အာရက္ခဒေသ

နှစ်နိုင်ငံနယ်စပ်အနီးမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ စစ်ရေးလှုပ်ရှားနေ

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidary Organization) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊ နက်ဖ်ချောင်းဆရီမြို့အနီးတောတွင်းမှာ စစ်ရေးလေ့ကျင့်ပေးနေတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။ အဲဒီအဖွဲ့ဟာ မောင်တောခရိုင်သိမ်းတိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်ခဲ့ကြသလို အာရက္ခ-ဘင်္ဂလာနယ်စပ်တလျှောက်မှာအကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေကြသေးတယ်လို့လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။ သူတို့ဟာ နတ်မြစ်အတွင်းမှာလည်းလှု...

Read more

ရာမ်ဇာန်ဥပုသ်လမရောက်မီ မြို့ထဲပြန်ဝင်ခွင့်ပြုဖို့ မောင်တောမြို့မှမွတ်ဆလင်တွေ တောင်းဆို

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောမြို့ထဲသို့ ရာမ်ဇာန်ဥပုသ်လမရောက်မီ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပေးဖို့ အာရက္ခပြည်သူ့အစိုးရကို မွတ်ဆလင်အသိုင်းအဝိုင်းက တောင်းဆိုနေကြပါတယ်။ အဲဒီမောင်တောမြို့ထဲသို့ ရခိုင်၊ ဟိန္ဒူအပါအဝင်တခြားလူမျိုးတွေကို ဝင်ရော က်ခွင့်ပြုထားပေမယ့် မွတ်ဆလင်တွေကိုတော့ မောင်တောမြို့ထဲကို တရားဝင် ဝင်ရောက်နေထိုင်ခွင့်မပြုသေးဘူးလို့မွတ်ဆလင်အသိုင်းအဝိုင်းက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ရွှေဇားကျေး ရွာအုပ်စုရှိ...

Read more

စစ်ဘေးရှောင်တွေ နိုင်ငံတကာအကူအညီတွေလိုအပ်နေ

အာရက္ခဒေသက စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးခက်ခဲနေကြတာမို့နိုင်ငံတကာအကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာအကူအညီတွေမရကြတာ လေးလခန့်ရှိနေပြီး စားဝတ်နေရေး၊ကျန်းမာရေးစတဲ့အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။ အဲဒါကြောင့် နေ့စဥ်စားဝတ်နေရေးအတွက် အခက်ခဲဆုံးအခြေအနေတွကို ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ "ရွာတွေပတ်ပြီး ဆန် အကူအညီတောင်းတယ်။...

Read more

အိမ်ပြန်မယ့်လမ်း ဝေဝါးစမ်းကွယ်

ဇာနည် ရေးသားသည်။ တဖြည်းဖြည်းနှင့်နည်းလာသည့်ဆေးများကိုကြည့်ရင်း မနွယ်နွယ်တစ်ယောက် သက်ပြင်းအကြိမ်ကြိမ်ချနေမိသည်။နှစ်ရှည်လများကုနေရသည့် သူမအမေ၏ ကျောက်ကပ်ရောဂါမှာ လက်ကျန်ဆေးများပေါ်မှာ မှီခိုနေရခြင်းဖြစ်သည်။ဆေးများပြတ်သွားလျှင် ဘာဆက်ဖြစ်မလဲဆိုသည်ကို မနွယ်နွယ်တစ်ယောက် ဆက်မတွေးရဲပါ။ သူမအမေ၏ သောက်နေကျဆေးများ မပြတ်ဖို့နှင့်ရန်ကုန်မှမှာထားသောဆေးများ အချိန်မှီရောက်လာဖို့ကိုသာ မနွယ်နွယ်နေ့တိုင်းစောင့်နေမိသည်။ဆေးများကို လူကြုံနှင့်မှာထားသည်မှာလနဲ့ချီပြီး ကြာမြှင့်နေပြီဖြစ်သည်။ ဇွန်လ၏...

Read more

ကျောက်ဖြူမှာ တရုတ်ရေနံတင်သင်္ဘောတွေ ပုံမှန်ဝင်ထွက်သွားလာနေ

အာရက္ခတပ်တော်(AA) နဲ့ စစ်ကောင်စီတပ်ကြား နှစ်ဘက်စစ်ရေးတင်းမာပြီးအပြန်အလှန်ပစ်ခတ်မှုတွေရှိနေကြတဲ့ကျောက်ဖြူမြို့နယ်မှာ တရုတ်ရေနံတင်သင်္ဘောတွေ ပုံမှန်အတိုင်းဝင်ထွက်သွားလာနေကြတယ်လို့ မြင်တွေ့နေကြရသူတွေက ဆိုကြပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစတင်ပြီး အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်ကြားနှစ်ဘက်ပစ်ခတ်မှုတွေဖြစ်နေကြတာလို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းကရေနံစိမ်းတွေတင်ဆောင်လာကြတဲ့တရုတ်ရေနံတင်သင်္ဘောတွေကတော့ ဖေဖော်ဝါရီ လ ၂၆...

Read more

အာရက္ခပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လိုအခြေအနေတွေရှိနေလဲ

ခိုင်ဇော် ရေးပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွ မြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။ အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေကို ပြည်သူ့ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလို...

Read more

အာရက္ခတိုင်းပြည်ကို အတူတူတည် ဆောက်ကာကွယ်မယ်လို့ မြိုလူမျိုးတွေဆန္ဒဖော်ထုတ်

အာရက္ခတိုင်းပြည်ကို အတူတူတည် ဆောက်ကာကွယ်ကြမယ်ဆိုပြီး မောင်တောမြို့နယ်က မြိုလူမျိုးတွေဟာ ဖေဖော်ဝါရီလ ၂၃ ရက်၊မနေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီမောင်တောမြို့နယ်မှာ ဌာနေတိုင်းရင်းသားလူနည်းစုမြိုလူမျိုးတွေကို အာရက္ခတပ်တော်(AA)က အတင်းအဓမ္မစ စ်မှုထမ်းဖို့ခေါ်ဆောင်ခဲ့ကြရာမှာအမျိုး သမီးတွေလည်း ပါဝင်ခဲ့ကြတယ်လို့ မြိုလူမျိုးတွေက ပြောဆိုထားကြပါတယ်။ အာရက္ခတပ်တော်ကတော ရပ်ရွာကာ...

Read more

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့အရပ်သားတဦးဒဏ်ရာရ

မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မနက်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရသွား တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊မီးတိုက်ကျေးရွာကအသက်နှစ်ဆယ်ငါးနှစ်အရွယ်ကိုမောင်ထွန်းအေးမှာ ဘယ်ဖက်ခြေ ထေက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီကိုမောင်ထွန်းအေးဟာ ဒီနေ့မနက် ၉ နာရီအချိန်ခန့်က ကျေးရွာအနီးရှိ တောင်သို့ဝါးခုတ်သွားရာမှာ...

Read more

”ပြည်သူတွေ အားလုံးရှေ့မှာ အာရက္ခတပ်တော်က အမိန့်ချပေးပါ”

https://youtu.be/J6wQzCV9dqE?si=GDpPoGyMSNwRafHL အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်း ချုပ်ထားထားတဲ့ မောင်တောမြို့နယ်၊ လေးမိုင်၊ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ရင်းရှေ့နားမှာ စက်တင်ဘာလ ၂၈ ရ က်နေ့က ကလေးငယ်တဦးပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီမောင်တောမြို့နယ်၊လေးမိုင်နေအ သက်ငါးဆယ်နှစ်အရွယ်ဦးအောင်စိုးလွင်နဲ့အသက်သုံးဆယ်ခုနှစ်နှစ်အရွယ် ဒေါ်စန္ဒာဝင်းရဲ့သားအသက်ဆယ်နှစ်အ ရွယ်သုံးတန်းကျောင်းသားမောင်ဘုန်းမြတ်အောင်ကို စက်တင်ဘာလ...

Read more

ကမ္ဘာ့ရှားပါးပင်လယ်လိပ်ဥတွေ ထိန်းသိမ်းကာကွယ်သူမဲ့နေ

အာရက္ခဒေသက ကမ္ဘာ့ရှားပါးပင်လယ်လိပ်တွေရှိပေမယ့် အဲဒီပင်လယ်လိပ်တွေကို ဖမ်းဆီးသတ်ဖြတ်ရောင်းချနေကြတာ၊လိပ်ဥတွေကို ရောင်းကုန်တခုလိုစျေးကွက်တင်ရောင်းချနေကြတာမို့ သေဆုံးမှုတွေတိုးလာနေပြီး မျိုးသုဥ်းပျောက်ကွယ်တော့မယ်အန္တရာယ်အထိရှိနေတယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်းကတည်းက စစ်ကောင်စီက အာရက္ခဒေသရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို ပိတ်ဆို့ထားပေမယ့် အာရက္ခဒေသက ပင်လယ်လိပ်ဥတွေကို ရန်ကုန်မြို့ထိ ခိုးထုတ် ယူဆောင်ရောင်းချတာတွေ ရှိနေကြပါတယ်။...

Read more
Page 157 of 168 1 … 156 157 158 … 168

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here