Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြေပုံမြို့နယ် မြောက်ဦးခရိုင် အာရက္ခဒေသ

ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲက အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး- ၁

Author picture

By

Saw Shin Nyo
Reading Time: 4 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

Border News Agency

မြောက်ဦး၊နိုဝင်ဘာ ၂၁။

​လစ်ဗျားစစ်ရာဇဝတ်ကောင်အပေါ် အရေးယူမယ့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး(International Criminal Cour t)ရှေ့နေချုပ်ရဲ့အစီရင်ခံစာအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UN Security Council)ရှိ ရောမပဋိညာဉ်အဖွဲ့ဝင်ကိုးနိုင်ငံက ပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ်။

​ဗီတိုအာဏာနဲ့ UNSC ထဲက ICC

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က ဂမ်ဘီယာနဲ့မြန်မာအမှုကို အပြီးသတ်အမိန့်မချခင် တရက်အလိုနိုဝင်ဘာလ ၁ ၈ ရက်နေ့မှာ လက်ရှိကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်၊ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးအဖွဲ့ဝင်တွေလည်းဖြစ်တဲ့ ကိုးနိုင်ငံကတရားရုံးရှေ့နေချုပ်တင်သွင်းတဲ့ လစ်ဗျားစစ်ရာဇဝတ်ကောင်တွေကို တရားစွဲမယ့်အစီရင်ခံစာအပေါ် ကြိုဆိုကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးအဖွဲ့ဝင်(ICC Caucus)နိုင်ငံတွေက ကိုလံဘီယာ၊ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ပြင်သစ်၊ဂရိ၊လတ်ဗီးယား၊ပနားမား၊ယူနိုက်တ က်ကင်းဒမ်း၊ဒိန်းမတ်နဲ့လိုက်ဘေးရီးယားတို့ဖြစ်ပါတယ်။

​လစ်ဗျားနိုင်ငံနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးတရားလိုရှေ့နေရုံး(Office of the Prosecutor) ရဲ့ ၃၂ ကြိမ်မြောက်အစီရင်ခံစာကို ကု လသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးမှုအပြီး ခုလိုထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

​လစ်ဗျားမှာကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေအတွက် တရားမျှတမှုဖော်ဆောင်နေမှုကို အဲဒီ ကြေညာချက်က ကြိုဆိုထားပါတယ်။

အထူးသဖြင့် ထရီပိုလီမှာရှိတဲ့ မီတီဂါ (Mitiga)အကျဉ်းထောင်ရဲ့အကြီးတန်းအရာရှိဟောင်းခါလက်မိုဟာမက်အလီ ဟီရှရီ(Khaled Mohamed Ali El Hishri)ရဲ့ ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးကိုင်တွယ်မှာပါ။

​ခါလက်မိုဟာမက် အလီဟီရှရီကို လူသတ်မှု၊ညှဉ်းပန်းနှိပ်စက်မှု၊မုဒိမ်းမှုအပါအဝင် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွ ယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုစွဲချက် ၁၇ ခုနဲ့ တရားစွဲဆိုခံထားပါတယ်။

လစ်ဗျားမှာတော့သူဟာ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးမှာ တရားရင်ဆိုင်ရမယ့် ပထမဆုံးလစ်ဗျားနိုင်ငံသားဖြ စ်ပါတယ်။

ခါလက်မိုဟာမက်အလီဟိရှရီကို လာမယ့် ၂၀၂၇ ခုနှစ်၊မေလ ၄ ရက်နေ့ မှာ စတင်ကြားနာမှာပါ။

အဲဒီ​မှုခင်းနဲ့ပတ်သက်လို့ သက်သေထွက်ဆိုချက်တွေ၊မှုခင်းဆေးပညာဆိုင်ရာမှတ်ချက်တွေ၊ရုပ်သံနဲ့ ဂြိုဟ်တုအ ချက်အလက်စတဲ့ အထောက်အထားစုဆောင်းမှုတွေကိုကြိုဆိုထားပြီး လစ်ဗျားအာဏာပိုင်တွေဟာ ဖမ်းဝရမ်းတွေကို အကောင်အထည်ဖော်တာနဲ့ သက်သေအထောက်အထားတွေရယူနိုင်အောင် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

အဲ​ဒီအမှုအတွက် တရားမျှတမှုကိုဖော်ဆောင်ရာမှာ လူ့အခွင့်အရေးကာကွယ်သူတွေ၊နစ်နာသူတွေနဲ့ရွှေ့ပြောင်းနေ ထိုင်သူတွေအပါအဝင် ထိခိုက်လွယ်တဲ့ အုပ်စုတွေရဲ့ပါဝင်မှုနိုင်မှုကိုလည်း ထည့်သွင်းစဉ်းစားဖို့နဲ့ သူတို့အပေါ် ကာကွယ်စောင့်ရှောက်မှုကိုလည်း ကြေညာ ချက်က အလေးပေးပြောကြားထားပါတယ်။

​အဲဒီအပြင် ကုလသမဂ္ဂလုံခြုံရေးကော င်စီရဲ့ ICC Caucus အုပ်စုအနေနဲ့ ရောမသဘောတူစာချုပ်ရဲ့ မူဝါဒတွေကို ဆ က်ဆုတ်ကိုင်ထားမှာဖြစ်သလို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေ၊မိတ်ဖက်တွေအပေါ် ခြိမ်း ခြောက်မှုနဲ့ထိခိုက်စေမယ့် လုပ်ရပ်တွေကို ဆန့်ကျင်ကာကွယ်သွားမယ်လို့ ထပ်လောင်းအတည်ပြုထားပါတယ်။

​လစ်ဗျားရာဇဝတ်မှုနဲ့အမေရိကန်၊ရုရှား၊တရုတ်

​အဲဒီကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဗီတိုသုံးနိုင်ငံရဲ့သဘောထားကကော လစ်ဗျားရာဇဝတ်မှုကိစ္စတွေကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးက ကိုင်တွ ယ်တာနဲ့ပတ်သက်လို့ ဘယ်လိုရှိပါသ လဲ။

​တကယ်တော့ လစ်ဗျားကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးလွှဲတာဟာကုလ သမဂ္ဂလုံခြုံရေးကောင်စီရဲ့ Security Council Resolution 1970 (2011) အရ လွှဲအပ်တာပါ။

အဲဒီကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံး

ဖြတ်ချက်အမှတ် ၁၉၇၀(2011) ဟာ ၂၀၁၁ ခုနှစ်၊ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC)အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက တညီ တညွတ်တည်း အတည်ပြုခဲ့တဲ့ တရား ဝင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

​၂၀၁၁ ခုနှစ် အာရပ်နွေဦးမှာ လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီ (Muammar Gaddafi)အစိုးရက ငြိမ်း ချမ်းစွာဆန္ဒပြနေတဲ့ လစ်ဗျားပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းသတ် ဖြတ်မှုတွေလုပ်ခဲ့တဲ့အပေါ် နိုင်ငံတကာက ချက်ချင်းတုံ့ပြန်တဲ့အနေနဲ့ဒီဆုံးဖြ တ်ချက်ကို ချမှတ်ခဲ့တာပါ။

​လစ်ဗျားဟာ ရောမစာချုပ်ကို လက်မှ တ်မထိုးထားပေမယ့် လုံခြုံရေးကောင် စီက သူ့ရဲ့အာဏာကို သုံးပြီး ၂၀၁၁ခု နှ စ်၊ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစလို့ လစ်ဗျားမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေး အရေးယူဖို့ နိုင်ငံတ ကာရာဇဝတ်တရားရုံး(ICC)ဆီကို တ ရားဝင် လွှဲအပ်ပေးခဲ့ပါတယ်။

အဲဒီကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံး

ဖြတ်ချက်အမှတ် ၁၉၇၀(2011)ချမှတ်ပြီး မကြာခင် ၂၀၁၁ ခုနှစ်၊မတ်လ ၁၇ ရက်နေ့မှာပဲ ကဒါဖီတပ်တွေက အရပ် သားတွေကို ဆက်တိုက်ခိုက်နေသေးတဲ့အတွက် လုံခြုံရေးကောင်စီက နောက် ထပ် အဲဒီကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၉၇၃(2011) ကို ထပ်မံချမှတ်ခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကတော့ လစ်ဗျားဝေဟင်မှာ လေယာဉ်မပျံသန်းရဇုန် (No-Fly Zone)သတ်မှတ်ပြီး အရပ်သားတွေကို ကာကွယ်ဖို့ နိုင်ငံတကာစစ်ရေးအရ ကြားဝင်ခွင့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

​လစ်ဗျားက ရာဇဝတ်မှုတွေကိုကိုင်တွယ်ဖို့ အာဏာပေးခဲ့သူတွေထဲမှာ အမေရိကန်၊ရုရှားနဲ့တရုတ်တို့လည်းပါပါတယ်။

အဲဒီလိုလွှဲပေးတာလည်းဆိုရင် အဲဒီအချိန်တုန်းက အာရပ်ကမ္ဘာရဲ့ အခြေအနေနဲ့ အဲဒီသုံးနိုင်ငံရဲ့ အာရပ်ကမ္ဘာရှိတဲ့ အကျိုးစီးပွားတွေကြောင့်ပါ။

​ခုချိန်ထိအပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးက လစ်ဗျားအရေးကို ဆက်စစ်ဆေးနေနိုင်တာဟာ အဲဒီလိုနောက်ခံတွေကြောင့်ပါ။

အဲ​ဒါဆိုနိုဝင်ဘာလ ၁၈ ရက်နေ့ကအပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးရှေ့နေချုပ်ရဲ့ အစီရင်ခံစာအပေါ် အဲဒီသုံးနိုင်ငံက ဘာတွေပြောသလဲ။

​ရုရှားရဲ့ အပြော

​လက်ရှိအခြေအနေမှာတော့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးရဲ့ဆောင်ရွက်ချက်တွေကို ရုရှားကဆန့်ကျင်နေပါတယ်။

ပူတင်ကိုလည်းအပြည်ပြည်ဆိုင်ရာရာ ဇဝတ်မှုခုံရုံးကဝရမ်းထုတ်ထားပါတယ်။ကိုယ်တိုင်အပြည်ပြည်ဆိုင်ရာရာဇ ဝတ်မှုခုံရုံးကိုလွှဲပေးဖို့ သဘောတူညီခဲ့တဲ့ရုရှားဟာ ခုအချိန်မှာကိုယ်ရပ်တည်ခဲ့တဲ့ လမ်းကြောင်းကသွယ်ဖယ်နေပါပြီ။

ရုရှားရဲ့ကုလသမဂ္ဂ ဒုတိယအမြဲတမ်းကိုယ်စားလှယ် မာရီယာ ဇာဘိုလိုတက်စ်ကာယာ (Maria Zabolotskaya) အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးရဲ့ လုပ်ရပ်ကသာ မူလ ၂၀၁၁ ခုနှစ်မှာ ချ မှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့သဘော တူညီချက်က သွေဖယ်နေတာလို့ပြန်တုံ့ပြန်ပါတယ်။

အဲဒီကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၉၇၀(2011) ဟာမွတ်မားကဒါဖီ(Muammar Gaddafi) ကို ဆန့်ကျင်တဲ့ ၂၀၁၁ ခုနှစ်၊ဖေဖော်ဝါရီလအရေးအခင်းနဲ့ဆက်စပ်တဲ့ လတ်တလောအကျပ်အတည်းနဲ့အကြမ်းဖ က်မှုတွေကိုပဲ ကိုင်တွယ်ဖြေရှင်းဖို့ပြောထားတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက No Fly Zone ကြေညာပြီးနောက်မှာ ၂၀၁၁ ခုနှစ်အတွင်း နေတိုး(NATO)တပ်ဖွဲ့တွေရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကိုတော့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး မကိုင်တွယ်ပါဘူး။

အကြီးတန်းအရာရှိဟောင်း ခါလက်မိုဟာမက်အလီဟီရှရီ ကို တရားစွဲတဲ့ကိစ္စဟာ အကျဉ်းထောင်တွေထဲ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဒါဟာဥရောပဘက်က ရွှေ့ပြောင်းနေထိုင်သူဆိုင်ရာမူဝါဒတွေရဲ့ အကျိုးဆက်တွေကြောင့်ဆိုတာကိုတော့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးဟာ မျက်ကွယ်ပြုထားတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်းဖြစ်ပွားလာတဲ့ ရာဇဝတ်တွေကိုတရားစွဲဆိုဖို့ဆိုရင်အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးရှေ့ နေချုပ်ဟာ လုံခြုံရေးကောင်စီထံခွင့်ပြုချက်အရင်တောင်းသင့်တယ်။

ခုတော့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးဟာ အဲဒီလိုတရားစွဲဖို့ကိစ္စကိုကိုယ်တိုင်ဆုံးဖြတ်ပြီး အဲဒီကုလသမဂ္ဂလုံခြုံ ရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၉၇၀ကို လုပ်ပိုင်ခွင့်ဘောင်တွေ တရားမဝင်ချဲ့ထွင်နေတယ်လို့ ရုရှားဖက်က ဆိုပါတယ်။

အဲဒါကြောင့်အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးဟာ အဲဒီလိုလုပ်နေတာတွေကို ပြန်ရုတ်သိမ်းသင့်တယ်လို့ ဆိုပါတယ်။

​အမေရိကန်ရဲ့အပြော

​အမေရိကန်ကတော့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးကို ဆန့်ကျင်ပေမယ့် ရာဇဝတ်မှုကျူးလွန်တဲ့ လစ်ဗျားအရာရှိတွေကို အရေးယူဖို့ကိုတော့ထောက်ခံပါတယ်။

အမေရိကန်က အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးကို သူတို့ပြင်းထန်စွာဆန့်ကျင်တာက သတ်သတ်၊ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ လစ်ဗျားအကျဉ်းထောင်အရာရှိတွေကို အပြစ်ပေးအရေးယူရမှာက သတ်သတ်လို့ မြင်ထားတာပါ။

အမေရိကန်ကိုယ်စားလှယ် ဂျက်ဖရီဘာတိုစ်(Jeffrey Bartos)က အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးကို ပိတ်ဆို့အရေးယူတာတွေကို ကာကွယ်ပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့အစ္စရေးလို အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေက နိုင်ငံသားတွေအပေါ် ဆိုင်ရာနိုင်ငံတွေရဲ့ သဘောတူညီချက်မရှိဘဲ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးက တရားစီရင်ပိုင်ခွင့်အခိုင်အမာရယူနေသမျှ အမေရိကန်ကဖိအားတွေ ဆက်ပေးနေမယ်လို့ ဆိုပါတယ်။

အဲဒီလို​ဆန့်ကျင်နေပေမယ့် အမေရိကန်ဟာ လစ်ဗျားကအကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေအတွက် ကျူး လွန်သူတွေတာဝန်ခံမှုရှိရမယ်လို့ ဆိုပါတယ်။

မီတီဂါ (Mitiga) နဲ့ အယ်လ်ဂျာဒီဒါ (Al-Jadida)အကျဉ်းထောင်တွေမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် လစ်ဗျားအရာရှိဟောင်း အိုစမာအယ်လ်မာစရီနဂျမ် (Osama Elmasri Njeem)ကို ပိတ်ဆို့အရေးယူထားတယ်လို့ အမေရိကန်ကဆိုပါတယ်။

ပြီးရင် လစ်ဗျားမှာ ခရစ်ယာန်တွေ၊တခြားလူနည်းစုတွေကို မတရားဖမ်းဆီးထိန်းသိမ်းတာ၊ပျောက်ဆုံးခြင်းတာတွေကို စုံစမ်းစစ်ဆေးအရေးယူဖို့ကို လစ်ဗျားအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

​တရုတ်ရဲ့ အပြော ​လက်ရှိအချိန်မှာ တရုတ်ကအပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးရဲ့ စက်ကွင်းထဲမှာ ရုရှားနဲ့အမေရိကန်လို ရှိနေတာမဟုတ်ပါဘူး။

အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးကြောင့် ရုရှားနဲ့အမေရိကန်လို အလုပ်မများနေတဲ့အတွက် လစ်ဗျားအရေးမှာ သံတမန်ဆန်တဲ့ လေပြေအေးတွေ ပိုထုတ်နိုင်နေပါတယ်။

အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးရဲ့ ချဲ့ထွင်မှုကို မထောက်ခံသလို ရုရှားလိုအဲဒီကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၉၇၀ကို ပြန်ရုတ်သိမ်းဖို့လည်း တရုတ်ကမပြောပါဘူး။

နိုင်ငံတကာခုံရုံးတွေဟာ ပြည်တွင်းတရားရုံးတွေရဲ့ နေရာကို အစားထိုးဝင်ရောက်တာမျိုးမပြုမိဖို့ကို ကုလသမဂ္ဂဆိုင်ရာ တရုတ်ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဆွန်လှိုင်(Sun Lei)က ဆိုပါတယ်။

လစ်ဗျားရဲ့“တရားစီရင်ရေးအချုပ်အခြာအာဏာ”ကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးဟာ လေးစားဖို့ကို တရုတ်ကတိုက်တွန်းပါတယ်။

လစ်ဗျားမှာကွဲပြားနေတဲ့ တရားရေးအ ဖွဲ့အစည်းတွေကို ပြန်လည်ပေါင်းစည်းဖို့ ကြိုးပမ်းနေချိန်မှာ ပြင်ပအင် အားစုတွေဘက်က မလျော်ကန်တဲ့ ဝင်ရောက်စွက်ဖက်တာမျိုးဖြစ်သွားနိုင်တာကို သတိပြုဖို့ကိုလည်း တရုတ်က ဆိုပါတယ် ။

အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးက တရားဝင်လုပ်ပိုင်ခွင့်ဘောင်အတွင်းကသာ တိတိကျကျလုပ်ဆောင်ဖို့နဲ့”ရွေး ချယ်ခိုင်းတဲ့ဖိအားပေးပုံစံ(Selected Pressure)ကို ကျင့်သုံးတာ၊စံနှုန်းနှစ်မျိုးကျင့်သုံးတာတွေကို နိုင်ငံရေးလက် နက်တခုလို အသုံးမချဖို့နဲ့ကိုယ်တိုင်ကလည်း အသုံးချလည်းမခံဖို့ကို တိုက်တွန်းသွားပါတယ်။

လစ်ဗျားကိစ္စကို လစ်ဗျားလက်လစ်ဗျားခြေနဲ့ပဲတည်ငြိမ်အောင်လုပ်ဖို့ (“Libyan-led and Libyan-owned” path to stability)ကို တရုတ်ဘက်က ထောက်ခံတယ်လို့ဆိုပါတယ်။

​ကိုယ့်ဂိုးကို ပြန်သွင်းမိထားတဲ့ ဗီတိုတွေ

​လစ်ဗျားအရေးမှာ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးကကိုင်တွယ်နေတဲ့ကိစ္စအပေါ် ရုရှားပြောသလိုကုလသမဂ္ဂလုံ ခြုံရေးကောင်စီက ပြန်ရုတ်သိမ်းလိုက်တယ်ဆိုပါဦး။

အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးက လစ်ဗျားကိစ္စကို ကိုင်တွယ်ခွင့်မရှိတော့ဘူးလားဆိုရင် ဒီအဖြေကကိုင်တွယ်လို့ ရပါတယ်။

လက်ရှိအခြေအနေမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၉၇၀ကို ပြန်ရုတ်သိမ်းတဲ့ တခြားကု လသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တခုထွက်လာရင်လည်း လစ်ဗျားအရေးကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးက ကိုင်တွယ်ခွင့်ရနေပါပြီ။

ဘာကြောင့်ဆို လစ်ဗျားကိုယ်တိုင်အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးအဖွဲ့ဝင်မဟုတ်ပေမယ့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးရဲ့ စီရင်ချက်ကို လက်ခံပါတယ်လို့ ၂၀၂၅ ခုနှစ်မှာ ကြေညာထားလို့ပါ။

အဲဒီအချက်က အမေရိကန်ကအပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးကို ဝေဖန်နေတဲ့ သက်ဆိုင်ရာနိုင်ငံရဲ့သဘောတူညီချက်ရမှသာ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးက ဝင်ရောက်ကိုင်တွယ်သ င့်တယ်ဆိုတဲ့အချက်ကို ဖြေရှင်းထားပြီးသားဖြစ်နေပါတယ်။

အဲဒီအပြင်တရုတ်ပြောနေတဲ့ လစ်ဗျားလက်၊လစ်ဗျားခြေဆိုတဲ့အချက်ကိုလည်း ဖြေရှင်းထားပြီးသား ဖြစ်နေပြန်ပါတယ်။

​ကုလဇာတ်ခုံပေါ်မှာ ဗီတိုအာဏာတွေကို ကျော်ဖြတ်ရတာအင်မတန်ခက်ပါတယ်။

ဒါပေမယ့် တခါတခါမှာတော့ ဗီတိုတွေဟာလည်း ကိုယ့်ဂိုးကိုပြန်သွင်းမိပြီးကိုယ်ဟာကိုယ်ချုပ်နှောင်မိသွားတဲ့ ဖြစ် စဉ်တွေဟာလည်း ရှိနေတတ်ပါတယ်။

ဒါကြောင့် ဘာမဆိုလည်းဖြစ်သွားနိုင်ပါတယ်။

​ဆက်ရန်…

​ကိုးကား…

UNSC ရဲ့ ICC Caucus နိုင်ငံတွေလစ်ဗျားအရေးအပေါ် ကြေညာချက်

​အကျဉ်းထောင် အကြီးတန်းအရာရှိဟောင်း ခါလက် မိုဟာမက် အလီ ဟီရှရီ (Khaled Mohamed Ali El Hishri) အား ICC မှ ဝရမ်းထုတ်ခြင်း

https://www.icc-cpi.int/libya/el-hishri

​ရုရှား ရပ်တည်ချက်

https://russiaun.ru/en/news/18112026

အမေရိကန်ရပ်တည်ချက်

https://press.un.org/en/blog/sc16513

တရုတ်ရပ်တည်ချက်

https://un.china-mission.gov.cn/eng/chinaandun/securitycouncil/202611/t20261119_12062520.htm

​ICC စီရင်ချက်ကို လက်ခံကြောင်း လစ်ဗျား ကြေညာချက်နဲ့ပတ်သက်တဲ့သတင်းတွေ…

#​လစ်ဗျား #စစ်ရာဇဝတ်ကောင် #ရာဇဝတ်မှုခုံရုံး #ကုလသမဂ္ဂလုံခြုံရေးကောင်စီ #BNA

PrevPrevious​ICJ စီရင်ချက်ကို အချိန်ယူလေ့လာသွားမယ်လို့ အာဏာသိမ်းစစ်တပ် ပြော
Nextအာရက္ခဒေသအကျိုးစီးပွားအတွက် သင့်တော်သလိုရပ်တည်မယ်လို့ ULA/AA ပြောNext
Previous Post

​ICJ စီရင်ချက်ကို အချိန်ယူလေ့လာသွားမယ်လို့ အာဏာသိမ်းစစ်တပ် ပြော

Next Post

အာရက္ခဒေသအကျိုးစီးပွားအတွက် သင့်တော်သလိုရပ်တည်မယ်လို့ ULA/AA ပြော

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-AA

ကလေးသူငယ်တွေအပေါ် ကျူးလွန်ရာဇဝတ်မှုအထောက်အထားတွေ ဆက်စုဆောင်းမယ်လို့ IIMM ပြော

November 20, 2026
​ဓာတ်ပုံ - APM

ပင်လယ်လိပ်ထိန်းသိမ်းကာကွယ်ရေး တားမြစ်ချက်ခြောက်ချက် အာရက္ခအစိုးရအသိပေး

November 20, 2026

မြောက်ဦးမြို့နယ် ရမ်းချောင်းဒေသကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်

November 20, 2026

ကျောက်တော်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်

November 20, 2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲက အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး- ၁

​ICJ စီရင်ချက်ကို အချိန်ယူလေ့လာသွားမယ်လို့ အာဏာသိမ်းစစ်တပ် ပြော

ရခိုင်အရေးဟာ ပြည်တွင်းရေးကိစ္စသက်သက်သာဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ် ဆို

ကလေးသူငယ်တွေအပေါ် ကျူးလွန်ရာဇဝတ်မှုအထောက်အထားတွေ ဆက်စုဆောင်းမယ်လို့ IIMM ပြော

လူမျိုးသုဉ်းစေမှုစီရင်ချက်ဟာ တညီတညွတ်တည်းမဟုတ်ဘူးလို့ အာဏာသိမ်းစစ်တပ် ပြော

မလေးရှားရှိ ရိုဟင်ဂျာဒုက္ခသည်တသောင်းကို တူရကီပို့မယ်

Releated Post

ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲက အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး- ၁

November 21, 2026
​ဓာတ်ပုံ -​ UN

​ICJ စီရင်ချက်ကို အချိန်ယူလေ့လာသွားမယ်လို့ အာဏာသိမ်းစစ်တပ် ပြော

November 20, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ရခိုင်အရေးဟာ ပြည်တွင်းရေးကိစ္စသက်သက်သာဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ် ဆို

November 20, 2026
ဓာတ်ပုံ-AA

ကလေးသူငယ်တွေအပေါ် ကျူးလွန်ရာဇဝတ်မှုအထောက်အထားတွေ ဆက်စုဆောင်းမယ်လို့ IIMM ပြော

November 20, 2026
​(ဓာတ်ပုံ - ၂၀၁၇ ခုနှစ်က မောင်တောမြို့အနီး ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြစ်စဥ်တခု/BNA)

လူမျိုးသုဉ်းစေမှုစီရင်ချက်ဟာ တညီတညွတ်တည်းမဟုတ်ဘူးလို့ အာဏာသိမ်းစစ်တပ် ပြော

November 20, 2026

မလေးရှားရှိ ရိုဟင်ဂျာဒုက္ခသည်တသောင်းကို တူရကီပို့မယ်

November 20, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page