Border News Agency
မြောက်ဦး၊စက်တင်ဘာ ၁၂။
စစ်ပွဲတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကို ပိုဖြစ်စေပါတယ်။
မြန်မာ့ပြည်တွင်းစစ်မှာ ဘက်အသီးသီးကစစ်သားစုဆောင်းနေကြပါတယ်။
အဲဒီလိုစုဆောင်းမှုဟာ ဥပဒေကြောင်းအရကြည့်ရင်တရားမဝင်ပါဘူး။
အဲဒီလိုစစ်မှုထမ်းဖို့ပြဋ္ဌာန်းလိုက်တဲ့အမိန့်အာဏာဟာ လူထုကလွတ်လပ်တဲ့ နိုင်ငံရေးဆန္ဒနဲ့ရွေးချယ်ထားတဲ့ ဥပဒေပြုမှုထဲကလာတာမဟုတ်လို့ပါ။
အဲဒီတော့စစ်မှုထမ်းရမယ့်ကိစ္စဟာ လူထုအတွက်တာဝန်၊စိတ်ဆန္ဒဆိုတာထက်ခြိမ်းခြောက်ခံရမှု၊အနိုင်ကျင့်ခံရမှုဘက်ကိုပိုရောက်နေပါတယ်။
အဲဒီလူငယ်၊လူရွယ်တွေကို စစ်ပွဲတွေထံယစ်ပူဇော်နေရတာနဲ့အမျှ တဖက်မှာကမိဘတွေ၊မိခင်တွေရဲ့”ကျွန်မသားကို ပြန်လွတ်ပေးပါ။”ဆိုတဲ့ အပူလုံးတွေကဘ က်အသီးသီး၊နေရာအသီးသီးမှာရှိနေမှာပါ။
အဲဒါတွေဟာ နိုင်ငံရေးပြဿနာတွေရဲ့ အကျိုးဆက်တွေပါ။ဘယ်အချိန်မှာ ဒီလူမှုဒုက္ခတွေ၊ကပ်ဘေးသင့်မှုတွေပြီးဆုံးမလဲဆိုတာက လူထုအတွက်တော့ အဖြေမရှိတဲ့မေးခွန်းပါပဲ။
လူထုအတွက်သာအဖြေမရှိတာဖြစ်ပေမယ့် တကယ့်ဖြေပေးနိုင်သူတွေ၊အုပ်စုတွေရှိပါတယ်။
အဲဒီမတရားစစ်သားစုဆောင်းမှုကို ပြုလုပ်နေကြတဲ့ဘက်အသီးသီးကတော့ သူတို့ရဲ့နိုင်ငံရေးအာဂျင်တာကိုကိုင်ပြီး အကြောင်းပြချက်တွေဘယ်လိုပဲပေးနေပေမယ့် အဲဒီနိုင်ငံရေးအာဂျင်တာကို ပြည်သူလူထုကဘယ်လို Mandate ပေးထားသလဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့ခါးသီးကြမှာသေချာပါတယ်။
ပြည်သူလူထုဆီက Mandate ဒါမှမဟုတ် ထောက်ခံခွင့်၊ကန့်ကွက်ခွင့်ကိုလွတ်လပ်စွာထုတ်ဖော်ဖို့ကို ပိတ်ပင်ခံထားရတဲ့၊ထုတ်ဖော်ရင်မလုံခြုံမှုတွေရှိတဲ့အ ခြေအနေမျိုးကလာတဲ့အမိန့်အာဏာဟာ လူထုအတွက်ဘေးကင်းလုံခြုံမှုမဟုတ်တော့ဘဲ ခြိမ်းခြောက်မှု၊အကျပ်အတည်းဆိုက်မှု၊ဆုံးရှုံးထိခိုက်မှုဘက်ကိုရောက်နေရင် ဒါဟာမတရားမှုလို့သတ်မှတ်ရပါမယ်။
အဲဒီလိုမတရားမှုတွေကို အရေးယူဖိုစံတန်ဖိုးတွေမရှိဘူးလားဆိုရင်တော့ ရှိပါတယ်။
၁-စတုတ္ထမြောက်ဂျနီဗာကွန်ဗင်းရှင်း၊ ပုဒ်မ ၅၁ Fourth Geneva Convention (Article 51)
သိမ်းပိုက်ခံထားရတဲ့နယ်မြေများက အရပ်သားတွေကိုသိမ်းပိုက်ထားတဲ့တပ်ဖွဲ့တွေက သူတို့စစ်တပ်ဒါမှမဟုတ်မဟာမိတ်ညီနောင်တပ်ဖွဲ့တွေထဲမှာ အတင်းအကျပ်စစ်မှုထမ်းခိုင်းခြင်းကိုမလုပ်ဖို့ ဒီပုဒ်မကဆိုထားပါတယ်။
၂-ဂျနီဗာကွန်ဗင်းရှင်းဘုံပုဒ်မ ၃ နဲ့နောက်ဆက်တွဲစာချုပ်တွေ(Geneva Conventions (Common Article 3 & Additional Protocols I & II))
ညှဉ်းပန်းနှိပ်စက်ခြင်း၊မတရားဖမ်းဆီးထိန်းသိမ်းခြင်းနဲ့အကြမ်းဖက်ခြင်းတို့ကိုပြုလုပ်ပြီး အတင်းအကျပ်စစ်မှုထမ်းခိုင်းတာကို ဒီအချက်တွေကတားမြစ်ထားပါတယ်။
၃-ကလေးသူငယ်အခွင့်အရေးဆိုင်ရာနောက်ဆက်တွဲသဘောတူညီချက် (Optional Protocol to the Convention on the Rights of the Child (CRC-OP-AC))
အသက် ၁၈ နှစ်မပြည့်သေးတဲ့ကလေးသူငယ်တွေကို အတင်းအကျပ်စစ်တပ် ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့တွေအတွင်းစစ်မှုထမ်းခိုင်းခြင်းကို အတိအလင်းတားမြစ်ထားပါတယ်။
၄-အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေမှုတားမြစ်ရေး ILO ကွန်ဗင်းရှင်း(အမှတ် ၁၈၂) (ILO Worst Forms of Child Labour Convention (No. 182))
ကလေးသူငယ်တွေကို လက်နက်ကိုင်ပဋိပက္ခများအတွင်း အဓမ္မစစ်မှုထမ်းခိုင်းခြင်းကို အဆိုးရွားဆုံးကလေးအလုပ်သမားခိုင်းစေမှုအဖြစ် သတ်မှတ်ထားပါတယ်။
၅-ICCပဋိညာဉ်(အပိုဒ် ၈ – ၂ – e – vii)
အသက် ၁၅ နှစ်အောက်ကလေးတွေကို စစ်တပ် ဒါမှမဟုတ် လက်နက်ကိုင်တပ်ဖွဲ့ထဲ အဓမ္မစစ်မှုထမ်းခိုင်းမှုဟာ စစ်ရာဇဝတ်မှုလို့သတ်မှတ်ထားပါတယ်။
၆-နိုင်ငံသားနဲ့နိုင်ငံရေးအခွင့်အရေးဆို င်ရာစာချုပ်(International Covenant on Civil and Political Rights (ICCPR, Article 18))
ICCPR ပုဒ်မ ၁၈ဟာ လွတ်လပ်စွာတွေးခေါ်ခွင့်နဲ့ ဘာသာရေးယုံကြည်ခွင့်တို့ကို အကာအကွယ်ပေးထားပါတယ်။
၇-မိမိရဲ့လေးနက်တဲ့ယုံကြည်ချက်အရ၊ဘာသာရေးအရစစ်မတိုက်လိုသူတွေ(Conscientious Objectors)ကို ငြင်းဆန်ခွင့်မပေးဘဲအတင်းအကျပ်စစ်မှု ထမ်းခိုင်းပါက ICCPR ပုဒ်မ ၁၈ အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီ ( UN Human Rights Committee)ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်(Standard Interpretation)က ဆိုပါတယ်။
၈-ICCPR ပုဒ်မ ၇ နဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း(UDHR)ပုဒ်မ ၅ ( ICCPR Article 7 & Universal Declaration of Human Rights (UDHR Article 5))
လမ်းပေါ်မှာအတင်းအဓမ္မဖမ်းဆီးခြင်း၊ပြန်ပေးဆွဲသလိုဖမ်းဆီးခြင်း ဒါမှမဟုတ် အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခြင်းဟာ ဒီပုဒ်မတွေကိုချိုးဖောက်ရာရောက်သွားနိုင်ပါတ ယ်။
၉- ICCPR ပုဒ်မ ၉
မတရားဖမ်းဆီးထိန်းသိမ်းခြင်းမှကာကွယ်ပေးထားပြီး တရားဥပဒေလုပ်ထုံးလုပ်နည်းမရှိဘဲ စစ်မှုထမ်းခိုင်းဖို့အတွက် လမ်းပေါ်မှဖမ်းဆီးခြင်းမျိုးဟာ ဒီပုဒ်မကို ချိုးဖောက်ရာရောက်သွားနိုင်ပါတယ်။
၁၀-အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာကွန်ဗင်းရှင်း(အမှတ် ၂၉)၊ ILO Forced Labour Convention (No. 29) (While Article 2(2)(a) )
ဥပဒေနဲ့အညီပုံမှန်စစ်မှုထမ်းခြင်းကို အဓမ္မလုပ်အားပေးအဖြစ်မသတ်မှတ်ပေမယ့် ဒါဟာ”စစ်ရေးကိစ္စရပ်သီးသ န့်”အတွက်သာ အကျုံးဝင်ပါတယ်။
စစ်မှုထမ်းတွေကို စစ်ရေးမဟုတ်ဘဲ စီးပွားရေး၊အခြေခံအဆောက်အအုံတည်ဆောက်ရေး ဒါမှမဟုတ် ပုဂ္ဂလိကအကျိုးအမြတ်အတွက် အဓမ္မခိုင်းစေပါက ILO စံနှုန်းကိုချိုးဖောက်ရာရောက်သွားပါတယ်။
၁၁-(ICCPR)-ပုဒ်မ ၈
အဓမ္မလုပ်အားပေးခိုင်းစေခြင်း(Forc ed or Compulsory Labour)ကို တားမြစ်ထားပါတယ်။
စစ်မှုထမ်းခြင်းကို ဥပဒေအရခွင့်ပြုထားပေမယ့် မတရားအဓမ္မဖမ်းဆီးခေါ်ဆောင်တာ၊နှိပ်စက်ညှင်းပန်းတာတွေလုပ်လာရင် ဒါကိုအဓမ္မခိုင်းစေမှုအဖြစ် သတ်မှတ်ပါတယ်။
အဲဒီအချက်တွေက တရားမျှတမှုကင်းမဲ့တဲ့နည်းလမ်းနဲ့အတင်းအကျပ်စစ်မှုထမ်းခိုင်းရာမှာ ချိုးဖောက်ရာရောက်၊ မရောက်တိုင်းတာနိုင်တဲ့စံနှုန်းတွေဖြစ်ပါတယ်။
တရားမျှတမှုကင်းမဲ့တဲ့နည်းလမ်းဆိုရာမှာ ဥပဒေမရှိတာ၊ဥပဒေရှိရင်လည်း အဲဒီဥပဒေကိုကျင့်သုံးမှုမှာ တရားမျှတမှုတွေမပါတာ၊ဥပဒေပြည့်စုံမှုမရှိတာစတဲ့အချက်တွေကို ဆိုလိုတာပါ။
တရားမျှတမှုကင်းမဲ့တဲ့နည်းလမ်းအဖြစ်သတ်မှတ်နိုင်တဲ့အချက်တွေ
-တရားမျှတတဲ့၊နည်းလမ်းကျတဲ့လုပ်ကိုင်ပုံမျိုးမဟုတ်ဘဲ လူကိုလမ်းမပေါ်မှာ၊နေအိမ်အတွင်းမှာပြန်ပေးဆွဲသလို မတရားဖမ်းဆီးခေါ်ဆောင်ခြင်းဟာ အဓမ္မဖမ်းဆီးချုပ်နှောင်မှုဖြစ်ပါတယ်။
-မိမိရဲ့ဘာသာရေး ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာခံယူချက်အရစစ်ပွဲအတွင်းမှာ လက်နက်ကိုင်ရန်ငြင်းဆန်ခွင့် (Conscientious Objector status)ဆိုတာရှိပါတယ်။
အဲဒါဟာလည်း နိုင်ငံတကာစစ်ဘက်ဆိုင်ရာစံနှုန်းထဲမှာ ရှိပါတယ်။
အဲဒီငြင်းဆန်ခွင့်ကို ချိုးဖောက်တာ။(ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်တွေထဲမှာ ဒီလိုလက်နက်မကိုင်ဘဲ ရှေ့တန်းစစ်မျက်နှာပြင်ကို ထွက်လာတဲ့သူတွေရှိပါတယ်။သူတို့ဟာဆေးတပ်သားလို လူမျိုးတွေပါ။)
-သင်တန်းစနစ်တကျမပေးဘဲ စစ်မြေပြင်ကိုအတင်းအဓမ္မစေလွှတ်တာ၊အသက်အန္တရာယ်ရှိတဲ့စစ်ဆင်ရေးတွေမှာ အကာအကွယ်မဲ့ရှေ့တန်းတင်နေခိုင်းတာတွေဟာလည်း တရားနည်းလမ်းကျမှုမရှိတဲ့အချက်တွေပါ။
-စစ်သင်တန်းထဲမှာ သင်တန်းရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ တိုက်ခိုက်ရေးနဲ့ကာကွယ်ရေးဆိုင်ရာစွမ်းရည်တွေရှိလာအောင်လုပ်ပေးဖို့ထက် လူကိုညှင်းပန်းနှိပ်စက်ရက်စက်မှုပြုတာ၊လူ့ဂုဏ်သိက္ခာကိုချိုးဖျက်ပြီး ကျေးကျွန်ဇာတ်သွင်းပစ်တာ။
-ကလေးသူငယ်အခွင့်အရေးတွေဆိုင်ရာကွန်ဗင်းရှင်း(CRC Option Protocol)အရ အသက် ၁၈ နှစ်မပြည့်သေးသူတွေကို စစ်သားအဖြစ်စုဆောင်းတာ၊တိုက်ပွဲတွေမှာ ပါဝင်စေတာ။
-အမျိုးသမီးတွေကို အဓမ္မစစ်သားစုဆောင်းဖို့ဖမ်းဆီးတာ၊ဖိအားပေးတာ၊ အဲလိုစုဆောင်းစဉ်မှာ၊ဖမ်းဆီးစဉ်မှာလိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊စစ်သင်တန်းကာလ ဒါမှမဟုတ် တပ်တွင်းမှာလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေကို ပြုလုပ်တာ၊အတင်းအကျပ်ကိုယ်ဝန်တည်အောင်လုပ်တာ၊ကိုယ်ဝန်ကိုအတင်းအကျပ်ပျက်ကျစေတာ၊ကလေးငယ်နဲ့မိခင်ကိုခွဲခွာထားတာ၊မိသားစုနဲ့ဆက်သွယ်ခွင့်မပေးတာ။
-အဓမ္မစစ်သားစုဆောင်းမှုအတွင်း နှိပ်စက်ညှင်းပန်းတာ၊တရားမဲ့သတ်ဖြတ်တာ၊ရေနဲ့အစားအစာကို ငတ်မွတ်စေတာ၊လူထုကို အကြောက်တရားနဲ့စနစ်တကျပစ်မှတ်ထားဖမ်းဆီးတာ။
-အတင်းဓမ္မစစ်သားစုဆောင်းစဉ်ကာလ၊စစ်သင်တန်းကာလ၊သင်တန်းအလွန်ကာလတွေမှာ ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်၊ကျန်းမာရေးအခြေအနေကို မျက်ကွယ်ပြုပြီးစေခိုင်းမှုကြောင့် ကိုယ်ခန္ဓာကိုပြင်းပြင်းထန်ထန်ထိခိုက်စေတာ၊အသက်ဆုံးရှုံးစေတာ။
-ပြစ်ဒဏ်ခတ်တဲ့အနေနဲ့စစ်မှုထမ်းခိုင်းတာ၊
-အကြောင်းပြချက်တခုခုနဲ့ဖမ်းသွားပြီး တရားဥပဒေအရရင်ဆိုင်ခွင့်မပေးဘဲ စစ်မှုထမ်းခိုင်းတာ၊အဲဒီလိုလုပ်ပြီးသတင်းအစအနကို ဖျောက်ဖျက်ထားတာ။
အဲဒီလိုတရားနည်းလမ်းကျမှုကင်းတဲ့ နည်းလမ်းတွေ၊လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု(Crimes Against Humanity)အဖြစ်ကို ရောက်သွားနိုင်ပါတယ်။
ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေ
စစ်ပွဲတွေ၊ပဋိပက္ခတွေမှာ အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေဟာ မကြာခဏပစ်မှတ်ထားခံရပါတယ်။
UNSC Resolution 1261(1999)ဟာ ကလေးသူငယ်တွေကို စစ်သားအဖြစ်စုဆောင်းခြင်းဟာ ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုဆိုပြီး သတ်မှတ်ထားတဲ့မူဘောင်ဖြစ်ပါတယ်။
အဲဒီနောက်မှာကလေးသူငယ်တွေကို အဓမ္မစစ်သားစုဆောင်းတဲ့နိုင်ငံတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို စောင့်ကြည့်ပြီးသတင်းပို့တဲ့စနစ် (MRM – Monitoring and Reporting Mechanism)ကို UNSC Resolution 1612 (2005)နဲ့ ဖွဲ့စည်းခဲ့ပါတယ်။
(မြန်မာစစ်တပ်ဟာ ဒီဆုံးဖြတ်ချက်မူဘောင်အောက်မှာ စစ်ဆေးခံနေရတဲ့စာရင်းဝင်ဖြစ်ပြီး နောက်ထပ်စာရင်းပေါက်တဲ့အဖွဲ့တွေလည်း ရှိလာနေပါတယ်။)
နောက်ပိုင်းမှာတော့ ကလေးသူငယ်တွေကို စစ်တပ်အတွင်းအဓမ္မစုဆောင်းတာ၊စစ်မှုထမ်းခိုင်းတာ၊တိုက်ပွဲတွင်အသုံးပြုတာကို အပြင်းအထန်လုံးဝ(လုံးဝ)တားမြစ်ထားတဲ့UNSC Resolution 2427(2018)ထွက်လာပါတယ်။
အဲဒီလိုအတင်းအကျပ်စစ်မှုထမ်းခိုင်းမှုဟာ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့လူကုန်ကူးမှုတို့နဲ့လည်း အသွင်အပြင်တူလာတတ်ပါတယ်။
UNSC Resolution 2331(2016)ဟာ ပဋိပက္ခဖြစ်ပွားနေတဲ့နေရာက စစ်တပ်တွေ၊လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေကို အဓမ္မဖမ်းဆီးစစ်မှုထမ်းခိုင်းတာ၊ခေတ်သစ်ကျေးကျွန်ပြုတာနဲ့လူကုန်ကူးတာတွေကို တားမြစ်ထားတဲ့မူဘောင်ဖြစ်ပါတယ်။
အရပ်သားများကိုအကာအကွယ်ပေးရေး (Protection of Civilians)အတွက် UNSC Resolution 1265 (1999)နဲ့ Resolution 1894(2009)တို့ကို ထုတ်ပြန်ထားပါတယ်။
အဲဒီဆုံးဖြတ်ချက်တွေအရ စစ်ပွဲအတွင်းအရပ်သားတွေကို မတရားဖမ်းဆီးတာ၊အဓမ္မစေခိုင်းတာနဲ့ရှေ့တန်းမှာ လူသားဒိုင်းအဖြစ်အသုံးပြုတာတို့က ကာကွယ်ပေးဖို့အတွက် ပဋိပက္ခတွင်ပါဝင်တဲ့အဖွဲ့အစည်းတွေအားလုံးအပေါ် စိစစ်တဲ့လုပ်ငန်းစဉ်တွေကို ချထားတဲ့မူဘောင်တွေလည်းဖြစ်ပါတယ်။
ICC ပဋိညာဉ်အရ
အသက် ၁၅ နှစ်အောက်ကလေးသူငယ်တွေကို တပ်ဖွဲ့အတွင်းစစ်မှုထမ်းရန်စည်းရုံးတာ၊အတင်းအကျပ်စုဆောင်းတာ၊တိုက်ပွဲတွေထဲအသုံးပြုတာဟာ ICC ပဋိညာဉ်(အပိုဒ် ၈ – ၂ – e – vii)နဲ့ ငြိပါတယ်။
အရပ်သားတွေကို စစ်ပွဲအတွင်းစစ်ရေးနဲ့တိုက်ရိုက်သက်ဆိုင်တဲ့အလုပ်တွေကို လုပ်ခိုင်းတာ၊(ဥပမာ- ရှေ့တန်းအတွက်ရိက္ခာ၊ခဲယမ်းထမ်းခိုင်းတာ၊ကတုတ်ကျ င်းတူးခိုင်းတာ၊စစ်မြေပြင်မှာလမ်းပြခိုင်းတာ)စတဲ့အချက်တွေဟာ ICC ပဋိ ညာဉ်(အပိုဒ် ၈ – ၂ – e)နဲ့ ငြိပါတယ်။
ဆက်ရန်…
ကိုးကား…
ဆက်စပ်ဆောင်းပါးတွေ…
သွေးခွန်လား
NDEP ဆောင်းပါး
ဝှက်ဖဲ
ဆက်စပ်သတင်းတွေ…










