စီးပွားရေး

ပိုက်ဆံပန်းစည်းကြောင့် ငွေစက္ကူတွေပျက်စီးနိုင်တယ်လို့ အာဖရိကဗဟိုဘဏ်တွေ သတိပေး

Border News Agency ​အာဖရိက၊ ဖေဖော်ဝါရီ ၁၄။ ​ဇင်ဘာဘွေနိုင်ငံကနေစတင်ခဲ့တဲ့ ပန်းအစစ်တွေအစား ငွေစက္ကူတွေကိုပန်းစည်းလုပ်ပြီး လက်ဆောင်ပေးတဲ့ "Money Bouquet" ရေပန်းစားမှုဟာ အာဖရိကတိုက်ကတခြားနိုင်ငံတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်ကူးစက်နေပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာဘဏ္ဍာရေးစနစ်အပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် နိုင်ငံအတော်များများက ဗဟိုဘဏ်တွေက စိုးရိမ်မကင်းဖြစ်ပြီး သတိပေးချက်တွေထုတ်ပြန်လာကြပါတယ်။ ​ဒီ Trend ဟာ TikTok လိုလူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် လူငယ်တွေကြားမှာ အရှိန်အဟုန်နဲ့ပြန့်နှံ့လာတာပါ။ ပိုက်ဆံပန်းစည်းတွေဟာ လှပရုံတင်မကဘဲ လက်တွေ့လည်းအသုံးချလို့ရတဲ့ လက်ဆောင်ဖြစ်တယ်လို့ယူဆကြတာကြောင့် ပိုပြီးလူကြိုက်များလာတာ ဖြစ်ပါတယ်။ ​ဒါကြောင့် ကင်ညာ၊ ယူဂန္ဓာ၊ ရဝမ်ဒါ၊ ဘော့ဆွာနာနဲ့ နမီးဘီးယားနိုင်ငံတို့က ဗဟိုဘဏ်တွေကငွေစက္ကူတွေကို ပန်းစည်းပြုလုပ်ရာမှာ ဖျက်ဆီးသလိုဖြစ်နေတာ ဒါမှမဟုတ် ပျက်စီးစေတာမျိုးတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို သတိပေးခဲ့ပါတယ်။ ​ကင်ညာဗဟိုဘဏ် (CBK) ရဲ့ ထုတ်ပြန်ချက်အရ ပိုက်ဆံပန်းစည်းတွေလုပ်တဲ့အခါ ငွေစက္ကူတွေကိုကော်တွေ၊ တိပ်တွေ၊ စတေပလာတွေနဲ့ ရိုက်တာ၊ ဒါမှမဟုတ် အပ်ချိတ်တွေနဲ့ ထိုးတာမျိုးတွေလုပ်နေကြတာကြောင့် ငွေစက္ကူတွေအဆမတန် ပျက်စီးနေရတယ်လို့ ဆိုပါတယ်။ ​ဒါ့အပြင် ဒီလိုမျိုးပျက်စီးသွားတဲ့ ငွေစက္ကူတွေကို ATM စက်တွေနဲ့ ငွေရေတွက်စက်တွေက လက်မခံဘဲငြင်းပယ်လေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီလို သတ်မှတ်သက်တမ်းမပြည့်ခင် ငွေစက္ကူတွေပျက်စီးသွားလို့ စနစ်အတွင်းကဖယ်ရှားပြီး အသစ်ပြန်ရိုက်နေရတာဟာ ကုန်ကျစရိတ်ကို မြင့်မားစေပါတယ်။ နောက်ဆုံးမှာတော့ အခွန်ထမ်းပြည်သူတွေအတွက်သာ ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်လို့ ဗဟိုဘဏ်တွေကသတိပေးထားပါတယ်။

Read more

ပေါက်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားအများအပြားသေဆုံး

Border News Agency ပေါက်၊ ဖေဖော်ဝါရီ ၁၀။ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူတွေ အများအပြားသေဆုံးနေတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်မှ ဖေဖော်ဝါရီလ ၁၀ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ ပေါက်မြို့နယ်မှာ ဒီနေ့မနက် ၉ နာရီ ၅၈ မိနစ်အချိန်ခန့်က ကပစ ၂၂ မှ ပါရာမော်တာနဲ့ တကြိမ်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီ ၄၉ မိနစ်အချိန်ခန့်က မကွေးလေတပ်မှ တိုက်လေယာဥ်သုံးစီးနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ကော်မရှင်တပ်ဟာ ဘုရားပွဲကျင်းပနေချိန်မှာ ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အခုနှစ်ကာလတွေမှာ လူစုလူဝေးပြုလုပ်တာတွေ အထူးရှောင်ကြည်ဖို့လိုအပ်ပြီး နောက်ထပ်လည်း အခုဖြစ်စဉ်လိုမျိုး တိုက်ခိုက်ခံရနိုင်တယ်လို့ ဆိုပါတယ်။ အလှူအတန်းတွေ၊ မင်္ဂလာဆောင် ၊ချစ်ကြည်ရေး ဘောလုံးပွဲတွေပြုလုပ်တာတွေ အထူးရှောင်ကြဖို့နဲ့ ပွဲလမ်းသဘင်တွေကို လူထုအနေနဲ့မသွားပဲနေသင့်တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်မှ အကြံပြုတိုက်တွန်းထားပါတယ်။

Read more

​ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌအပါအဝင်သုံးဦးကို ရွှေဈေးကစားမှုနဲ့ စစ်ကော်မရှင်တပ်ဖမ်းဆီးထား

Border News Agency ​နေပြည်တော်၊ ဖေဖော်ဝါရီ ၆။ ​ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင်လုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးအရေးယူလိုက်ပါတယ်။ ​အဲဒီ ဖမ်းဆီးခံရသူတွေကတော့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ ဖြစ်ပါတယ်။ ​သူတို့ဟာ ရွှေဈေးတည်ငြိမ်အောင် ထိန်းသိမ်းရမယ့်တာဝန်ရှိသူတွေဖြစ်ပေမယ့် ကိုယ်တိုင်ကပြင်ပပေါက်ဈေးနဲ့ ရွှေတုံးရွှေခဲတွေကို ဝယ်ယူသိုလှောင်ပြီး ဈေးကစားခဲ့တယ်လို့ စစ်ကော်မရှင်ကဆိုပါတယ်။ ​အဲဒီဦးမျိုးမြင့်က ရွှေ ၇၀ ကျပ်သား၊ ဦးမျိုးသူဝင်းက ရွှေ ၉၇၀ ကျပ်သားနဲ့ ဦးနေမျိုးထက်က ရွှေ ၃၁၉ ကျပ်သားတို့ကို ပြင်ပဈေးနဲ့ဝယ်ပြီး အမြတ်တင်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ ​သူတို့ ၃ ဦးကို သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့အမိန့်တွေကို ဖောက်ဖျက်မှုနဲ့ တည်ဆဲဥပဒေအရအရေးယူထားပြီး၊ ကျန်တဲ့ရွှေလုပ်ငန်းရှင်တွေကိုလည်း ညွှန်ကြားချက်အတိုင်းမလိုက်နာရင် ထိရောက်စွာ အရေးယူမယ်လို့ ဆိုပါတယ်။

Read more

ထိုင်းမှာပစ္စည်းအတုပေါင်းနှစ်သိန်းကျော်နဲ့ မြန်မာအမျိုးသမီးတဦး ဖမ်းဆီးခံရ

​ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်ရှိဂိုဒေါင်တခုမှာ ပစွည်းအတုပေါင်းနှစ်သိန်းကျော်နဲ့မြန်မာအမျိုးသမီးတဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေကဖေဖော်ဝါရီလ ၄ ရက်၊မနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီအမျိုးသမီးဆီက ခေါင်းလျှော်ရည်နဲ့သွားတိုက်ဆေးအပါအဝင်အလှကုန်ပစ္စည်းအတုပေါင်းနှစ်သိန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒါကြောင့် စီးပွားရေးရာဇဝတ်မှုနှိမ်နင်းရေးဌာန (ECD) က အရာရှိတွေဟာ ရှာဖွေဝရမ်းနဲ့အတူဘန်ကော့ (Ban Koh) ကျေးရွာရှိ ဂိုဒေါင်တခုနဲ့ နဒီ (Na Di) ရပ်ကွက်ရှိ လူနေအိမ်တလုံးကို မနေ့​ဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီစီးနင်းမှုအတွင်း "ဆန့်" (Sank) အမည်ရှိ မြန်မာအမျိုးသမီးတဦးကို လက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သူမဟာ နာမည်ကြီးကုန်အမှတ်တံဆိပ်တွေကို အတုပြုလုပ်ကာ အွန်လိုင်းကနေတဆင့် ပြန်လည်ရောင်းချနေတာဖြစ်ပါတယ်။ ​အဲဒီပစ္စည်းအတုတွေကို အွန်လိုင်းပလပ်ဖောင်းတွေမှာ ပုံမှန်ပေါက်ဈေးထက် အလွန်အမင်းလျှော့ဈေး (Aggressive discount) တွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်ရောင်းချခဲ့တာလို့ ဆိုပါတယ်။ ​သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ဒီလိုပစ္စည်းအတုတွေကို အသုံးပြုမိရင် ပြင်းထန်တဲ့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။ ​အဲဒိဖမ်းဆီးခံရသူ မြန်မာအမျိုးသမီးရဲ့ ဝန်ခံချက်အရ သူမဟာ စီမံခန့်ခွဲသူအဖြစ် တာဝန်ယူပြီး သူမရဲ့ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားနဲ့အတူ ဒီလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီအမျိုးသမီးကို ECD ဌာနခွဲ ၁ ဆီ လွှဲပြောင်းပေးထားပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့သူမရဲ့ခင်ပွန်းတရုတ်နိုင်ငံသားကို ဖမ်းဆီးရမိဖို့အတွက် ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

Read more

အာရက္ခဒေသရှိဈေးဆိုင်တွေစည်ပင်စည်းကမ်းလိုက်နာမှု ရှိ၊ မရှိ စစ်ဆေး

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ ဈေးဆိုင်ပိုင်ရှင်တွေ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက ကွင်းဆင်းစစ်ဆေးနေပါတယ်။  ​အဲဒီလိုစစ်ဆေးရာမှာ ဆိုင်ပိုင်ရှင်တွေအနေနဲ့ စည်ပင်ကချမှတ်ထားတဲ့ ဈေးစည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာခြင်း ရှိ၊ မရှိကို အဓိကထား ကြည့်ရှုနေတာဖြစ်ပါတယ်။ ​အဲဒီထဲအထူးသဖြင့် သတ်မှတ်ထားတဲ့မျဉ်းကို ကျော်ပြီး လူသွားလမ်းတွေပေါ်မှာ ဈေးပစ္စည်းတွေ တိုးချဲ့ခင်းကျင်း ရောင်းချတာမျိုး ရှိ၊ မရှိကို လိုက်လံစစ်ဆေးနေတာပါ။ ​အဲဒီလိုစစ်ဆေးတာတွေကို စည်ပင်သာယာရေးဌာနနဲ့အတူ ဈေးကော်မတီ၊ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DELPS) နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ ​အဲဒီစစ်ဆေးချိန်အတွင်း စည်းကမ်းမလိုက်နာတဲ့ ဆိုင်ပိုင်ရှင်တွေကို သတိပေးတာတွေပြုလုပ်ခဲ့ပြီး စည်းကမ်းချိုးဖောက်ရင်တော့ စည်ပင်ဥပဒေအရ အရေးယူသွားမယ်လို့သိရပါတယ်။

Read more

​မဲဆောက်မှာ တားမြစ်အလုပ်တွေလုပ်ကိုင်တဲ့ မြန်မာခြောက်ဦးဖမ်းဆီးခံရ

Border News Agencyမဲဆောက်၊ ဖေဖော်ဝါရီ ၃။ ​ထိုင်း - မြန်မာနယ်စပ်မဲဆောက်မြို့မှာ ဖေဖော်ဝါရီလ၂ ရက်၊ မနက်ပိုင်းက တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားခြောက်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ​အဲဒီဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာနိုင်ငံခြားသား အလုပ်သမားတွေလုပ်ကိုင်ခွင့်မရှိတဲ့ တားမြစ်အလုပ်တွေဖြစ်တဲ့...

Read more

​မြန်မာ့ရွေးကောက်ပွဲကိစ္စနဲ့ ပူးပေါင်းဆောင်ရွက်ရေး ရောမရှိ နိုင်ငံတကာသံတမန်တွေနဲ့ ညှိနှိုင်း

Border News Agencyရောမ၊ ဇန်နဝါရီ ၂၈။ ​အီတလီနိုင်ငံဆိုင်ရာမြန်မာသံရုံး ယာယီတာဝန်ခံဦးစိုးသက်နောင်ဟာ အီတလီသံတမန်နာယက H.E. Mons. Petar Rajic နဲ့ ရောမမြို့မှာရှိတဲ့ အာဆီယံသံအမတ်ကြီးတွေကို ဇန်နဝါရီလအတွင်းမှာ သီးခြားစီသွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲ​ဒီလိုတွေ့ဆုံတဲ့အခါ သံရုံးအချင်းချင်းကြားပူးပေါင်းဆောင်ရွက်ဖို့တင်မကဘဲ နိုင်ငံတကာကစိတ်ဝင်စားနေတဲ့...

Read more

စစ်ခေါင်းဆောင်နဲ့ထိုင်းသံအမတ် နယ်စပ်အရေးနဲ့ကျားဖြန့်ကိစ္စဆွေးနွေး

Border News Agency​နေပြည်တော်၊ ဇန်နဝါရီ ၂၇။ အာဏာသိမ်း​စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိုင်းသံအမတ်ကြီးတို့ ဇန်နဝါရီလ ၂၆ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ နယ်စပ်တလျှောက်က တိုက်ပွဲတွေကြောင့်ရပ်တန့်နေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေပြန်ပွင့်ဖို့နဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၂၇...

Read more

​မောင်တောမြို့နယ်မှာ စီးပွားဖြစ်စိုက်ပျိုးတဲ့ ထိုင်းဆီးသီးဈေးကောင်းရနေ

Border News Agencyမောင်တော၊​ ဇန်နဝါရီ ၂၇။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ စီးပွားဖြစ် စိုက်ပျိုးအောင်မြင်နေတဲ့ ထိုင်းဆီးသီးတွေဟာလက်ရှိမှာ ပြည်တွင်းဈေးကွက်အတွင်း ဈေးကောင်းရနေပါတယ်။ အဲ​ဒီထိုင်းဆီးသီးပင်တွေ ဖြစ်ထွန်းဖို့ငါးနှစ်ခန့်အချိန်ယူစိုက်ပျိုးခဲ့ရသလို အရင်းအနှီးနဲ့ မြေနေရာအခက်အခဲတွေကိုလည်း မိသားစုတွေနဲ့ညှိနှိုင်းကျော်ဖြတ်ခဲ့ရတယ်လို့ တောင်သူကိုမောင်စိန်နုက ဆိုပါတယ်။ အဲဒီဆီးသီးတွေကိုဘူးသီးတောင်၊ရသေ့တောင်၊ကျောက်တော်နဲ့မြောက်ဦးမြို့နယ်တွေအထိ...

Read more

အာရက္ခဒေသမှာ ကုန်ဈေးနှုန်းနဲ့အလေးချိန်မှန်ဖို့ အာရက္ခအစိုးရ ကြပ်မတ်

Border News Agencyကျောက်တော်၊ ဇန်နဝါရီ ၂၆။ ​အာရက္ခဒေသတွင်းက မြို့နယ်ဆယ့်ငါးမြို့နယ်မှာ ပြည်သူတွေစားဝတ်နေရေး အဆင်ပြေအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကုန်ဈေးနှုန်းတွေကိုသတ်မှတ်ပေးပြီး စနစ်တကျထိန်းညှိပေးနေပါတယ်။ အဲဒီ​အသား၊ ငါးနဲ့အခြေခံစားကုန်တွေကို လူတိုင်းဝယ်နိုင်တဲ့ဈေးနှုန်းဖြစ်အောင် သတ်မှတ်ထားသလို၊ ဈေးသည်တွေအနေနဲ့ အလေးချိန် (ပိဿာ) မှန်မှန်ကန်ကန်ရောင်းချကြဖို့လည်း...

Read more
Page 14 of 32 1 13 14 15 32

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here