အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့ပေါ်မှကုန်စျေးနှုန်းတချို့ကို Border News Agency ကမေးမြန်းဖော်ပြလိုက်ပါတယ်။ အဲဒီမောင်တောမြို့ပေါ်မှာရပ်ကွက်အလိုက်စျေးနှုန်းကွာဟမှုတွေရှိနေနိုင်ပြီးမေးမြန်ရထားတာတွေ စုစည်းဖော်ပြလိုက်တာဖြစ်ပါတယ်။ အဲဒီမောင်တောမြို့မှာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှစားသောက်ကုန်တချို့၊ လူသုံးကုန်တချို့၊ ဆောက်လုပ်ရေးပစ္စည်းတချို့ဝင်ရောက်နေတာတွေလည်းရှိနေပါတယ်။
Read moreအာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့နယ်မြေတွေရှိ စစ်ဘေးရှောင်စခန်းတွေမှ စစ်ဘေးရှောင်အမျိုးသမီးတွေဟာ လူကုန်ကူးသမားတွေအတွက် ပစ်မှတ်ထားခံနေကြရတဲ့သားကောင်တွေဖြစ်နေကြတယ်လို့ လူကုန်ကူးတားဆီးရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။ အာရက္ခတပ်တော်(AA) နဲ့စစ်ကောင်စီတပ်ကြားနှစ်ဘက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ထိန်းချုပ်ထားဆဲစစ်တွေနဲ့ကျောက်ဖြူမှစစ်ဘေးရှောင်အမျိုးသမီးတဆယ်ကျော်ဟာ တရုတ်မယားအဖြစ်လူကုန်ကူးခံခဲ့ကြရပါတယ်။ အဲဒီအထဲမှာ စစ်တွေမြို့နယ်မှဆယ်ဦး၊ကျောက်ဖြူမြို့နယ်သုံးဦး၊ကျောက်တော်မြို့နယ်၊အပေါက်ဝကျေးရွာကတဦးပါဝင်ပြီး အသက်တဆယ့်ငါးနှစ်အရွယ်မှသုံးဆယ့်ရှစ်နှစ်အရွယ်ထိပါဝင်ပါတယ်။ အဲဒီအမျိုးသမီးတွေကို စစ်တွေမြို့၊ နာဇီရွာစျေးမှာစျေးရောင်နေသူအသက်သုံးဆယ်အရွယ်ကိုအောင်အောင်က စည်းရုံးခေါ်ယူပြီး စစ်တွေမြို့၊ ဓညဝတီရပ်ကွက်မှနေအိမ်တအိမ်မှစုထားကာ...
Read moreမောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှာ မတ်လ ၂၅ ရက်၊ နေ့လည် ၁၁ နာရီကျော်အချိန်ခန့်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးခြေထောက်တဖက်ပြတ်သွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။ အဲဒီသင်္ဘောလှကျေးရွာက ဦးမောင်သိန်းအောင်ရဲ့သား အသက်ငါးဆယ်ခုနှစ်နှစ်အရွယ်ဦးပိန်ညို မှာညာဖက်ခြေထောက်ပြတ်ထွက်သွားပြီး အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ရွာ သားတွေကဆိုကြပါတယ်။ အဲဒီသင်္ဘောလှကျေးရွာအရှေ့ဖက်မီတာနှစ်ထောင်ခန့်အကွာရှိတောထဲကို...
Read moreပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို မတ်လ ၂၅ ရက်၊ ညနေ ၇ နာရီအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးပြီးဆယ့်သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့၊ လိပ်ကုန်းပြင်ရပ်ကွက်က အသက်ဆယ့်ကိုးနှစ်အရွယ် ကိုမောင်သက်နိုင်၊ အသက်လေးဆယ်ငါးနှစ်အရွယ်ဒေါ်မရီ၊ အသက်ငါးဆယ်သုံးနှစ်အရွယ်ဦးသန်းမောင်၊အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ရဲလင်းစိုး သေဆုံးသွားခဲ့ပါတယ်။ သူတို့ဟာ ပုဏ္ဏားကျွန်းမြို့မှ...
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုန်မှတဆင့် အာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးပြန်လည်ပတ်နေတယ်လို့ မောင်တောမြို့နယ်မှကုန် သည်ကြီးတွေနဲ့မောင်တောဒေသခံတွေက အတည်ပြုပြောကြပါတယ်။ အဲဒီကညင်ချောင်းစီးပွားရေးဇုန်မှဆန်၊သစ်စတာတွေကို အဓိကတင်ပို့နေပြီး ဘိလပ်မြေ၊အာလူးစတဲ့ပစ္စည်းတွေကို အဓိကပြန်လည်တင်သွင်းနေကြတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။ အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး အာရက္ခကုန်သည်ကြီးများအသင်းကစီမံလုပ်ဆောင်နေကြတယ်လို့လည်း ဆိုကြပါတယ်။ အဲဒီကညင်ချောင်းစီးပွားရေးဇုန်ဆိပ် ကမ်းမှကုန်စည်စီးဆင်းမှုတွေနေ့စဥ်ပုံမှန်ရှိနေပေမယ့် လိုအပ်ချက်တွေအ များကြီးရှိနေသေးတာမို့...
Read moreအာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြေပုံမြို့နယ်စားသောက် ကုန်၊ လူသုံးကုန်စျေးနှုန်းတချို့ကို Border News Agency မှမေးမြန်းဖော် ပြလိုက်ပါတယ်။ မြေပုံမြို့နယ်မှာ ကြက်သွန်စျေးကျပေမယ့် စက်သုံးဆီစျေးတက်နေပြီးစျေးနှုန်းတွေဟာ နေရာအပေါ်မူတည်ကာအနည်းငယ်အနည်းအများရှိနိုင်ပါတယ်။
Read moreမောင်တူရေးသည်။ အုပ်ချုပ်ရေးအားအကောင်အထည် ဖော်ရာတွင် လူမျိုးစုငယ်များ၊ စုံလင်ကွဲပြားသောဘာသာရေးအုပ်စုများနှင့် ပတ်သက်၍ မည်သို့ဖော်ဆောင်မည်နည်း။ ULA/AA ၏ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကို ဖြေကြားချက်များအား လေ့လာကြည့်ရာတွင် ULA/AA ဖော်ဆောင်မည့်အာရက္ခပြည်သူ့အုပ်ချုပ်ရေးဖြစ်စဉ်တွင် လူနည်းစုများကိုပါ ပါဝင်လာအောင် ဆောင်ရွက်နေသည်ဟု ဆိုထားပေသည်။ ULA/AA...
Read moreစောမြရာဇာလင်းဦးဆောင်နေတဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ခွဲထွက်အဖွဲ့ဟာ စစ်တွေမြို့မှာအခမ်းအနားတွေပြုလုပ်ခဲ့တယ်လို့ မတ်လ ၂၄ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီအခမ်းအနားကို ပါတီပြန်လည်ထူထောင်တဲ့ ၃နှစ်မြောက်နှစ်ပတ်လည်နေ့ အဖြစ်ပြုလုပ်ခဲ့တာဖြစ်ပြီး အစိုးရ NCA - SEAO၊ ပြည်နယ်တာဝန်ရှိလူကြီးတွေ၊ နိုင်ငံရေးပါတီတွေက ခေါင်ဆောင်တွေကို ဖိတ်ကြားကာ လူငါးရာခန့်နဲ့ မတ်လ ၅...
Read moreဘင်္ဂလားဒေ့ရှ်အစိုးရကအာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်(အာဆာ) ခေါင်းဆောင်အာတာအူလ္လာအပါအဝင်ခြောက်ဦးကို ဖမ်းဆီးအမှုဖွင့်ထားပေမယ့်ကျန်အာဆာအဖွဲ့ဝင်တွေ ဆက်လက်တိုက်ခိုက်သွားကြဖို့ ဆော်သြနေကြပါတယ်။ အဲဒီအာဆာအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ရှိတ်ဘာလ်ခန်လ်ဟာ မတ်လ ၂၀ ရက်နေ့က ရုပ်သံဗီဒီယိုတခုထုတ်ပြန်ပြောဆိုဆော်သြနေတာဖြစ်ပါတယ်။ အဲဒီအာဆာအဖွဲ့ဝင်တွေအပါအဝင်အမျိုးသမီးတွေကို နေရာနှစ်ခုမှ မတ်လ ၁၇ ရက်နေ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးတာကာငွေနှစ်ဆယ့်တသိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။...
Read moreမောင်တူရေးသည်။ နိုင်ငံရေးနယ်ပါယ်ဘက်မှသုံးနှုန်းသော အင်စတီကျူးရှင်းအဓိပ္ပါယ်သည် ကျယ်ဝန်းပေသည်။ အင်စတီကျူးရှင်းအပေါ် ဥပမာပေးရသော် "သူ့အလိုလိုလည်ပတ်နေသော စက်ရုံတရုံ" အဖြစ် ဥပ မာပေးပါမည်။ စက်ရုံတွင် အလုပ်သမားများရှိသည်။ စီမံခန့်ခွဲသူရှိသည်။ စက်ရုံအတွက်လိုအပ်သော ကုန်ကြမ်းများရှိသည်။ လည်ပတ်နေသော စက်ပစ္စည်းကိရိယာများရှိသည်။ မည်သို့မည်ပုံ အလုပ်လုပ်ရမည်ဆိုသည့်စည်းမျဉ်းများရှိသည်။...
Read moreHey! Don't Copy my content.