Border News Agency
ကော့ဘဇား ၊စက်တင်ဘာ ၂၇။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာဒုက္ခသည်တွေဟာ စက်တင် ဘာလ ၂၇ ရက်၊ ဒီနေ့ကုလသမဂ္ဂညီလာခံကို ကြိုဆိုထောက်ခံပြီး ရိုဟင်ဂျာဒုက္ခသည်တွေအရေးဆုံးဖြတ်ပေးကြဖို့ တောင်းဆိုနေကြပါတယ်။
အဲဒီကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းသို့ အချက်ငါးချက်ကိုတောင်းဆိုထားကြပါတယ်။
အဲဒီငါးချက်မှာ..
“၁။ R2P နဲ့အညီ နိုင်ငံတကာအာမခံချက်နဲ့ ဘေးကင်းလုံခြုံတဲ့နေရာတွေဖန်တီးပေးပြီး သူတို့ဟာ”ကာကွယ်ရန် တာဝန်” (R2P) သဘောတရားအရ ရခိုင်မြောက်ပိုင်းမှာ ဘေးကင်းလုံခြုံတဲ့နေရာတခု ထူထောင်ရန်တောင်းဆိုထားပါတယ်။
အဲဒီနေရာဟာ နိုင်ငံတကာကကြီးကြပ်မှုနဲ့လုံခြုံစေရမယ်ဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေထပ်မံမဖြစ်ပွားစေရန်နဲ့ သူတို့ရဲ့ဘိုးဘွားပိုင်မြေမှာ ဘေးကင်းစွာနေထိုင်ခွင့်ကို အာမခံရမယ်လို့ဆိုပါတယ်။”
“၂။ ဘေးကင်းလုံခြုံပြီးစိတ်အလိုဆန္ဒအလျောက်ဂုဏ်သိက္ခာရှိရှိ မူလနေရသို့ ပြန်ပို့တာဟာ သူတို့ဘေးကင်းလုံခြုံတဲ့နေရာစီမံချက်နဲ့တိုက်ရိုက်ချိတ်ဆက်ထား နိုင်ငံတကာစောင့်ရှောက်မှုအောက်မှာ အချိန်ကာလသတ်မှတ်ချက်နဲ့ပြန်လည်နေရာချထားရေးလမ်းပြမြေပုံ တခုတောင်းဆိုထားပါတယ်။
သူတို့ကို ပြန်လည်နေရာချထားတာဟာ စိတ်အလိုဆန္ဒအလျောက်ဖြစ်ရမယ်။ ဂုဏ်သိက္ခာရှိရမှာဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တဲ့ မြန်မာစစ်တပ် သို့မဟုတ် နာဇီတပ်တွေနဲ့တူညီတဲ့အာ ရက္ခတပ်တော်(AA)ကို မယုံကြည်ကြဘူးလို့ ဆိုပါတယ်။”
“၃။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့နိုင်ငံရေး ကိုယ်စားပြုမှုအခွင့်အရေးဟာ သူတို့ရဲ့ဇာတိမြေမှာ အဓိပ္ပါယ်ရှိတဲ့ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရရှိရန်နဲ့အုပ်ချုပ်ရေးအဆင့်အားလုံးမှာ အပြည့်အဝပါဝင်ခွင့်ရှိရန် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကို ခိုင်ခိုင်မာမာ တောင်းဆိုထားပါတယ်။”
“၄။ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တရားမျှတမှုနဲ့တာဝန်ခံမှုအတွက်မြန်မာစစ်တပ်ခေါင်းဆောင်တွေ၊ အာရက္ခတပ်တော်(AA) စစ်ခေါင်းဆောင်တွေနဲ့ပါဝင်ပူးပေါင်းဆောင်ရွက်သူတွေကိုလူမျိုးတုန်းသတ်ဖြတ်မှုနဲ့လူသားချင်းစာနာထောင့်တရားမှုကျူးလွန်မှုတွေအတွက် နိုင်ငံတကာတရားရုံးတွေမှာ အမှုရင်ဆိုင်ဖို့ တောင်းဆိုထားကြပါတယ်။’
သူတို့ဟာ ဘဝတွေ၊ မြေယာတွေ၊ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံခဲ့ကြရတဲ့အတွက် အမှန်တရားဖော်ထုတ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့လျော်ကြေးပေးရေးယန္တရားတွေ ထူထောင်ရမယ်လို့ ဆိုပါတယ်။”
“၅။ သူတို့ဟာ အမျိုးသားတည်ဆောက်ရေး ရိုဟင်ဂျာလူမျိုးတွေရဲ့တရားဝင်မြေမှာ ဂုဏ်သိက္ခာ၊ တန်းတူညီမျှမှုနဲ့ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်အတွက် သူတို့ဇာတိမြေနဲ့လူမှုအသိုင်းအဝိုင်းကိုပြန်လည်တည်ဆောက်ရန်၊ကျေးရွာတွေ၊ ကျောင်းတွေ၊ လယ်ယာမြေတွေ၊ အခြေခံအဆောက်အအုံတွေကို ပြန်လည်ထူထောင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ပံ့ပိုးကူညီမှုကို တောင်းဆိုထားကြပါတယ်။”






