Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
သတင်း အာရက္ခဒေသ

လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြဖို့ အာရက္ခတပ်တော် ထပ်မံသတိပေး

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter
လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြဖို့ အာရက္ခတပ်တော် ထပ်မံသတိပေး
Border News Agency
မောင်တော၊စက်တင်ဘာ ၁၀။
အာဏာသိမ်းစစ်ကောင်စီဟာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့အရင်ကထက် ပိုမိုလုပ်ဆောင်နေတာမို့ လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြဖို့ အာရက္ခတပ်တော်(AA)က စက်တင်ဘာလ ၁၀ ရက်၊ဒီနေ့ ထပ်မံသတိပေးထုတ်ပြန်ပါတယ်။
အဲဒီစစ်ကောင်စီတပ်က လူနေထူထပ်တဲ့နေရာတွေ၊ဆေးရုံ၊စာသင်ကျောင်း၊စျေး၊ဘုန်းကြီးကျောင်း၊ခရစ်ယာန်ဘုရားကျောင်း၊လူနေအဆောက်အအုံကြီး၊အစိုးရအဆက်ဆက်အသုံးပြုခဲ့တဲ့ဌာနဆိုင်ရာအဆောက်အအုံတွေကို လေ ကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
အဲဒီအပြင် စစ်ကောင်စီတပ်က ဆုံးရှုံးထားခဲ့ရတဲ့စခန်းတွေပါမကျန် ဗုံးကြဲတို က်ခိုက်နေတာမို့ အဲဒီနေရာတွေကို သတိထားသွားလာကြဖို့လည်း အာရက္ခတပ်တော်(AA)က ထပ်မံသတိပေးလိုက်တာဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနော င်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇စစ်ဆင်ရေး” အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော – အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ကအရပ်သားပြည်သူတွေကို ရည်ရွယ် ချက်ရှိရှိလေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်နေတာဖြစ်သလို ခုရက်ပိုင်းလေ ကြောင်းပစ်ခတ်မှုတွေပိုမိုပြုလုပ်လာနေတယ်လို့ ပြည်သူတွေက ဆိုကြပါတ ယ်။
အာရက္ခစစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA)က ပလက်ဝဒေသအ ပြင်ဘူးသီးတောင်၊ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ပေါက်တော၊ကျောက်တော်၊ကျောက်ဦး၊မင်းပြား၊မြေပုံ၊ရမ်းဗြဲ၊သံတွဲမြို့တွေကို အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်ထားပြီဖြစ်ပါတယ်။
အဲဒီမြို့တွေအပြင် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မြို့တွေ၊စစ်ရေးတင်းမာနေတဲ့မြို့တွေကိုလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
”ခုရက်ပိုင်းမြို့ပေါ်ကနေ နေ့တိုင်းဖြတ်ပျံနေတာပါ။ဘယ်အချိန်ပစ်ချခဲ့မလဲစိုး ရိမ်နေကြတာပါ။အသံကြားရင် တော့ သတိထားနေကြပါတယ်။အရင်ထက်ပိုပြီးလေယာဥ်တွေအပျံများနေတာဟုတ်ပါတယ်။”လို့ ကျောက်တော်မြို့ပေါ်နေသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်၊လေးမိုင်ရှိ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ကို စက်တင်ဘာလ ၉ ရက်နေ့၊ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန်ခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ငါးဆယ်ကျော်သေဆုံးသွားခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က စက်တင်ဘာလ ၁၀ ရက်၊ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်(AA)ကအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်၊ရှင်ရွာကျေးရွာမှာ အာရက္ခတပ်တော်(AA)ရဲ့ယာယီဆေးကုသနေရာကို စက်တင်ဘာလ ၈ ရက်၊နေ့၊ည ၆ နာရီအချိန်မှာ စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ဆယ့်ခုနှစ်ဦးသေ ဆုံးပြီးဆယ်ဦးဒဏ်ရရှိသွားတယ်လို့ အာရက္ခတပ်တော်(AA)က စက်တင်ဘာ လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီသေဆုံးဒဏ်ရသူတွေဟာ အာရက္ခတပ်တော်ကဖမ်းဆီးတာသူတွေ၊အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ကျန်း မာရေးဝန်ထမ်းတချို့နဲ့အရပ်သားပြည်သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားတဲ့သံတွဲမြို့မှာလည်း စက်တင်ဘာလ ၈ ရက်နေ့က စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ကျောင်းဆရာတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ သံတွဲဒေသခံတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စက်တင်ဘာလ ၃ ရက်နေ့က လက်လွှတ်ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်ထိုးစစ်ဆင်သိမ်းယူမှာမို့ သ တင်းရရင်ရသလို တပ်မတော်ကချေမှုန်းတိုက်ခိုက်သွားမှာ ဖြစ်တယ်ဆိုထားပါတယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း မြန်မာတနိုင် ငံလုံးရှိမိဘပြည်သူလူထုတရပ်လုံးလ ည်း စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကို သတိထားကြဖို့ စက်တင်ဘာလ ၁၀ ရက်၊ဒီနေ့ ထုတ်ပြန်အသိပေးပြီး အ လေးအနက်တိုက်တွန်းထားပါတယ်။
(ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်ရဲ့ Nan chang Q-5 မြေပြင်တိုက်ခိုက်ရေးလေယာဉ်ကို ရန်ကုန်၊မင်္ဂလာဒုံလေယာဉ်ကွင်းမှာတွေ့ရပုံ/ တပ်မတော်(လေ)
PrevPreviousစစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်လို့ နှစ်ရက်အတွင်း လူခုနှစ်ဆယ်ခန့်သေဆုံး
Nextမောင်တောမှာစစ်ကောင်စီတပ် လေကြောင်းတိုက် ခိုက်လို့ ဒဏ်ရာရသွားသူတွေကို ဆေးကုသပေး(ရုပ်သံ)Next
Previous Post

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်လို့ နှစ်ရက်အတွင်း လူခုနှစ်ဆယ်ခန့်သေဆုံး

Next Post

မောင်တောမှာစစ်ကောင်စီတပ် လေကြောင်းတိုက် ခိုက်လို့ ဒဏ်ရာရသွားသူတွေကို ဆေးကုသပေး(ရုပ်သံ)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

(ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်၊တန်ဘက်လှန်းရွာထဲမှာကျရောက်ပေါက်ကွဲခဲ့တဲ့လက်နက်ကြီး/ပေးပို့)

ပုဏ္ဏားမြို့နယ် တန်ဘက်လှန်းရွာထဲ လက်နက်ကြီးကျ

September 30, 2026
ဓာတ်ပုံ - ONN

ကျောက်တော်လေကြောင်းတိုက်ခိုက်မှုအပါအဝင် အာရက္ခဒေသမှာ စစ်တပ်ရဲ့အစုအပြုံလိုက်သတ်ဖြတ်မှုတွေ မြင့်တက်

September 30, 2026
ဓာတ်ပုံ - AA

ကျောက်တော်ဖြစ်စဥ်အပေါ် အေအေနဲ့ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်သူ့အစည်းအရုံးဆို

September 30, 2026
ဓာတ်ပုံ - North Now

ချင်းရိုင်နဲ့ ဖယောင်းခရိုင်အစပ်မှာ မြန်မာလုပ်သားတဆယ့်သုံးဦးဖမ်းခံရ

September 30, 2026

ကျောက်တော်ဖြစ်စဥ်အပေါ် အေအေနဲ့ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်သူ့အစည်းအရုံးဆို

ချင်းရိုင်နဲ့ ဖယောင်းခရိုင်အစပ်မှာ မြန်မာလုပ်သားတဆယ့်သုံးဦးဖမ်းခံရ

အထူးတိုင်းစစ်ဌာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ CDM တပ်ကြပ်ကြီးတဦးအပါအဝင် ငါးဦးကျဆုံး

ထားဝယ်မှာ သဘာဝဘေးကြောင့် သေဆုံးသူသုံးဆယ့်နှစ်ဦးအထိရှိလာ

ကျောက်တော်လေကြောင်းတိုက်ခံရလို့ သေဆုံးမှုမှာ ကျား၊မ မခွဲခြားနိုင်သူကိုးဦးပါဝင်

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှု ကုလအစည်းအဝေးမှာ ဦးကျော်မိုးထွန်းထုတ်ဖော်

Releated Post

ဓာတ်ပုံ - AA

ကျောက်တော်ဖြစ်စဥ်အပေါ် အေအေနဲ့ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်သူ့အစည်းအရုံးဆို

September 30, 2026
ဓာတ်ပုံ - North Now

ချင်းရိုင်နဲ့ ဖယောင်းခရိုင်အစပ်မှာ မြန်မာလုပ်သားတဆယ့်သုံးဦးဖမ်းခံရ

September 30, 2026
ဓာတ်ပုံ - အထူးတိုင်းစစ်ဌာန(ပုံဟောင်း)

အထူးတိုင်းစစ်ဌာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ CDM တပ်ကြပ်ကြီးတဦးအပါအဝင် ငါးဦးကျဆုံး

September 30, 2026
​ဓာတ်ပုံ - TNF

ထားဝယ်မှာ သဘာဝဘေးကြောင့် သေဆုံးသူသုံးဆယ့်နှစ်ဦးအထိရှိလာ

September 30, 2026
ဓာတ်ပုံ-AA

ကျောက်တော်လေကြောင်းတိုက်ခံရလို့ သေဆုံးမှုမှာ ကျား၊မ မခွဲခြားနိုင်သူကိုးဦးပါဝင်

September 30, 2026

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှု ကုလအစည်းအဝေးမှာ ဦးကျော်မိုးထွန်းထုတ်ဖော်

September 30, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page