Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် နိုင်ငံရေး ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

ဒီလပ်တပ်ဖွဲ့ဝင်တချို့နဲ့အုပ်ချုပ်ရေးမှူးတချို့ဘိန်းစာရွက်ပင်သုံးစွဲနေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ဇွန် ၁၀။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ် မြေတွေမှာ အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရက အာစီယံ(ခေါ်)ဘိန်းစာရွ က်ပင်တွေကို ရှင်းလင်းသုံးစွဲခွင့်ပိတ်ထားပေမယ့် ဒီလပ်အဖွဲ့ဝင်တချို့နဲ့အုပ်ချုပ်ရေးမှူးတချို့သုံးစွဲနေကြတယ်လို့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီဘိန်းစာရွက်ပင်တွေကို အုပ်ချုပ်ရေး၊တရားဥပဒေစိုးမိုးရေး၊ပြည်သူ့လုံ ခြုံရေးဌာနတွေပူးပေါင်းပြီး ပြီးခဲ့တဲ့နှစ်ကစတင်ရှင်းလင်းသုံးစွဲ၊ရောင်းချခွင့်ပိတ်ထားတားမြစ်ထားတာပါ။

ဒါပေမယ့် ပုဏ္ဏားကျွန်းမြို့နယ်ကကျေး ရွာတချို့မှာ ဒီလပ်အဖွဲ့ဝင်တချို့နဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့သုံးစွဲနေကြတာမို့ အရပ်သားပြည်သူတွေယုံကြည်မှုတွေကျဆင်းလာစေတယ်လို့ ဆိုကြပါတယ်။

“အာဆီယံပင်တွေကို ကျန်တဲ့ဖက်မှာတော့မသိပါဘူး။ကျနော်တို့ဖက်မှာတော့ တားဆီး၊ပိတ်ပင်ထားသူတွေကို ယ်တိုင်က သုံးစွဲနေကြတာရှိနေပါသေးတယ်။အဲဒီထဲမှာ အုပ် ချုပ်ရေးမှူးတချို့နဲ့ဒီလပ်တပ်ဖွဲ့ဝင်တချို့လည်းပါတ ယ်။ပြည်သူတွေလည်းပါတာပေါ့။”လို့ပုဏ္ဏားကျွန်းမြို့နယ်၊မှိုဟင်းတောရပ်ရွာနေသူတဦးက Border News Agencyကို ပြောပါတယ်။

အဲဒီဘိန်းဇာရွက်ပင်(ခေါ်)အာစီယံကိုသုံးစွဲနေကြတဲ့အုပ်ချုပ်ရေးမှူးတချို့နဲ့ဒီလပ်တပ်ဖွဲ့ဝင်တချို့အမည်ကို ရပ်ရွာနေပြည်သူတွေသိနေကြပေမယ့် သူတို့လုံခြုံရေးအရမပြောရဲကြဘူးလို့ ဆိုကြပါတယ်။

ဒါပေမယ့် ရပ်ရွာနေပြည်သူတွေကို လုံခြုံရေးအရအကာအကွယ်ပေးပြီး တာဝန်ရှိသူတွေလာရောက်စုံစမ်းမေးမြန်ရ င် ရပ်ရွာနေပြည်သူတွေ အမှန်အတိုင်းပြောဆိုနိုင်တယ်လို့ မှိုဟင်တောရွာသားတွေက ဆိုကြပါတယ်။

“စုံစမ်းကြည့်ရင် ဘယ်လောက်မှမကြာလောက်ပါဘူး။ ကျနော်တို့ ရွာကိုဆိုရင် နီးစပ်ရာဒီလပ်စခန်းက ဒီလပ်တပ်ဖွဲ့ဝင်တချို့ ညနေ နေဝင်ပြီဆိုနေ့တိုင်း ရော က်ပါတယ်။ရွာခံအသိတွေနဲ့ အာစီယံ သောက်ဖို့ပေါ့။အုပ်ချုပ်ရေးမှူးလည်း ဒါကို မပြောပါဘူး။မတားဘူး။ပြီးတော့ ကျတော်တို့ရွာနဲ့နီးစပ်တဲ့ရွာက အုပ်ချု ပ်ရေးမှူးတွေဆိုရင် အာစီယံမင်းလို့တောင် ပြောနေကြပါပြီ။ဘယ်သူဘယ် ဝါဆိုတာကိုတော့ နာမည်ထည့်မပြောရဲပါဘူး။”လို့ ပုဏ္ဏားကျွန်းမြို့နယ်၊မှိုဟင်းတောရပ်ရွာနေသူနောက်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအာစီယံ(ခေါ် )ဘိန်းစာရွက်ပင်တွေစိုက်ပျိုးထားသူကို စစ်ဆေးတွေ့ရှိရင်ထောင်ဒဏ်ငါးနှစ်ထိအရေးယူသွားမယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအ စိုးရတရားဝင်ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်ကြမယ့်သူတွေကိုယ်တိုင်သုံးစွဲနေကြတာမို့ အရပ်သားပြည်သူတွေ ယုံကြည်မှုတွေကျဆင်းနေကြပြီးလို့ ဆိုကြပါတယ်။

“တကယ်တော့ ဒီဘိန်းစာရွက်ပင်တွေကို စတင်ရှင်းလင်းတုန်းက ဒီလပ်နဲ့အု ပ်ချုပ်ရေး ပူးပေါင်းရှင်းလင်းကြတာပါ။ဒါပေမယ့် ခုပြည်သူတွေက အဲဒီလောက်မသုံးစွဲကြတော့ပါဘူး။ဒီလပ်တပ်ဖွဲ့ဝင်တချို့နဲ့အုပ်ချုပ်ရေးမှူး​တချို့တွေပဲ သုံးစွဲနေကြတာတွေ့ပါတယ်။ဒါဟာ သူတို့ထုတ်ပြန်ချက်ကို သူတို့ချိုးဖောက်တာဖြစ်ပါတယ်။ပြီးတော့ တကယ့်အလုပ်လုပ်တဲ့သူတွေနဲ့ ဒီလိုအကျင့်ပျက်သူတွေကြား နားလည်မှုတွေလ ည်းကွဲလွဲသွားနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အစိုးရဝန်ထမ်းတွေသုံးစွဲတယ်ဆိုတာ မကောင်းပါဘူး။”လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအာဆီယံပင်တွေကို အာဏာလုပ်ပိုင်ခွင့်အလွှဲသုံးစားလုပ်သုံးစွဲနေကြသူတွေကို တာဝန်ရှိသူတွေစစ်ဆေးအရေးယူကြဖို့လိုအပ်နေသလို ပါဝင်သူစွဲနေကြသူအားလုံးကိုလည်း ဥပဒေအရအရေးယူပေးကြဖို့ ပြည်သူတွေ တောင်းဆိုနေကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဝန်ထမ်းတချို့ဟာ အာဏာအလွှဲသုံးစားပြုလုပ်တာတွေအပါအဝင် ကိုယ်ကျိုးရှာလုပ်စားနေကြတာတွေရှိနေကြတာမို့ပြည်သူတွေလည်း စောင့်ကြည့်သတင်းပေးကြဖို့ လိုအပ်နေသလို တာဝန်ရှိသူတွေလည်း စစ်ဆေးအရေးယူပေးကြဖို့လိုအပ်နေတယ်လို့ ဆိုကြပါတယ်။

PrevPreviousမလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – ၆
Nextပဲခူးမှာ အာဏာသိမ်းစစ်တပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု နိုင်ငံတကာ အရေးယူပေးဖို့ Fortify Rights တောင်းဆိုNext
Previous Post

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – ၆

Next Post

ပဲခူးမှာ အာဏာသိမ်းစစ်တပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု နိုင်ငံတကာ အရေးယူပေးဖို့ Fortify Rights တောင်းဆို

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – ၆

June 10, 2026
ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page