စစ်တွေမြို့နယ်

စစ်တွေမြို့အနီးမှာ နှစ်ဘက်ပစ်ခတ်မှုပိုမိုပြင်းထန်နေ

Border News Agencyစစ်တွေ၊ အောက်တိုဘာ ၁၆။ စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ လက်နက်ကြီး၊ဒရုန်း အပြန်အလှန်တိုက်ခိုက်မှုတွေ ခုရက်ပိုင်းအတွင်း ပိုမိုပြင်းထန်နေတယ်လို့ အောက်တိုဘာလ ၁၅ ရက်မနေ့က အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်တည်ရှိပြီး ပြည်နယ်စစ်ကော်မရှင်ရုံးစိုက်ထားတဲ့ စစ်တွေမြို့နယ်ပတ်ပတ်လည်ပင်လယ်ပြင်မှာ ရေတပ်စစ်သင်္ဘောအများဆုံးတပ်ဖြန့်ချထားသလို ကင်းထောက်တာတွေ၊...

Read more

ရွေးကောက်ပွဲအတွက် ပြည်နယ်စစ်ကော်မရှင်ပြင်ဆင်နေ

Border News Agencyစစ်တွေ၊အောက်တိုဘာ ၁၅။ ရခိုင်မှာ ရွေးကောက်ပွဲအတွက် ပြည်နယ်အဆင့် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့အစည်းအဝေးခန်းမမှာလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေ၊...

Read more

စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းရာမှာ ရခိုင်ကဒုတိယအများဆုံးပါဝင်

Border News Agencyစစ်တွေ၊ အောက်တိုဘာ ၅။ စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းရာမှာ ရခိုင်က ဒုတိယအများဆုံးပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အောက်တိုဘာလ ၄ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဓမ္မစစ်သားစုဆောင်းရာမှာ ဒီကနေ့အချိန်အထိ အတင်းအဓမ္မစစ်သားစုဆောင်းခံရမှုဖြစ်စဉ်ပေါင်း ၁,၆၁၈ ခုရှိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုအတင်းအဓမ္မ...

Read more

စစ်တွေမှာ စစ်ကော်မရှင်ကဆွမ်းကြီးလောင်းပွဲလုပ်

Border News Agencyစစ်တွေ၊အောက်တိုဘာ ၅။ စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ စစ်တွေမြို့မှာ ပြည်နယ်စစ်ကော်မရှင်ဟာ စစ်တွေမြို့၊လောကာနန္နာဘုရားမှာ သီတင်းကျွတ်အဖိတ်နေ့အထိမ်းအမှတ်အဖြစ် ဆွမ်းကြီးလောင်းပွဲနဲ့ ဆွမ်းဆန်တော်လောင်းပွဲကို အောက်တိုဘာလ ၅ရက်၊ ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာသံဃာတော်အပါးငါးရာကျော်နဲ့ သီလရှင်အပါးတရာကို ငွေကြေး၊ပစ္စည်စုစုပေါင်းတန်ဖိုးသိန်း ၁,၇၀၀ ခန့်ကို...

Read more

“အလှူခံတောင်းတဲ့လူတွေကလည်းအများကြီးရှိပါတယ်။ လမ်းတွေမှာ…။”

အင်တာဗျူးBorder News Agencyစစ်တွေ၊ အောက်တိုဘာ ၃။ "ဆေးဝါးတွေကတော့ ဆေးရုံမှာတောင်မရှ်ိကြပါဘူး။ သယ်ယူပို့ဆောင်ရေးကိုပိတ်ပင်ထားကြတဲ့အတွက်ခက်ခဲပါတယ်။" "ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီးတော့ ပိုက်ဆံတတ်နိုင်တဲ့လူတွေကတော့ အဆင်ပြေပါတယ်။ မတတ်နိုင်တဲ့လူတွေအတွက်ကကျတော့ အသေခံကြရတာပေါ့။" "ကုလားရွာတွေမှာလည်း ဆေးတွေမရပါဘူး။ ကျွန်မရောက်ပါတယ်။အဲဒီရွာတွေက်ို…။" "သယ်ယူပို့ဆောင်ရေးကတော့ သင်္ဘောရယ်၊လေယာဉ် နှစ်မျိုးနဲ့ကုန်သယ်နေကြပါတယ်။" "သင်္ဘောကတော့…တလတခါဝင်ပါတယ်။...

Read more

“တချို့တွေက မသေရုံတောင်ရပ်တည်လို့မရတဲ့အခြေအနေတွေကြောင့် ငတ်နေတဲ့သူတွေအများကြီးရှိပါတယ်။”

အင်တာဗျူးBorder News Agencyစစ်တွေ၊ အောက်တိုဘာ ၂။ စစ်ကော်မရှင်တပ်ဟာ စစ်တွေမြို့မှာအ ရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ်ပိတ်လောင်ထားတာမို့ အရပ် သားပြည်သူတွေအငတ်ဘေးကို ရင်ဆိုင်နေကြရပါတယ်။ အဲဒီအပြင် ငတ်မွတ်ခေါင်းပါးပြီးသေ ဆုံးနေကြသလို ငတ်မွတ်ခေါင်းပါးမှုကို မခံနိုင်ကြလို့ သတ်သေသွားကြသူတွေလည်းရှိနေကြပါတယ်။ အဲဒီအကြောင်းတွေကို စစ်တွေမြို့ခံအမျိုးသမီးတဦးက...

Read more

“ရုပ်အလောင်းထည့်ဖို့ခေါင်းက တသိန်းငါးသောင်းကျပ်၊ မီးသဂြိုလ်တဲ့စာရိတ်က တသိန်းငါးသောင်းကျပ်ကုန်ကျမယ်တဲ့ ပြီးတော့…။”

အင်တာဗျူးBorder News Agencyစစ်တွေ၊ အောက်တိုဘာ ၂။ စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့စစ်တွေမြို့မှာ အသုဘစာရိတ်အလွန်ဈေးကြီးနေတာမို့ သေဆုံးသူတွေကို သင်္ဂြိုလ်ဖို့တောင် ခက်ခဲနေကြတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။ အဲဒီအသုဘချဖို့ထိခက်ခဲနေကြတာတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့မြို့ခံအမျိုးသမီးတဦးက Border News Agency ကို ပြောပြထာပါတယ်။ "အသုဘစာရိတ်မတတ်နိုင်ဘူးလို့လိုင်းပေါ်မှာတင်ထားတာ...

Read more

စစ်တွေမြို့မှာ အသုဘစာရိတ်ဈေးကြီးလို့ သေဆုံးသူတွေမသင်္ဂြိုလ်နိုင်

Border News Agencyစစ်တွေ၊ အောက်တိုဘာ ၁။ စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့စစ်တွေမြို့မှာ အသုဘစာရိတ်အလွန်ဈေးကြီးနေတာကြောင့် သေဆုံးသူတွေကို သင်္ဂြိုလ်ဖို့တောင်ခက်ခဲနေကြတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။ အဲဒီစစ်တွေမြို့မှာ ခေါင်းတလားတလုံးကိုတသိန်းခွဲ၊ မီးရှို့သင်္ဂြိုလ်စာရိတ်နှစ်သိန်းခွဲ၊ အလောင်းသယ်ယူကားခသုံးသိန်းထိဈေးကြီးနေတာလို့ မြို့ခံတွေကဆိုကြပါတယ်။ အဲဒါကြောင့် သေဆုံးသူတွေအတွက် အသုဘချဖို့တောင် အခက်အခဲတွေကြုံတွေ့နေကြတယ်လို့...

Read more

စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့စစ်တွေမှာ တောင်းရမ်းစားသောက်ရသူများနေ

Border News Agencyစစ်တွေ၊ စက်တင်ဘာ ၂၈။ စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့စစ်တွေမြို့ပေါ်ရှိ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးခွင့်ကန့်သတ်ထားတာမို့ စစ်ဘေးဒုက္ခသည်တွေအပါအဝင် လက်လုပ်လက်စားအများစုဟာ စားဝတ်နေရေးကြပ်တည်း၊ အငတ်ဘေးဆိုက်ပြီး တောင်းရမ်းစားသောက်နေကြရသူတွေ အများအပြားတွေ့လာရတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။ အဲ​ဒီစစ်တွေမြို့နယ်ရှိ ကျေးလက်ဒေသအားလုံးက အရပ်သားပြည်သူတွေဟာ အတင်းအဓမ္မနေရပ်ပြောင်းရွေ့ပိတ်လောင်ခံထားကြရသလိုမြို့ခံတွေဟာလည်း...

Read more

ရခိုင့်ဦးဆောင်ပါတီဟာ ရခိုင်တပြည်လုံးအပါအဝင် ၆၄ နေရာဝင်ပြိုင်မယ်

Border News Agencyစစ်တွေ၊ စက်တင်ဘာ ၁၂။ အာဏာသိမ်းစစ်တပ်ပြုလုပ်မယ့်လာမယ့်ရွေးကောက်ပွဲမှာ ရခိုင့်ဦးဆောင်ပါတီ(AFP)ဟာ ရခိုင်တပြည်လုံးအပါအဝင် ၆၄ နေရာဝင်ပြိုင်မယ်လို့ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က ပေါ်ပြူလာနယူးစ်ကို ဖြေဆိုထားပါတယ်။ အာရက္ခတပ်တော်(AA)ထိန်းချုပ်မြို့နယ်တွေအပါအဝင် ၁၇မြို့နယ်စလုံးမှာဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်သလို ရခိုင်တိုင်းရင်းသားလူမျိုးနေရာ ၁ နေရာဝင်ပြိုင်မယ်လို့ ဒေါက်တာအေးမာင်က အ တည်ပြုပြောပါတယ်။...

Read more
Page 3 of 8 1 2 3 4 8

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here