Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ဗီယက်နမ်၏ ၁၉၈၀ ပြည့်လွန်ကာလများ ပြန်လည်တည်ဆောက်မှုကို လေ့လာခြင်း

Author picture

By

Saw Shin Nyo
Reading Time: 5 mins read
1
A A
0
SHARES
30
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
မြောက်ဦး၊ မေ ၄။

ဆိုရှယ်ဒီမိုကရေစီမိတ်ဆက် အပိုင်း -၂။

နိုင်ငံအချို့၏စနစ်၊ မူဝါဒအပြောင်းအလဲနှင့်ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ်အစ…။

ဗီယက်နမ်၏၁၉၈၀ ပြည့်လွန်ကာလများ ပြန်လည်တည်ဆောက်မှုကို လေ့လာခြင်း။

သုတေသနအစီရင်ခံစာအချို့၏အဆိုအရ ဗီယက်နမ်စီးပွားရေးတိုးတက်မှုပမာဏသည် ၂၀၂၅ ခုနှစ်၌ အာရှတွင် အဆင့် ၁၂နေရာသို့တက်လှမ်းနေမည်ဟုဆိုသည်။

အရှေ့တောင်အာရှတွင်ဗီယက်နမ်၏စီးပွားရေးတိုးတက်မှုအဆင့်သည် နံပါတ် ၄ နေရာတွင်ရှိသည်။

ဤကဲ့သို့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်မှာ ၁၉၈၀ပြည့်လွန်ကာလများမှစတင်ခဲ့သည့် မူဝါဒများ၏ အကျိုးဆက်ပင်ဖြစ်သည်။

၁၉၈၀ ပြည့်နှစ်မတိုင်ခင်ကာလများဖြစ်သော ၁၉၄၆ ခုနှစ်မှ၁၉၇၉ခုနှစ်ကာလထိ နှစ်ပေါင်းသုံးဆယ့်သုံးနှစ်နီးပါးသည် ဗီယက်နမ်အဖို့ စစ်မြေပြင် ဖြစ်နေခဲ့သည်။

၁၉၇၉ ခုနှစ်ကာလတွင် တရုတ်ကွန်မြူနစ်များနှင့်စစ်ဖြစ်သည်။တရုတ်ကွန် မြူနစ်များနှင့်စစ်မဖြစ်ခင် ၁၉၇၈ခုနှစ်ကာလ၌ ဗီယက်နမ်ကွန်မြူနစ်များက ကမ္ဘောဒီးယားခမာနီကွန်မြူနစ်များကို ဝင်တိုက်သည်။

၁၉၆၄ ခုနှစ်မှ၁၉၇၅ ခုနှစ်ထိ ဆယ့်တစ်နှစ်နီးပါး အမေရိကန်ပါဝင်ပတ်သက်သည့် ပြည်တွင်းစစ်ကိုတိုက်နေခဲ့သည်။

၁၉၇၅ ခုနှစ် အမေရိကန်ပါဝင်နေသော ပြည်တွင်းစစ်၏ အောင်ပွဲသည် လာအိုပြည်တွင်းစစ်ကိုပါရိုက်ခတ်ခဲ့ပြီး လာအိုတွင် ကွန်မြူနစ်ပတ်သက်သူများကိုပါ အောင်ပွဲရစေခဲ့သည်။

၁၉၅၄ ခုနှစ်မှ ၁၉၆၄ ခုနှစ်ထိ ဆယ်နှစ်နီးပါးကာလသည် တောင်ဗီယက်နမ်၊မြောက်ဗီယက်နမ် နှစ်ပိုင်းကွဲနေသောကာလဖြစ်သည်။တောင်မြောက်နှစ်ပိုင်းကွဲရခြင်းသည် ၁၉၅၄ ခုနှစ် ပြင်သစ်နှင့်ချုပ်ဆိုသော ဂျီနီဗာသဘောတူညီချက်၏အကျိုးဆက်ဖြစ်သည်။

၁၉၄၆ ခုနှစ်မှ၁၉၅၄ခုနှစ်ထိ ၈နှစ်နီးပါးကာလသည် အမျိုးသားလွတ်မြောက် ရေးတိုက်ပွဲကာလများဖြစ်သည်။

ထိုကဲ့သို့ ပြဿနာပဋိပက္ခများနှင့်လုံးချာနေခဲ့ပြီး ဗီယက်နမ်၏စီးပွားရေးတ ည်ဆောက်မှုသည်၁၉၈၀ ပြည့်လွန်ကာ လများတွင်မှ စတင်လာနိုင်ခြင်းဖြစ်သ ည်။အမှန်တော့ ၁၉၈၀ ပြည့်လွန်ကာလများသည် စီးပွားရေးတည်ဆောက်မှုမျှသာမဟုတ် ဗီယက်နမ်ကွန်မြူနစ်များ ၏နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ကို စတင်အကောင်အထည်ဖော်ရသောကာလများလည်းဖြစ်သည်။

ဒွိုင်မွိုင်ပြုပြင်ပြောင်းလဲရေး (Doi Moi Reform)

၁၉၈၆ ခုနှစ်တွင် အရင်းရှင်စီးပွားရေးကို ပုံဖော်သည့် ဒွိုင်မွိုင်အစီအစဉ်အား ဗီယက်နမ်ကွန်မြူနစ်များစတင်လာသည်။

ဗီယက်နမ်၏ ၁၉၈၀ပြည့်နှစ်အလွန် နိုင်ငံတည်ဆောက်ရေး၊စီးပွားရေးတ ည်ဆောက်ရေးတို့ကိုကြည့်ပါက အယူအဆပိုင်းတွင် “ကိုယ်လိုရာကိုယ်သုံး” ပုံ စံမျိုးကိုမြင်ရမည်ဖြစ်သည်။

စစ်အေးကာလလက်ဝဲကွန်မြူနစ်ကမ္ဘာတွင် အယူအဆပိုင်း၌ အုပ်စုနှစ်ခုပေါ်ခဲ့သည်။ဆိုဗီယက်ပြည်ထောင်စုတွင် မက်စ်- လီနင် ကွန်မြူနစ်အယူအဆကြီး စိုးသည်။

တရုတ်တွင် မော်စီတုန်း ကွန်မြူနစ်အ ယူအဆကြီးစိုးသည်။ကွန်မြူနစ်အုပ်စုတွင်ထိုသို့ကွဲရခြင်း၏ အကြောင်းတရားမှာ ဥရောပနိုင်ငံများတွင် မြို့ပြနှင့်စက်မှုလူ့အဖွဲ့အစည်းထွန်းကားသည်။

ရုရှားသည်လည်း ဥရောပနှင့်တိုက်ရိုက်ထိစပ်သော ရေခံမြေခံရှိသဖြင့် မြို့ပြထွန်းကားသည်။

တရုတ်တွင်ထိုသို့မဟုတ်ခဲ့ပေ။ ကျေးလက်လူတန်းစားကသာများပြားနေခဲ့သည်။

ဥရောပရေခံမြေခံရှိသော မက်စ်-လီနင် ဆိုဗီယက်အုပ်စုများ မြို့ပြစက်မှုလူမှုအဆောက်အအုံ၏အလုပ်သမားလူတန်းစားကို အခြေခံသည်။

တရုတ်မော်ဝါဒီ ကျေးလက်စိုက်ပျိုး ရေးလူမှုအဆောက်အအုံ၏ လယ်သမားလူတန်းစားကို အခြေခံသည်။

ဆိုဗီယက်ကွန်မြူနစ်များတွင်ရှိသောမြို့ပြအခြေခံအဆောက်အအုံမျိုး တရုတ်တွင်မဖွံ့ဖြိုးပေ။

မြို့ပြလူနေမှုသည် ကျေးလက်ထက် ပို ၍ကျစ်လစ်ထူထပ်သည်။ကျေးလက်လူနေမှုက ကျယ်ပြန့်ကာ လူသိပ်သည်းမှုနည်းသည်။

ဆိုဗီယက် မက်စ်- လီနင်ဝါဒီများအတွ က် အလုပ်သမားလူတန်းစားကို ဗဟိုချုပ်ကိုင်မှုအဆောက်အအုံဖြင့် စုစည်းမှုက လွယ်ကူသလောက် ကျေးလက်အ ခြေခံ တရုတ်အဖို့က မလွယ်ကူပေ။တ ရုတ်အဖို့က ပျံကျဲနေသဖြင့်ဗဟိုချုပ် ကိုင်မှုထက်လိုက်လျောညီထွေဖြစ်မှုကိုသာ ဦးစားပေးရန်ဖြစ်လာသည်။

ဤသို့လူမှုပတ်ဝန်းကျင်အခြေအနေမတူညီမှုက ကွန်မြူနစ်အုပ်စုအတွင်းမက်စ်-လီနင်ဝါဒီအုပ်စုနှင့်မော်စီတုံးဝါဒီအုပ်စုဟူ၍ ကွဲလာကြသည်။

ဆိုဗီယက်ခေါင်းဆောင်များနှင့်တရုတ်ခေါင်းဆောင်များသည် ထိုခေတ်အချိန်ကာလက ကွန်မြူနစ်ကမ္ဘာ၏ဦးဆောင်သူများလည်းဖြစ်ကြသည်။

လူသားဗီဇအရကိုယ့်ဘက်ကိုယ်ဆွဲလုပ်ကြသောအခါ နောက်ဆုံး မက်စ်-လီနင်ဝါဒသမားနှင့်မော်စီတုံးဝါဒသမားများ ကွန်မြူနစ်အချင်းချင်း အစာမကြေကြတော့ချေ။

ဆိုဗီယက်က တရုတ်၏ အထနှေးမှုကို ရာနှုန်းပြည့် ကွန်မြူနစ်မဆန်ဟုဝေဖန်သည်။

ဆိုဗီယက်ကအနောက်အုပ်စုများနှင့်ငြိမ်းချမ်းစွာယှဉ်တွဲရေးကို ပြောလာသောအခါ တရုတ်က ဆိုဗီယက်အား ရာနှုန်းပြည့်ကွန်မြူနစ်မဆန်ဟု ဝေဖန်ပြန်သည်။

ဆိုဗီယက်ကလူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ဘက်စုံဒေါင်စုံရှုမြင်မှုများကိုထည့်သွင်း၍ ဗဟိုချုပ်ကိုင်မှုမြင့်မား သော တပါတီစနစ်ကိုတည်ဆောက် သည်။

တရုတ်က ပါတီနှင့်လူထုအလွှာကြား နီးနီးကပ်ရှိနေလျှင်ရပြီ။ပါတီကိုတည် ဆောက်ပြီးခါမှလူ့အဖွဲ့အစည်းတရပ်လုံး၏ဘက်စုံဒေါင့်စုံအမြင်များကို ရှာဖွေမည်။

ဤသို့ဖြင့်”ထမင်းအိုးထဲ ဆန်အရင်ထ ည့်မည်။ ရေအရင်ထည့်မည်”စသဖြင့် အားပြိုင်ကြတော့သည်။

ရလဒ်က တပါတီစနစ်ကို”အိုးထဲဆန်ပဲအရင်ထည့်ထည့်ရေပဲအရင်ထည့်ထည့် ကျက်လာသောထမင်းမှာ ဗြိ၊မနပ်ဖော က်ဆပ်များသာ”လူထုအတွက်ထွက်လာတော့သည်။

ဆိုဗီယက်ကွန်မြူနစ်ရော၊တရုတ်ကွန် မြူနစ်ပါ အရင်းရှင်စနစ်မကောင်းကြောင့် ဟစ်ကြွေးပြီးခါမှ အရင်းရှင်စနစ်ဆီ ခုန်ကူးကြတော့သည်။

ဗီယက်နမ်ကွန်မြူနစ်များသည်လည်း ထိုနည်းလည်းကောင်းပင်။ မက်စ်-လီနင်အုပ်စုထံ ပိုနီးကပ်ပြပြီး အတုယူသည်အခါတော့ မော်ဝါဒီကို အတုယူသည်။

၁၉၈၆ခုနှစ် ဒွိုင်မွိုင် ပြုပြင်ပြောင်းလဲရေးသည် တရုတ်၏စီးပွားရေးပြုပြင်ပြောင်းလဲရေးကို နမူနာယူထားခြင်းလ ည်းဖြစ်သည်။

၁၉၆၄ ခုနှစ်မှ ၁၉၇ ခုနှစ်ထိ ၁၁ နှစ်နီး ပါးကာလတိုက်ပွဲသည် မြောက်ပိုင်း လက်ဝဲကွန်မြူနစ်အုပ်စုနှင့်တောင်ပိုင်း လက်ယာအရင်းရှင်အုပ်စုကြားအချင်းချင်းကြား တိုက်ကြသောအမေရိကန်ဝင်ပါလာသည့် ပြည်တွင်းစစ်ဖြစ်သည်။

၁၉၇၈ ခုနှစ် ကမ္ဘောဒီးယား ခမာနီများကို ဗီယက်နမ်မှ တိိုက်သည့်တိုက်ပွဲနှင့် ဗီယက်နမ်ကို တရုတ်မှ ၁၉၇၉ခုနှစ်တွင် ဝင်တိုင်သော တိုက်ပွဲများသည်ကွန်မြူ နစ်အချင်းချင်းကြား တိုက်သည့်တိုက် ပွဲဖြစ်သည်။

ခမာနီများက မော်စီတုံးဝါဒီ အယူအဆသမားများဖြစ်သည်။ရုရှားကိုဆရာတင်ထားသော ဗီယက်နမ်က၊ ခမာနီကိုတိုက်၊ ဗီယက်နမ်ကိုတခါ တရုတ်ကဝင်တိုက်စသည့်ကိစ္စများသည် ကွန်မြူနစ်အချင်းချင်းကြားအားပြိုင်မှုများလည်းဖြစ်သည်။

ဗီယက်နမ်ကမ်းရိုးတန်း၏သမိုင်းအဖြစ်အပျက်များက လက်ဝဲလက်ယာအားပြိုင်မှု၊လက်ဝဲအချင်းချင်းအားပြိုင်မှုစသည့်ပါဝါအားပြိုင်မှုများကိုမြင်နေရသည်။

ထိုပြင်ဒေသန္တရအမျိုးသားရေးအစွဲများနှင့်သမိုင်းကြောင်းဆိုင်ရာထပ်နေသည့် သဘောကိုလည်းမြင်နေရသည်။

ဒွိုင်မွိုင်ပြုပြင်ပြောင်းလဲရေးသည် ဗီ ယက်နမ်ကွန်မြူနစ်များအဖို့ အရင်းရှင်စနစ်စီးပွားရေးကို တည်ဆောက်ခြင်းဖြစ်သည်။ဒွိုင်မွိုင်ပြုပြင်ပြောင်းလဲရေး ၏အဓိကထင်သာမြင်သာသော အချ က်များမှာ ဘုံပိုင်စုပေါင်းပိုင်မြေယာစ နစ်ကိုဖျက်သိမ်းကာ မြေယာပြန်လည်ခွဲဝေပေးမှုဖြစ်သည်။

ကိုယ်လုပ်သမျှ ကိုယ်ခံစားစေဟုဆိုကာ လုပ်အားအရင်းအနှီး၏တန်ဖိုးကို ပိုင်ဆိုင်ခွင့်ပေးမှုဖြစ်သည်။

ဤသို့ဖြင့်စိုက်ပျိုးရေးထွက်ကုန်များရှိလာပြီး ဗီယက်နမ်သည် ကမ္ဘာပေါ်တွင် အဓိကဆန်တင်ပို့သော နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်လာသည်။

ဗီယက်နမ်ကွန်မြူနစ်များသည်လည်း အသေးစားစီးပွားရေးလုပ်ငန်းများအ ပေါ်တွင် အပံ့အပိုးများပေးခဲ့သည်။ဗီ ယက်နမ်၏ပုဂ္ဂလိကပိုင်ဆိုင်မှုသည် မြေယာပြုပြင်ပြောင်းလဲရေးနှင့်အ သေးစားစက်မှုလုပ်ငန်းများကို ပံ့ပိုးမှုမှစသည့်ဟုဆိုရမည်ဖြစ်သည်။

စိုက်ပျိုးရေး၊မွေးမြူရေးမှရလာသောကုန်ကြမ်းများကို ကုန်ချောထုတ်လုပ်မှုဘက်ကိုရောက်အောင် အစီအစဉ်များချမှတ်လာသည်။

ဈေးနှုန်းနှင့်ကုန်သွယ်မှုအားလွတ်လပ်ခွင့်ပေးကာ ဈေးကွက်အား အပြည့်အဝဖွင့်ပေးလိုက်သည်။

ဤသို့ဖြင့် ဗီယက်နမ်၏ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်သို့ရောက်သွားသလို နိုင်ငံတကာမှ ကုန်ပစ္စည်းများလည်း ဗီယက်နမ်သို့ ရောက်လာသည်။

ဤတွင် ကုန်ပစ္စည်းအရည်အသွေးနှင့် တန်ဖိုးပေါ်တွင် ယှဉ်ပြိုင်လာရပြီး မိမိ၏ကုန်ပစ္စည်းအား ပိုမိုကောင်းမွန်စေရန် ထုတ်လုပ်လာရသည်။

ဤသို့ ထုတ်ကုန်အရည်အသွေးကိုတောင်းဆိုမှုက ပညာရေးနှင့်လူမှုအ ဆောက်အအုံများပေါ်တွင် ရင်းနှီးမြုပ်နှံ့မှုကို ဖြစ်စေသည်။

လက်ရှိတွင် ပညာတတ်၍ငယ်ရွယ် သော၊လုပ်ငန်းကျွမ်းကျင်သော၊ လုပ်အားခသက်သာသော လုပ်သားထုက နိုင်ငံခြားရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်နေသည်။

လမ်းပန်းဆက်သွယ်ရေးများကို ပိုမိုကောင်းမွန်အောင်တည်ဆောက်လာနိုင်မှုက ပြည်တွင်းကုန်စည်စီးဆင်းမှုကို ပိုမိုမြန်ဆန်လည်ပတ်စေသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကိုဆွဲဆောင်ရာတွင် ၁၉၈၇ ခုနှစ်တွင် နိုင်ငံခြားရ င်းနှီးမြုပ်နှံမှုဥပဒေကို ပြဌာန်းပြီး စက်မှုဇုန်များ၊စီးပွားရေးဇုန်များအတွက်အ ခြေခံလိုအပ်ချက်များကို ပြည့်မှီအောင် တည်ဆောက်ကာ ဆွဲဆောင်သည်။

ဗီယက်နမ်၏အဓိက ပို့ကုန်စီးပွားရေးအတွက် ထုတ်ကုန်များသည် အထည်အလိပ်များ၊ ခြေအိပ်များ၊ဖိနပ်များနှင့် လျှပ်စစ်လူသုံးကုန်ပစ္စည်းများ ဖြစ်သ ည်။

၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအ ဖွဲ့ထဲဝင်ရောက်မှုက ဗီယက်နမ်အထည် အလိပ်များအတွက် ဈေးကွက်အသစ်များကို ရလာစေခဲ့သည်။

ကျေးလက်မွေးမြူရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖွံ့ဖြိုးလာစေရန်အ စိုးရမှအရင်းအနှီး၊နည်းပညာ၊ဈေးကွ က်စသည့်နယ်ပယ်များတွင် အပံ့အပိုးများပေးခဲ့သည်။

ဗီယက်နမ်၏စီးပွားရေးအပြောင်းအလဲတွင် သိသာထင်ရှားမှုမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ရေလုပ်ငန်း၊အသေးစားလု ပ်ငန်းငယ်များကို ဖွံ့ဖြိုးလာစေရန် အစိုး ရမှ အားစိုက်ပေးခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်သည် တောထောင်ထူထပ် သော အလျားရှည်၍ သေးသွယ်သော Elongated State တစ်ခုဖြစ်သည်။ဗီယက်နမ်နိုင်ငံ၏ ၇၅ ရာခိုင်နှုန်းသောဧရိယာသည် တောင်ကုန်းတောင်တန်းများဖြစ်သည်။

မြစ်နီမြစ်ဝှမ်းဒေသနှင့်မဲခေါင်မြစ်ဝှမ်းဒေသများတွင်သာ မြေပြန့်လွင်ပြင်များရှိသည်။

အဆိုပါမြေပြန့်လွင်ပြင် အကန့်အသတ်ရှိသော စိုက်ပျိုးရေးလုပ်ငန်းများက ဗီယက်နမ်အတွက် များစွာအားစိုက်နေရသော လုပ်ငန်းများလည်းဖြစ်သည်။

ဗီယက်နမ်၏လှေကားထစ်တောင်ယာစိုက်ပျိုးရေးမှာ အကန့်အသတ်များနှင့်အရင်းအနှီးစိုက်ထုတ်မှုများပြားသော ကြောင့် ထုတည်ကြီးကြီးမားမားဆောင်ရွက်နိုင်သေးခြင်းမရှိပေ။

သို့သော်လည်း ဗီယက်နမ်မြောက်ပိုင်းရှိ လွိုင်ကိုင်း(ဆာပါ)၊ယဲင်ဘိုင်း၊ဟာဂ(ယန်း)ဒေသများတွင် လှေကားထစ်တောင်ယာလုပ်ငန်းများရှိပြီး ထိုလုပ်ငန်းများက ခရီးသွားလာရေးလုပ်ငန်းများကို တနည်းတဖုံအကျိုးပြုနေသည်။

ဆိုရှယ်ဒီမိုကရက်စံနှုန်းမှ ဗီယက်နမ်၏ အခင်းအကျင်းအားသုံးသပ်ခြင်း။

ဗီယက်နမ်သည် ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းကို ကျင့်သုံးသောနိုင်ငံမဟုတ်ပေ ။

ဗီယက်နမ်ကွန်မြူနစ်များ၏ ၁၉၈၀ ပြည့်နှစ်အလွန် နိုင်ငံပြန်လည်တည်ဆောက်ရေးကာလများ၌ စီးပွားရေးအားမြှင့်တင်ပေးလာသော လုပ်ရပ်များတွင် ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းတ ချို့ရှိသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အသေးစားလုပ်ငန်းများကို အစိုးရအပံ့အပိုးများပေးခြင်းမျိုးနှင့်လွတ်လပ်သောဈေး ကွက်စီးပွားရေးကို ကျင့်သုံးခြင်းများဖြစ်သည်။

ဈေးကွက်စီးပွားရေးက ဗီယက်နမ်ကွန် မြူနစ်များအား ပညာရေးတွင် ရင်းနှီးမြုပ်နှံမှုရှိလာစေပြီး ပညာတတ်လူလ တ်တန်းစားများကို မွေးထုတ်ပေးလာသည်။

ပါဝါအားပြိုင်မှုသပွတ်အူ

ဗီယက်နမ်သည်ပါဝါအားပြိုင်မှု၏ စက် ကွင်းဖြစ်ခဲ့သည်။ဗီယက်နမ်များအဖို့လည်း လာအိုနှင့်ကမ္ဘောဒီးယားအပေါ်တွင် သြဇာလွမ်းမိုးမှုရှိသည်။

ဗီယက်နမ်တောင်ပိုင်းမဲခေါင်မြစ်ဝှမ်းလွင်ပြင်သည် သမိုင်းအရ ကမ္ဘောဒီးယားခမာအင်ပါယာကာလများနှင့်ဆ က်စပ်မှုများရှိခဲ့သည်။

ကမ္ဘောဒီးယား၌ ခမာနီကွန်မြူနစ်များသည် မော်စီတုန်းဝါဒီများဖြစ်သည်။

မော်စီတုန်းဝါဒီများက ကျေးလက်စိုက် ပျိုးရေးလူတန်စားကို ဗဟိုပြုသည့် ကွန်မြူနစ်များဖြစ်သည်။

၎င်းတို့ ခမာနီများအာဏာရလာသောအခါ ကမ္ဘောဒီးယားလူဘောင်အား သာတူညီမှုကျေးလက်လူတန်းစားစိုက်ပျိုး ရေးထုတ်ကုန်အခြေခံနိုင်ငံတော်အဖြစ်တည်ဆောက်တော့သည်။

ပညာတတ်များ၊ဘုန်းကြီးများ၊မြို့ပြလူ တန်းစားများ၊ကုန်သည်များကို လယ်ထွန်ခိုင်းသည်။

ခမာနီများက ၎င်းတို့၏နိုင်ငံရေးအာဂျ င်တာနှင့်ပတ်သက်၍အယူအဆကွဲပြားမှုကို သည်းခံသည်မဟုတ်။

ဤသို့ဖြင့် လူသန်းပေါင်းများစွာအသက်ကို သေဆုံးစေခဲ့သည်။ခမာနီကွန်မြူနစ်များ နိုင်ငံရေးအာဂျင်တာအား သွေးဆာစွာအကောင်အထည်ဖော်မှုအ ပေါ် ပြင်းထန်သည့် အမျိုးသားရေးဝါဒဖြင့်ကျားကန်ထားသည်။

ထိုအမျိုးသားရေးဝါဒကပင် ခမာနီများကိုပြန်လည်၍နိဂုံးချုပ်စေရန်အကြော င်းတရားများထဲမှအချက်တခုဖြစ်လာစေခဲ့သည်။

ခမာနီများ၏အလုံပိတ်နိုင်ငံရေးအာဂျ င်တာဖြင့် မောင်းနှင်မှုကို မခံနိုင်သောသူများက ဗီယက်နမ်ဘက်ကို ဝင်ပြေးကြသည်များရှိသည်။

ထိုသူများကို ခမာနီများလိုက်ရင်း ဗီယ က်နမ်နယ်မြေထဲတွင် အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများရှိလာသည်။

ရှေးခေတ် ကမ္ဘောဒီးယား ခမာအင်ပါယာကာလက ပါဝင်ခဲ့သော ဗီယက်နမ်တောင်ပိုင်းနယ်မြေများနှင့်ပတ်သက် ၍ခမာနီတို့၏အမျိုးသားရေးပုံဖော်မှု သည် ဗီယက်နမ်ကွန်မြူနစ်များကို ရို က်ခတ်လာခဲ့သည်။

ခမာနီများလုပ်ရပ်နှင့်ပတ်သက်၍ ခမာနီ၏ဆရာတရုတ်ကွန်မြူနစ်များကလည်း ထိန်းကျောင်းမှုအားနည်းသည်ဟု ဗီယက်နမ်ကွန်မြူနစ်များကလည်း ခံ စားလာရသည်။

တောင်မြောက်ရှည်သော Elongated State ပထဝီဝင်ရှိသည့် ဗီယက်နမ်အဖို့ တောင်ပိုင်း၊မြောက်ပိုင်း ကွဲပြားမှုသည် ခေါင်းစားစရာဖြစ်သည်။တောင်ပိုင်း၊မြောက်ပိုင်း ပြည်တွင်းစစ်တွင် အမေရိကန်နှင့်ပါ စစ်ခင်းထားရမှုသည် ၁၉၇၅ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။

နောက်သုံးနှစ်အကြာ ၁၉၇၈ခုနှစ်တွင် ခမာနီများက ဗီယက်နမ်တောင်ပိုင်း၏ နယ်မြေအချို့တွင် အစုလိုက်အပြုံလို က် ဝင်ရောက်သတ်ဖြတ်မှုများဖြစ်လာသောအခါ ဗီယက်နမ်ကွန်မြူနစ်များအ နေဖြင့် ခမာနီကွန်မြူနစ်များကို ဖယ် ရှားရုံမှလွဲ၍ အခြားမရှိတော့ပေ။

ကမ္ဘောဒီယားကို ဝင်တိုက်သည့်အကျိုးဆက်က ဆိုဗီယက်အပေါ် အစာမကြေဖြစ်နေသည့် တရုတ်များအဖို့ ဗီယက်န မ်အား ဝင်တိုက်မှုကို ဖြစ်စေသည်။

ဤသို့ဖြင့် ဗီယက်နမ်သည် စစ်ပွဲတာ ရှည်နေခဲ့ရသည်။ဗီယက်နမ်တောင်ပိုင်းတွင် အရင်းရှင်စနစ်ကျောထောက်နော က်ခံအစိုးရတရပ်တက်လာခဲ့သော်လ ည်း အာဏာရှင်ဆန်မှု လူထုအပေါ်နှိပ် ကွပ်မှုများကြောင့် တောင်ပိုင်းသားလူထုသည် မြောက်ပိုင်းသားကွန်မြူနစ်များဘက်ကို ယိုင်သွားကြသည်။

ဤအချက်ကပြည်တွင်းစစ်တွင်ပါဝင်လာသော အမေရိကန်အဖို့ နှမ်းထွက်မကိုက်ဖြစ်ခဲ့ရသည်။

တောင်ပိုင်း အရင်းရှင်အစိုးရ၏လူမဆန်မှုက တဖက်တွင် မြောက်ပိုင်းကွန် မြူနစ်များအတွက် ဗီယက်နမ်အားပြန် လည်စုစည်းရန် အထောက်အကူဖြစ်ခဲ့ပုံရသည်။

အာရက္ခလူ့ဘောင်နှင့်နှိုင်းယှဉ်ခြင်း။

အာရက္ခလူ့ဘောင်တွင်တော့ ဗီယက်နမ်လူ့ဘောင်လိုမျိုး အယူအဆပိုင်းဆိုင်ရာ အားပြိုင်မှုနှင့်ပြင်ပပါဝါအားပြိုင်မှု၏ ရိုက်ခတ်မှုကိုခံရနိုင်သော်လည်း လာအိုနှင့်ကမ္ဘောဒီးယားပေါ်တွင် ဗီယက်နမ်သြဇာရှိသကဲ့သို့ ပါဝါသပွတ်အူလိုက်ကာ ရှုပ်ထွေးမှုဖြစ်လာနိုင်ချေမရှိပေ။

သို့သော် ချင်းပြည်တောင်ပိုင်းနှင့်ပြည်မရှိ လက်နက်ကိုင်အဖွဲ့များအပေါ် UL A/AA ကျောထောက်နောက်ခံပြုထား သည်က တချိန်ချိန်တွင် သပွတ်အူလို က်လာမည်လား မသိနိုင်ချေ။

တောင်ပိုင်း၊မြောက်ပိုင်းကွဲပြားမှုနှင့် ပတ်သက်၍ တောင်ဗီယက်နမ်အရင်းရှင်အစိုးရ၏ဖိနှိပ်မှုများက တောင်ပိုင်းလူထုအား မြောက်ပိုင်း၏နိုင်ငံရေးဦး ဆောင်မှုဘက်ကို ယိုင်သွားစေခဲ့သည်။

ထိုနည်းအတူ စစ်အာဏာရှင်များ၏ဖိနှိပ်မှုက အာရက္ခလူ့ဘောင်၏တောင် မြောက်ပထဝီဝင်ကို ပြန်လည်စုစည်းရန်အခွင့်အရေးပေးနေသလိုဖြစ်နေသ ည်။

ဗီယက်နမ်က ခမာနီအားဖြုတ်ချသောအခါ တရုတ်က ဗီယက်နမ်အားဝင်တိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအား တရုတ်က”ဗီယက်နမ်အားသင်ခန်းစာပေးခြင်း”(Teach Vietnam A Lesson)ဟု သုံးနှုန်းခဲ့သည်။

ဤစကားလုံးကား ကျားဖျန့်ကိစ္စနောက် ပိုင်း”ကြောက်ရွံ့ကျိုးနွံမှုနှင့်ဆုံးမ သွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်”ဟူသည့် PSLF/TNLA အားပို့သ ည့် တရုတ်၏ရာဇသံကို အမှတ်ရမိစေ သည်။

အမှန်တော့ Teach Vietnam A Lesson သည် ဗီယက်နမ်မှခမာနီအား ဝင်တိုက်မှုအကြောင်းတရားသက်သက်ကြောင့်မဟုတ်ပေ။

နယ်စပ်ပြဿနာနှင့်ဗီယက်နမ်အတွင်းရှိ တရုတ်လူမျိုးများအပေါ်ဖိနှိပ်မှုကို တန် ပြန်ရန်၊ဆိုဗီယက်ကွန်မြူနစ်များ၏သြဇာကို ထိန်းညှိရန်ရည်ရွယ်ချက်လည်းပါသည်။

အာရက္ခလူ့ဘောင်တွင်လည်း တရုတ်၊ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ပြည်မ၏အ ကျိုးစီးပွားနှင့်ဆက်စပ်သော ကိစ္စရပ်များရှိနေသည်။

ဤအချက်များက အာရက္ခလူ့ဘောင်၏တည်ငြိမ်မှုအပေါ်တွင် တနည်းတဖုံရိုက်ခတ်မှုရှိလာနေမည်ဖြစ်သည်။

ထိုရိုက်ခတ်မှုများအား အခွင့်အလမ်းအဖြစ်လည်း ဖန်တီးနိုင်သည်။ အခွင့်အလန်းအဖြစ်ဖန်တီးနိုင်ရန် အာရက္ခလူ့ ဘောင်အတွင်း လူမျိုးစုများ၊စုံလင်ကွဲ ပြားသောဘာသာရေးအုပ်စုများနှင့်ဒေ သန္တရလေယူလေသိမ်းအုပ်စုများထဲတွ င်တန်းတူညီမျှမှုနှင့်တရားမျှတမှုကိုဖော်ဆောင်ထားနိုင်ရန်လည်းလိုသည်။

ခမာနီဖြစ်စဉ်မှ ပေးသောသင်ခန်းစာအရ တန်းတူညီမျှမှု၊တရားမျှတမှုကင်းမဲ့သည့် အလွန်အကျွံအမျိုးသားရေးစိ တ်ဓာတ်ဖြင့်နိုင်ငံရေးအရစုံလင်ကွဲပြားမှုကိုသည်းမခံဘဲ နိုင်ငံရေးအာဂျင်တာအား အကောင်အထည်ဖော်မှုများသ ည် အိမ်နီးချင်းများကို ဝန်ထုတ်ဝန်ပိုးဖြစ်စေသည်။

ထိုဝန်ထုတ်ဝန်ပိုးများသည် သမိုင်း ကြောင်းအရလည်းထပ်သည့်အခြေ အ နေမျိုးပေါ်သက်ရောက်လာပါက ပြင်ပမှဝင်ရောက်စွက်ဖက်မှုကို ပို၍နက်ရှိုင်းစေသည်။

လာအိုကွန်မြူနစ်များက ခမာနီကဲ့သို့မဟုတ်ဘဲ နိုင်ငံရေးအာဂျင်တာအား အကောင်အထည်ဖော်ရာတွင်ပျော့ ပျောင်းသည်ဟု ဆိုရမည်။

ခမာနီများအစုလိုက်အပြုံလိုက် သတ် ဖြတ်မှုများကဲ့သို့ လာအိုကွန်မြူနစ်များမပြုလုပ်ခဲ့ပေ။

ဗီယက်နမ်များဝင်ရောက်တိုက်ခိုက်မှုက ကမ္ဘောဒီးယား ခမာနီကွန်မြူနစ်များအတွက် နိုင်ငံတကာစစ်ခုံရုံးများကို ပေါ်ပေါက်လာစေခဲ့သည်။

အာရက္ခလူ့ဘောင်တွင်လည်း အခြားသောလူ့အသိုက်အမြုံများနှင့်သမိုင်း ကြောင်းအရ ဆုံထပ်နေသောနေရာများလည်းရှိနေသည်။

အိမ်နီးချင်းများအတွက် ဝန်ထုတ်ဝန်ပိုးများဖြစ်နေသည့် ကိစ္စများလည်းရှိနေပြီးဖြစ်သည်။

အာရက္ခလူ့ဘောင်၏လူမျိုးစုများ၊စုံလင်ကွဲပြားသောဘာသာရေးအုပ်စုများနှင့်ဒေသန္တရလေယူလေသိမ်းအုပ်စုများထဲတွင် တန်းတူညီမျှမှုနှင့်တရားမျှတမှုကို တည်ဆောက်ရန်လည်း လိုအပ်နေဆဲဖြစ်သည်။

ဗီယက်နမ်ကဲ့သို့ ပါဝါဆုံချက်များ သပွတ်အူလိုက်မှုမျိုးမဟုတ်သော်လည်း ကုလသမဂ္ဂမှ အဆိုပြုသော “လူသားချင်းစာနာမှုစင်္ကြန်” ကဲ့သို့ ကိစ္စရပ်များကို အာရက္ခလူ့ဘောင်အနေဖြင့် မျက်မှော က်ပြုလာရနိုင်သည်။

အာရက္ခနယ်မြေတွင် ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှုများကလည်း နိုင်ငံတကာတရားစီရင်ရေးစနစ်ထဲ ရောက်ရှိနေပြီဖြစ်ပြီး ဘယ်အချိန်တွင် ဇတ်ရှိန်မြင့်လာမည်ကိုလည်း မသိနိူင်ချေ။

ဤအခြေအနေများအား အာရက္ခပြည်အတွက် အခွင့်အလမ်းအဖြစ်ပြောင်းလဲနိုင်ရန်မှာ အာရက္ခလူ့ဘောင်၏ဥာဏ်ပညာနှင့်တရားမျှတမှုအပေါ်တွင်သာ မူ တည်နေမည်ဖြစ်သည်။

ဗီယက်နမ်ကွန်မြူနစ်များသည်ပါဝါသပွတ်အူထဲတွင်လည်း ဝဲလည်လည်မလုပ်တော့ပေ။အားလုံးသူနှင့်အဆင်ပြေအောင်ဆက်ဆံသည် Bamboo Policy ဝါးပင်ယိမ်းမူဝါဒကိုသာ လက်ကိုင်ထားတော့သည်။

PrevPreviousအာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာပြည်သူ့ကျန်းမာရေးသင်တန်းခေါ်နေ
Nextအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဘိလပ်မြေစျေးနှစ်သိန်းကျော်ထိစျေးတက်Next
Previous Post

အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာပြည်သူ့ကျန်းမာရေးသင်တန်းခေါ်နေ

Next Post

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဘိလပ်မြေစျေးနှစ်သိန်းကျော်ထိစျေးတက်

Comments 1

  1. NakrutkaTelegramovave says:
    5 months ago

    [url=https://nakrutka-podpischikov-telegram-1.ru]накрутка подписчиков в Телеграм[/url]

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ပူတင်တွေ့

August 18, 2026

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် စိစစ်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရတိုက်တွန်း

August 18, 2026
Photo - ONN

AA ဝင်မယ့် ကလေးသုံးဦးကို မိဘတွေဆီပြန်အပ်

August 18, 2026
ဓာတ်ပုံ - အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

အရာတော်မှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ဆယ့်တဦးဒဏ်ရာရ

August 18, 2026

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ပူတင်တွေ့

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် စိစစ်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရတိုက်တွန်း

AA ဝင်မယ့် ကလေးသုံးဦးကို မိဘတွေဆီပြန်အပ်

အရာတော်မှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ဆယ့်တဦးဒဏ်ရာရ

မြို့ခုနှစ်မြို့မှာ မြစ်ရေတွေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

ဝက်လက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

Releated Post

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ပူတင်တွေ့

August 18, 2026

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် စိစစ်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရတိုက်တွန်း

August 18, 2026
Photo - ONN

AA ဝင်မယ့် ကလေးသုံးဦးကို မိဘတွေဆီပြန်အပ်

August 18, 2026
ဓာတ်ပုံ - အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

အရာတော်မှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ဆယ့်တဦးဒဏ်ရာရ

August 18, 2026
ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

မြို့ခုနှစ်မြို့မှာ မြစ်ရေတွေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

August 18, 2026
ဓာတ်ပုံ - ပကဖ၊ ဝက်လက်မြို့နယ်

ဝက်လက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

August 18, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page