Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

သက္ကမလူငယ်စစ်မှုထမ်းအသက်မပြည့်သေးသူတွေကို ပြန်လွတ်ပေးဖို့ မိဘတွေတောင်းဆို

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
25
VIEWS
Share on FacebookShare on Twitter

​Border News Agency
မြောက်ဦး၊စက်တင်ဘာ ၁၁။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ​မြောက်ဦးမြို့နယ်၊လေးမြို့ချောင်းဒေသ၊အင်းရှည်ကျေးရွာမှာ စက်တင် ဘာလ ၂ ရက်နေ့က အသက်တဆယ့်ရှစ်နှစ်မပြည့်သေးဘဲစစ်မှုထမ်းခေါ်ယူခံလိုက်ရတဲ့ သက္ကမလူမျိုးလူငယ်တွေကို မိဘတွေဆီပြန်အပ်နှံပေးဖို့ မိသားစုဝင်တွေကတောင်းဆိုနေကြပါတယ်။

အဲဒီ​အင်းရှည်ကျေးရွာက အသက်တဆယ့်ရှစ်နှစ်မပြည့်သေးတဲ့လူငယ်ကိုးဦးအပါအဝင် စုစုပေါင်းသုံးဆယ့်ခြောက်ဦးကို စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတာဖြစ်ပြီး အဲဒီအထဲမှာကျန်းမာရေးမကောင်းသူတွေနဲ့ စစ်မှုထမ်းအကျုံးမဝင်သူတွေပါဝင်နေတယ်လို့ ရွာသားတွေကဆိုကြပါတယ်။

​”ကျနော့်သားကဆယ့်ခြောက်နှစ်ဘဲ ရှိသေးတာပါ။ စစ်မှုထမ်းမှာကဆယ့်ရှစ်နှစ် မပြည့်ရင်မယူကြပါဘူး။ ဒါကြောင့် စစ်မှုထမ်းမှာအကျုံးဝင်သူတွေကိုခေါ်ထားပြီး အကျုံးမဝင်သူတွေကို ကျနော်တို့မိဘတွေဆီပြန်အပ်စေချင်ပါတယ်။”လို့ သားဖြစ်သူစစ်မှုထမ်းဖို့ပါသွားတဲ့ အင်းရှည်ရွာမှမိဘတဦးက Border News Agency ကိုပြောပါတယ်။

​အဲဒီအင်းရှည်ကျေးရွာမှ အသက်တဆယ့်ငါးနှစ်အရွယ်ထွန်းအေးနိုင်၊အသက်တဆယ့်ငါးနှစ်အရွယ်ဇော်နိုင်၊အသက်တဆယ့်ခြောက်နှစ်အရွယ်ဦးဌေးနိုင်၊အသက်တဆယ့်ခြောက်နှစ်အရွယ် လှမောင်ကျော်၊အသက်တဆယ့်ခုနှစ်နှစ်အရွယ်အေးအေးဆွယ်၊အသက်တဆယ့်ခုနှစ်နှစ်အရွယ်နုအေးကျိ၊ အသက်တဆယ့်ခုနှစ်နှစ်အရွယ် ဖြူမဦး၊ အသက်တဆယ့်ခုနှစ်နှစ်အရွယ်မောင်လှနဲ့ အသက်တဆယ့်ခုနှစ်နှစ်အရွယ်ဝင်းဦးကို အာရက္ခတပ်တော်က စစ်မှုထမ်းခေါ်သွားတယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision (NDEP)ကို အကောင်အထည်ဖော်နေပါတယ်။

အဲဒီပြဋ္ဌာန်းချက်အရ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ အသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ အမျိုးသားတွေ၊အသက် ၁၈ နှစ်မှ ၂၅ နှစ်ထိ အမျိုးသမီးတွေကိုမဲစနစ်နဲ့ စစ်မှုထမ်းခေါ်ယူနေတာပါ။

အဲဒါကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ နိုင်ငံရေးမှူးတွေ၊နယ်မြေမှူးတွေ၊တိုက်နယ်မှူးတွေ၊ရပ်ရွာအုပ်ချုပ်ရေးမှူးတွေဦးဆောင်ပြီး စစ်မှုထမ်းရမယ့်သူတွေကိုမဲနှိုက်ခေါ်ယူနေပါတယ်။

အဲဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကို ပြီးခဲ့တဲ့၂၀၂၅ခုနှစ်၊မတ်လ ၁၈ ရက်နေ့ကပြဋ္ဌာန်းခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်မေလ ၂၂ ရက်နေ့ကအာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။

အဲဒီလိုအသက်အရွယ်အတိအကျပြဋ္ဌာန်းထားပေမယ့် တကယ့်မြေပြင်မှာတော့ ကျောင်းသူ၊ကျောင်းသားတွေ၊အသက် ၁၈ နှစ်မပြည့်သေးတဲ့ ဌာနေတိုင်းရင်းသားလူနည်းစုတွေကိုလည်း စစ်မှုထမ်းခေါ်နေတာဟာ လူမျိုးပျောက်ကွယ်သွားအောင်လုပ်နေသလိုဖြစ်နေပြီး ဌာနေတိုင်းရင်းသားလူနည်းစုတွေဟာအာရက္ခတပ်တော်ကို ယုံကြည်လက်ခံမှုကျဆင်းလာစေတယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

အဲဒါကြောင့် ဌာနေတိုင်းရင်းသား၊လူနည်းစု၊သက္ကမလူမျိုး​အသက်မပြည့်သေးဘဲပါဝင်သွားတဲ့ လူငယ်တွေရဲ့မိသားစုဝင်တွေဟာ လုံခြုံရေးနဲ့ကျန်း
မာရေးအတွက် အလွန်စိုးရိမ်နေကြတယ်လို့ ရွာသားတွေကဆိုကြပါတယ်။

​”ကျန်ခဲ့တဲ့အထဲကညီမတယောက်ပါသွားတယ်။ အသက်ကတဆယ့်ခြောက်နှစ်ကျော်ဘဲရှိသေးတာ။ အမေဆိုရင်အဲဒီစိတ်နဲ့အိပ်မပျော်၊စားမဝင်ဖြစ်နေပါတယ်။သူ့အတွက် အစစအရာရာစိတ်ပူနေကြရပါတယ်။”လို့ အင်းရှည်ရွာသားနောက်တဦးက Border News Agency ကိုပြောပါတယ်။

အဲဒီအ​ပြင် ဘူးသီးတောင်မြို့နယ်က လူနည်းစုခမီလူမျိုးတွေကို စစ်မှုထမ်းခေါ်ဆောင်တာတွေမှာလည်း အသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေပါဝင်နေတယ်လို့ ဘူးသီးတောင်ဒေသခံခမီလူမျိုးတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

​အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေအတွင်း သက္ကမ၊ မြို၊ ဒိုင်းနက်၊ ခမီနဲ့ ချင်းစတဲ့ ဌာနေတိုင်းရင်းသားလူနည်းစု ကျောင်းသူ၊ ကျောင်းသားတွေနဲ့ အသက်ဆယ့်ရှစ်နှစ်မပြည့်သေးသူတွေပါဝင်နေတာကြောင့် ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပေမယ့် အများစုပြန်လွတ်မလာတာမို့ ပြည်သူတွေ ဝေဖန်ပြောဆိုမှုတွေမြှင့်တက်နေပါတယ်။

အဲ​ဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အင်းရှည်ကျေးရွာက အသက်မပြည့်သေးတဲ့လူငယ်ကိုးဦးအပါအဝင် အကျုံးမဝင်သူတွေကို မိဘတွေဆီ ပြန်အပ်နှံပေးဖို့မိသားစုတွေကတောင်းဆိုနေကြပါတယ်။

အဲဒါကြောင့် ဌာနေတိုင်းရင်းသားလူနည်းစုတွေကို ဥပဒေအရထိထိရောက်ရောက်အကာအကွယ်ပေးရမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စောင့်ကြည့်အကာအကွယ်ပေးသင့်သလို သက်ဆိုင်သူတွေ၊သက်ဆိုင်ရာအဖွဲ့တွေကိုဖိအားပေးပိတ်ဆို့တာတွေပြုလုပ်သင့်တယ်လို့ ဌာနေတိုင်းရင်းသားလူနည်းစုအရေးလှုပ်ရှားနေကြသူတွေက ဆိုကြပါတယ်။

အဲဒီအပြင် မြေပြင်မှာတကယ်လုပ်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့က လူငယ်ဝန်ထမ်းတွေလည်း စစ်မှုထမ်းခေါ်ယူခံနေကြရတာတွေရှိနေပြီး စစ်မှု ထမ်းဖို့မဲစနစ်နဲ့ခေါ်ယူနေတာတွေမှာလည်း ဘက်လိုက်တာတွေ၊မမျှတတာတွေရှိနေသလို သတ်မှတ်ပြဋ္ဌာန်းချက်အတိုင်းမဟုတ်ဘဲ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်စစ်မှုထမ်းခိုင်းနေသလိုဖြစ်နေတယ်လို့ အာရက္ခပြည်သူတွေဝေဖန်ထောက်ပြနေကြပါတယ်။

​”တရွာလုံးကို အစည်းအဝေးခေါ်တယ်။ ပြီးရင် တအိမ်တယောက်မဖြစ်မနေပေးရမယ်လို့ ပြောတယ်။အသက်တဆယ့်ရှစ်နှစ်မပြည့်တဲ့လူတွေလည်းပါသွားတယ်။” လို့အင်းရှည်ကျေးရွာသူအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီအပြင် မဲစနစ်နဲ့ခေါ်ယူကြရာမှာ တအိမ်တည်းကအသက်ပြည့်သူအားလုံးစစ်မှုထမ်းနေကြရသူတွေရှိနေကြသလို မိသားစုအိမ်ထောင်ဦးစီးသွားရောက်စစ်မှုထမ်းနေရတာမို့ မိသားစုစားဝတ်နေရေး၊လုံခြုံရေးအဆင်မပြေသူတွေလည်းရှိနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့်အာရက္ခစစ်မှုထမ်းခေါ်ယူမှုကို အာရက္ခပြည်သူတွေဆန့်ကျင်ကန့်ကွက်လာကြသလို ထွက်ပြေးတိမ်းရှောင်သူတွေလည်းများလာတာမို့ အာရက္ခ
ပြည်သူ့တော်လှန်ရေးအစိုးရက အတင်းအဓမ္မဖမ်းဆီးခေါ်ယူစစ်မှုထမ်းခိုင်းတာတွေပြုလုပ်နေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေပြင်ပသို့ ထွက်ခွာသွားလာတာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တားဆီးကန့်သတ်ထားသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တာဝန်ရှိသူတွေထောက်ခံချက်တွေနဲ့သွားလာနေကြသူတွေကိုလည်း ဖမ်းဆီးစစ်မှုထမ်းခိုင်းနေတာမို့ အာရက္ခပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။

အဲဒီလိုအသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေကို အတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်နေတာတွေဟာ စစ်မြေပြင်မှာအကျအဆုံးများနေသလို လေကြောင်းတိုက်ခိုက်ခံရမှုတွေဟာ သေဆုံးဒဏ်ရာသူတွေများနေတာမို့ စစ်သည်အင်အားလိုအပ်ချက်ကို ​အရေးပေါ်ဖြည့်ဆည်းဖို့ချိုးဖောက်မှုတွေလုပ်နေတာလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ စစ်ရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဝေဖန်ထောက်ပြကြပါတယ်။

အဲဒါကြောင့် အာရက္ခတပ်တော်ဟာ အသက်တဆယ့်ငါးနှစ်အောက်ကလေးစစ်သားတွေအသုံးပြုနေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေထုတ်ပြန်သတိပေးထားပါတယ်။

အဲဒီနောက်အသက်တဆယ့်ရှစ်နှစ်မပြည့်သေးဘဲ စစ်မှုထမ်းဖို့လာသူတချို့ကို မိဘ၊မိသားစုတွေဆီပြန်အပ်တာတွေကိုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က မကြာခဏထုတ်ပြန်ဝါဒဖြန့်လာပေမယ့် တကယ့်မြေပြင်မှာတော့ အသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေကိုလည်း အတင်းအဓမ္မစစ်မှုထမ်းခေါ်ဆေးတုန်းပဲလို့ အာရက္ခပြည်သူတွေ ထောက်ပြပြောဆိုကြပါတယ်။

အဲဒီအသက်တဆယ့်ရှစ်နှစ်အောက်ကလေးသူငယ်တွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူကလေးစစ်သားအသုံးပြုနေတဲ့သက်သေ
အထောက်အထားတချို့ကို Border News Agency က လက်ခံရရှိထားပါတယ်။

အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကိုသိမ်း ပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး ကျောက်ဖြူနဲ့စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

PrevPreviousကျိန္တလီကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး
Nextဒက်စတိုပီယန်းဘဝတွေ – ၁၀Next
Previous Post

ကျိန္တလီကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

Next Post

ဒက်စတိုပီယန်းဘဝတွေ – ၁၀

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

လေယာဉ်လက်မှတ်တွေကို ဈေးနှုန်းပိုရောင်းရင် အရေးယူမယ်

October 5, 2026
(ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်လို့သေဆုံးသွားသူတဦး/ပေးပို့)

စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တပတ်အတွင်း ခြောက်ဆယ်ငါးဦးသေဆုံး

October 5, 2026
(ဓာတ်ပုံ - ပန်းနီလာစစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခံရပြီးနောက်တွေ့ရပုံ/BNA)

ပန်းနီလာစစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခံရမှုမြင်ကွင်း

October 5, 2026

October 5, 2026

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူတဆယ့်တဦးရှိလာ

ပုဏ္ဏားကျွန်း ယိုးငူစစ်ရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

နမ့်ဆန်မှာယာဥ်တိမ်းမှောက်လို့အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

မင်းတုန်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရလို့ ခုနှစ်ဦးသေဆုံး

မလေးရှားမှ စစ်သင်္ဘောတွေနဲ့ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ ရန်ကုန်သို့ရောက်

Releated Post

ဓာတ်ပုံ - AA

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူတဆယ့်တဦးရှိလာ

October 4, 2026
ဓာတ်ပုံ - AA

ပုဏ္ဏားကျွန်း ယိုးငူစစ်ရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026
ဓာတ်ပုံ - BNA

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026
ဓာတ်ပုံ-ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး

နမ့်ဆန်မှာယာဥ်တိမ်းမှောက်လို့အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

October 4, 2026
ဓာတ်ပုံ - သရက်ခရိုင် အမှတ် ၄ တပ်ရင်း

မင်းတုန်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရလို့ ခုနှစ်ဦးသေဆုံး

October 4, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မလေးရှားမှ စစ်သင်္ဘောတွေနဲ့ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ ရန်ကုန်သို့ရောက်

October 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page