Border News Agency
ဂွ၊ စက်တင်ဘာ ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့ကိုအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကျိန္တလီမြို့ပေါ်သို့ စက်တင်ဘာလ ၁၀ ရက်၊ည ၉ နာရီခွဲအချိန်မှာ အာဏာသိမ်းစစ်တပ်က ရွယ်ရည်ချက်ရှိရှိဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျိန္တလီမြို့၊အမှတ် (၁) ရပ်ကွက်မှ အသက်ရှစ်ဆယ်တနှစ်အရွယ် ဦးဦးကျော်ခိုင်သေဆုံးသွားခဲ့ပြီးအမှတ် (၂) ရပ်ကွက်မှ အသက်လေးဆယ်ကိုးနှစ်အရွယ် ဦးချစ်စန်းမောင်မှာ ဗုံးစထိမှန်ကာဒဏ်ရာရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေရှိ အရပ်သားတွေနေထိုင်တဲ့နေရာတွေကို လေကြောင်း၊လက်နက်ကြီးတွေနဲ့ ရွယ်ရည်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားတွေသေဆုံး၊ဒဏ်ရာရနေကြရပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းအန္တရာယ်ကို သတိထားကြဖို့ အာရက္ခတပ်တော်က ထပ်ပြီးအသိပေးထားပါတယ်။













