Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး သတင်း အင်တာဗျူး

“ရန်ကုန်မှာရှိနေတဲ့ရခိုင်တွေကိုစုစည်းမှာပေါ့။ သူတို့အတွက်အာမခံချက်ကတော့…အမျိုးဘာသာသာသနာရယ်၊ ရက္ခိတလမ်းစဉ်ဖွံ့ဖြိုးဖို့ရယ်။…”

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
34
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
ရန်ကုန်၊ စက်တင်ဘာ ၂။

လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့မှာစစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီမှာပြည်သူ့ပါတီက ရန်ကုန်တိုင်းမှာတိုင်းရင်းသားရေးရာကိုယ်စားလှယ်ဝင်ပြိုင်မှာပါ။

အဲဒီကိုယ်စားလှယ်လောင်းဦးသာစိန်ကိုပေါ်ဗျူလာဂျာနယ်က သီးသန့်အင်တာ ဗျူးမေးထားတာကို ပြည်သူလူထုသိအောင် ဖော်ပြလိုက်ပါတယ်။

“ကျွန်တော်ကတော့…ရန်ကုန်မှာရှိနေတဲ့ရခိုင်တွေကိုစုစည်းမှာပေါ့။ သူတို့အတွက်အာမခံချက်ကတော့… အမျိုးဘာသာ သာသနာရယ်၊ ရက္ခိတလမ်းစဉ်ဖွံ့ဖြိုးဖို့ရယ်။ ရက္ခိတလမ်းစဉ်နောက်မှာပါလာမယ့် သူတို့ရဲ့ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စားနပ်ရိက္ခာဖူလုံရေးတွေကအစ တသားတည်းပါသွားမှာပေါ့။”

“မဲစဆွယ်ရမှာက ၂၈ ရက်နောက်ပိုင်းမှပါ။လုံခြုံရေးကတော့…ကိုယ့်တဦးတ ည်းရဲ့ယုံကြည်မှုနဲ့ဆက်လျှောက်လှမ်းရမှာပဲပေါ့။”

“ကိုယ့်အပေါ်မှာ သူတို့ကယုံကြည်မှုရှိတယ်ဆိုရင် ရန်သူလည်းရှိမယ်။ မိတ်ဆွေလည်းရှိမယ်။”

“ဒါပေမယ့်ကိိုယ်က ရန်သူနည်းပြီးမိတ်ဆွေများအောင်လုပ်ရမှာပေါ့။ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သူတွေလည်းရှိပေမယ့်အများစုကထောက်ခံကြတဲ့သူတွေရှိတာမလို့ပါ။ ဒီအချိန်ထိရောက်လာတာပါ။”

“မဲဆန္ဒရှင်တွေ ယုံကြည်အောင်တွက် ကျွန်တော့ရဲ့ပါတီကတိကဝတ်တွေတော့ရှိတာပေါ့။ကတိကဝတ်ဆိုတာတော့…လက်ရှိလှိုင်သာယာတို့ ရွှေပြည်သာတ်ို့၊ဒဂုံဆိပ်ကမ်းတွေမှာအခြေမကျတဲ့လူတွေအများကြီးရှိပါတယ်။”

“သူတို့ကအလောတကြီးသာပြောင်းလာတာ၊သူတို့ရဲ့နေရေးထိုင်ရေး၊ စီးပွါးတွေကအဆင်မပြေကြပါဘူး။ အဲဒါတွေကို ဖွံ့ဖြိုးအောင်လုပ်ပေးချင်ပါတယ်။”

“ပြည်သူ့ပါတီကအနိုင်ရမယ်လို့ယုံကြ ည်ပါတယ်။ပြည်သူ့ပါတီသာလွတ်တော်မှာအနိုင်ရခဲ့ရင်အဓိကတော့ရခိုင်အမျိုးသားရေးတွက်ပဲလုပ်မှာပါ။”

“တိုင်းသားဖွံ့ဖြိုးရေးပဲလုပ်မှာပါ။လူနေမှုဘဝမြင့်တင်ပေးဖို့တွက်ပဲ​ပေါ့။”

“သူတို့ကစာမတတ်ရင် စာတတ်အောင်လုပ်ပေးမယ်။”

“စားနပ်ရိက္ခာမရှိဘူးဆိုရင်စားနှပ်ရိက္ခကာဖူလုံအောင်လုပ်ပေးပါမယ်။”

“သူတို့အတတ်ပညာရေးဆိုင်ရာတွေပေါ့။ ဥပမာ.ယောကျာ်းလေးဆိုရင် ပန်းထိမ်လုပ်ငန်းတွေရှိပါတယ်။”

“မ်ိန်းကလေးဆို…စက်ချုပ်လုပ်ငန်းတွေရှိပါတယ်။ အဲဒါတွေကို ဖွံ့ဖြိုးအောင်လုပ်ဖို့ကျွန်တော့ရည်ရွယ်ချက်အပြည့်ရှိပါတယ်။

“ကျွန်တော်ကတော့…အလုပ်ကိုင်ရရှိရေး၊စားနပ်ရိက္ခာဖူလုံရေးအဓိကပါ။အဓိကတော့…ကျွန်တော်လူငယ်တွေကိုပဲဦးစားပေးပါတယ်။”

“သူတို့ရဲ့ရေကြည်ရာမြက်နုရာကိုသွားတာတော့ကျွန်တော်တို့ဟန့်တားလို့မရပါဘူး။ဝန်ထမ်းတယောက်ကိုပေးတဲ့လစာက ဒီမှာတယောက်တည်းရပ်တ ည်ဖို့တောင်မလုံလောက်ပါဘူး။”

“အဲဒီလိုမလုံလောက်တဲ့ခါကျတော့ရေကြည်ရာမြက်နုရာကိုထွက်ကြရမှာပဲ။အဲဒ။ကိုလည်း အပြစ်ပြောလို့မရပါဘူး။”

“တခုတော့ရှိပါတယ်။နိုင်ငံရေးရာသီ ဥတုသာယာလာတဲ့ခါကျရင်တော့ ကျွန်တော့်နိုင်ငံက သူတ်ို့ပေးတဲ့လစာလော က်မရရင်တောင်သူတို့စားနပ်ရိက္ခာ သူတို့မိသားစုတခုတဝမ်းတခဖူလုံအောင်ပေးနိုင်ရင်တော့ လူတိုင်းလိုလိုကိုယ့်မိဘအိမ်တော့ပြန်လာချင်ကြမှာပဲ။

“သူတို့အတွက် အဲဒီလိုပေးနိုင်ပြီဆိုရင် ကိုယ့်မိဘအိမ်မှာ သူတို့တပေါင်းတ စည်းတည်းနေချင်ကြတာလူတိုင်းပါပဲ။

“ကျွန်တော့်ကိုပါတီကလမ်းညွှန်မှုပေးထားတာကတော့…ကျွန်တော့်ကိုရန်ကုန် တိုင်းမှာ ရခိုင်အမျိုးသားတယောက်အ နေနဲ့ ဦးစီးဦးဆောင်ဆောင်ရွက်ဖို့တွက်တာဝန်တွေပေးထားပါတယ်။

အနိုင်မရလည်း ကျွန်တော်က ဒီလုပ်ငန်းကိုဆက်လုပ်နေရတာဆရာ အနိုင်ရခြင်းမရခြင်းက အဓိကမကျဘူး။

ကျွန်တော်လျှောက်တဲ့လမ်းကို ဆက် တိုက်လျှောက်နေတာ သေတဖန်သက်တဆုံးလျှောက်နေရမှာပါ။

“ကျွန်တော့မိဘတွေ အဲဒီလိုပဲ လုပ်ခဲ့တာပါ။

“ခုရခိုင်တန်ဆောင်စောင့်ရှောက်ရေးမှာဆို…ကျွန်တော့်မိဘတွေက နာယကပါ။သူတို့လမ်းစဉ်ကိုကျွန်တော်ဆက်လျှော က်နေရမှာပါ။”

“ပါတီကိုယ်စားလှယ်ဖြစ်ရေး၊မဖြစ်ရေးထက် ကျွန်တော့်မိဘတွေ အမွေပေးထားတဲ့တာဝန်တွေရှိပါတယ်။”

“အဲဒီတာဝန်တွေအတွက် ကျွန်တော်ရှေ့ ဆက်လျှောက်နေမှာပါ။”

“ပြိုင်ဖက်ပါတီတွေလည်းရှိပါတယ်။ပြို င်ဘက်ပါတီတွေထက်အားသာအောင် ဆိုတာထက် ပြိုင်ဘက်ပါတီတွေရဲ့လုပ်ပိုင်ခွင့်နဲ့ကျွန်တော့်ရဲ့လုပ်ပိုင်ခွင့်နဲ့ကို ဘလိုမျိုးဂရုစိုက်နိုင်မလဲပေါ်မှာမူတည်ပါတယ်။”

“ကျွန်တော်သူတို့ထက်သာအောင် ဂရုစိုက်မယ်။ ဖွံ့ဖြိုးအောင်လုပ်မယ်လို့ ကျွန်တော့ကတိပေးပါတယ်။ ပြိုင်ဘက်တွေရဲ့အရည်ချင်းကိုတော့ ကျွန်တော်တော်တော်များများလေ့လာထားပါတယ်။”

ဒါပေမယ့်…အဲဒါတွေကျတော့ကျွန် တော်လည်း သိပ်ပြီးပြောလို့မကောင်းလို့ မပြောချင်ပါဘူး။ အားသာချက်၊အားနည်းချက်တွေကတော့ရှိကြတာပါပဲ။”

“ဘာကြောင့်ရှုံးကြတာလဲဆိုတော့… အဓိကတော့ယုံကြည်မှုလွန်ကဲတာလည်းပါတယ်။”

“ခုကျွန်တော်ဆိုရင်…ဒီရက္ခိတလမ်းစဉ်ကိုကျွန်တော့အဖေ၊ အမေတွေလည်းစောင့်ရှောက်လာပါတယ်။”

“ငါလည်းစောင့်ရှောက်လာပါတယ်။ငါ့သားသမီးတွေလည်းစောင့်လျှောက်ရမယ်ဆိုပြီးတော…ငါကမှန်တာလုပ်နေတာပဲ။အချိန်တန်ရင် ကူညီထောက်ပံ့မှာပဲ။ မဲပေးမှာပဲဆိုပြီးတော့ ထင်ကြတာပါ။”

“ဒါပေမယ့်တကယ့်တကယ်ကျတော့ မထွက်လာဘူးပေါ့။ ကိုယ့်ကိုကိုယ်အထင် ကြီးမူတွေပါတာပေါ့။”

“တချို့မဲလာမထည့်တဲ့သူတွေလည်းရှိပါတယမဲလာမထည့်တဲ့သူတွေကျတော့ သူတို့မဲထည့်တာနဲ့စားဝတ်နေရေးနဲ့ရုန်းကြတာပေါ့။အဲဒီတော့မဲထည့်ဖို့အာရုံမစိုက်နိုင်ဘူးပေါ့။”

“ရွေးကောက်ပွဲကတော့…ကောင်းအောင်လုပ်နေတာပဲပေါ့။”

“ကျွန်တော့တို့အနေနဲ့ကတော့သူတို့လ မ်းစဉ်နောက်ကိုလိုက်မှာလား။မလိုက်ဘူးလားအပေါ်မှာမူတည်တာပေါ့။ကျွန် တော်တို့ကတော့…သူတ်ို့လမ်းစဉ်ကို ယုံ ကြည်ပြီးလျှောက်လာတာပေါ့။”

“ဝေဖန်မှုတိုက်ခိုက်မှုဆိုတာတော့ လူတိုင်းကြုံတွေရမှာပဲ။ ကျွန်တော်တို့က တော့…သူတို့ကိုပြန်ပြီးတုံ့ပြန်နေမှာမဟုတ်ပါဘူး။”

“ကျွန်တော်တို့ရဲ့လုပ်ရည်ကိုင်ရည်နော က်မှာဖြစ်လာမယ့်ရလဒ်အပေါ်မူတည်ပြီးတော့…သူတို့သဘော၊သူတို့ဘာသာဆုံးဖြတ်သွားလိမ့်မယ်။ကျွန်တော်တို့ရပ်တည်ချက်မှန်ရင်သူတို့ပါလာမှာပဲ
လေ။”

“ရပ်တည်ချက်မမှန်ရင်တော့…သူတို့က ကျွန်တော်တို့ကိုကျောခိုင်းသွားကြမှာပဲ။”

“ပြည်သူ့ပါတီက ပါတီကြီးပါတယ်။ ကျွန်တော်တို့က ပြည်သူ့ပါတီနဲ့တသားတည်းရပ်တည်မှာပါ။ ပြည်သူ့ပါတီအနိုင်ရရှိရေးပါ။”

PrevPrevious“တချို့တွေက မသေရုံတောင်ရပ်တည်လို့မရတဲ့အခြေအနေတွေကြောင့် ငတ်နေတဲ့သူတွေအများကြီးရှိပါတယ်။”
Nextစက်တင်ဘာလမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဆယ်ရှစ်ဦးထိ ပြည်သူ့ရင်ခွင်ခိုလှုံNext
Previous Post

“တချို့တွေက မသေရုံတောင်ရပ်တည်လို့မရတဲ့အခြေအနေတွေကြောင့် ငတ်နေတဲ့သူတွေအများကြီးရှိပါတယ်။”

Next Post

စက်တင်ဘာလမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဆယ်ရှစ်ဦးထိ ပြည်သူ့ရင်ခွင်ခိုလှုံ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

(ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု)

စစ်ကိုင်းသပိတ်အင်အားစုရဲ့ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှု

August 8, 2026
(ဓာတ်ပုံ-ရန်ကုန်လူထုသပိတ်)

ရန်ကုန်လူထုသပိတ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ်လှုပ်ရှား

August 8, 2026

မြစ်ငယ်မြို့မှာ ဋ္ဌဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ရောက်နေ

August 8, 2026

နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီတွေ့

August 8, 2026

စစ်ကိုင်းသပိတ်အင်အားစုရဲ့ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှု

ရန်ကုန်လူထုသပိတ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ်လှုပ်ရှား

မြစ်ငယ်မြို့မှာ ဋ္ဌဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ရောက်နေ

နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီတွေ့

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်

ချင်းတွင်းသပိတ်ကော်မတီ ရှစ်လေးလုံးအထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်

Releated Post

(ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု)

စစ်ကိုင်းသပိတ်အင်အားစုရဲ့ ရှစ်လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှု

August 8, 2026
(ဓာတ်ပုံ-ရန်ကုန်လူထုသပိတ်)

ရန်ကုန်လူထုသပိတ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအထိမ်းအမှတ်လှုပ်ရှား

August 8, 2026

မြစ်ငယ်မြို့မှာ ဋ္ဌဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ရောက်နေ

August 8, 2026

နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီတွေ့

August 8, 2026

ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်

August 8, 2026
(ဓာတ်ပုံ - ချင်းတွင်းမြစ်ကမ်းဘေးကျေး ရွာများသပိတ်ကော်မတီ)

ချင်းတွင်းသပိတ်ကော်မတီ ရှစ်လေးလုံးအထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်

August 8, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page