်နေရာချထားရေးနှင့်ဘဝပြန်လ ည်ထူထောင်ရေးလုပ်ငန်းစဉ်များတိုးတ က်ပါဝင်လာသည်မှန်သော်လည်း၊လက် တွေ့မြေပြင်အကောင်အထည်ဖော်မှုအ ပိုင်းတွင် အာဏာပိုင်များ၏ပွင့်လင်းမြ င်သာမှုရှိမရှိခြင်း၊ကိုယ်ကျိုးစီးပွားရှာခြင်း၊တရားဥပဒေစိုးမိုးမှုအားနည်းခြ င်းစသည့်အချက်များကြောင့် လူထုမှာ ပြဋ္ဌာန်းထားသော်လည်း အခွင့်အရေးမရသည့်အခြေအနေတွင် ရှိနေသေးသ ည်။

ရခိုင်ဒေသတွင်လည်း မြေယာဆိုင်ရာမူ ဝါဒများထွက်လာရန် ရုန်းကန်နေရသေးသည်။

သို့ဖြစ်၍ရေးသားထုတ်ပြန်ပြီးသား အခြေအနေတွင်ပင် မရှိသေးပေ။

တဖက်တွင် မြန်မာ့နိုင်ငံရေး၏ရိုက်ခ တ်မှုဖြစ်သော ပွင့်လင်းမြင်သာမှုရှိမရှိခြင်း၊ကိုယ်ကျိုးစီးပွားရှာခြင်း၊တရားဥပဒေစိုးမိုးမှုအားနည်းခြင်းဆိုသည့်အ လေ့အကျင့်များ ရခိုင်ဒေသတွင် ရှိနေ ကျန်နေသေးသည်။

ထို့ပြင် “လူထုအားဝန်ဆောင်မှုပေးခြင်း” အစား “လုပ်ပိုင်ခွင့်ရှိသူများမှဗြူရိုကရေစီကိုအသုံးချ၍လူထုကိုဖိနှိပ်ခြင်း” အဓိပ္ပါယ်ကိုသာ State Building အဖြစ် အရသာတွေ့နေသောအတွေးအမြင်အချို့လည်း တစတစတဖြေးဖြေးနေရာယူလာသည်ကိုလည်း တွေ့နေရသည်။

ထိုအခြေအနေမျိုး၌ မြေသိမ်းမှုမှာ ပြည်သူများအား အကြောက်တရားဘက်ကိုသာတွန်းပို့ခြင်း ဖြစ်နေတတ်သည်ကိုလည်း ရခိုင်ဒေသအနေဖြင့် ဂရုပြုသင့်သည်။

ဆက်ရန်…

PrevPreviousငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ
Nextဒီလပ်တပ်ဖွဲ့ဝင်တချို့နဲ့အုပ်ချုပ်ရေးမှူးတချို့ဘိန်းစာရွက်ပင်သုံးစွဲနေNext
Previous Post

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

Next Post

ဒီလပ်တပ်ဖွဲ့ဝင်တချို့နဲ့အုပ်ချုပ်ရေးမှူးတချို့ဘိန်းစာရွက်ပင်သုံးစွဲနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page