သံတွဲခရိုင်

ခရိုင်သုံးခုက ယစ်မျိုးကုန်တွေကို FDA ကွင်းဆင်းစစ်ဆေး

Border News Agencyတောင်ကုတ်၊​ဇူလိုင် ၂၃။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်၊ကျောက်ဖြူနဲ့ သံတွဲခရိုင်မှာထုတ်လုပ်ရောင်းချနေတဲ့ယစ်မျိုးကုန်တွေသုံးစွဲဖို့ သင့်မသင့်ကိုအာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) ကစစ်ဆေးခဲ့ပါတယ်။ အဲဒီခရိုင်သုံးခုရှိ ယစ်မျိုးကုန်ထုတ်လုပ်၊ ဖြန့်ဖြူးနဲ့ လက်လီရောင်းချတဲ့ လုပ်ငန်းပေါင်း နှစ်ထောင့်ငါးရာငါးဆယ်ခြောက်ခုကို ပြီးခဲ့တဲ့ဇန်နဝါရီလမှ ဇူလိုင်လ ၁၃...

Read more

သံတွဲကိုစစ်တပ်လေကြောင်းတိုက်ခိုက်လို့သံဃာတပါးအပါခုနှစ်ဦးဒဏ်ရာရ

Border News Agencyသံတွဲ၊ ဇူလိုင် ၂၃။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်၊ငပလီမြို့ကို ဇူလိုင်လ ၂၃ ရက်၊ ဒီနေ့နေ့လည်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဆရာတော်တပါးအပါ ခုနှစ်ဦးဒဏ်ရာရသွားပါတယ်။ အဲဒီသံတွဲမြို့၊ဂျိတ္တော ၅ ရပ်ကွက်မှ သက်တော်လေးဆယ်ငါးနှစ်အရွယ် အသျှင်ခေမာနန္ဒ၊ အသက်တနှစ်နဲ့ငါးလအရွယ် မောင်လင်းထက်ပိုင်၊...

Read more

သံတွဲကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ငါးဦးဒဏ်ရာရ

Border News Agencyသံတွဲ၊ဇူလိုင် ၂၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်၊ငပလီမြို့ကို ဇူလိုင်လ ၂၃ ရက်၊ဒီနေ့နေ့လည်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ဆရာ တော်တပါး၊ကလေးတဦးအပါအဝင်ငါးဦးဒဏ်ရာရသွားပါတယ်။ အဲဒီသံတွဲမြို့၊ဂျိတ္တော ၅ရပ်ကွက်မှသ က်တော်ငါးဆယ်အရွယ်အသျှင်ခေမာနန္ဒ၊အသက်တနှစ်အရွယ်မောင်လင်းထ က်ပိုင်၊အသက်ငါးဆယ်သုံးနှစ်အရွယ်ဒေါ်ညိုထွီး၊အသက်ငါးဆယ်သုံးနှစ်အ ရွယ်ဦးဝင်းအောင်၊အောင်ကိုလင်းဒဏ် ရာရသွားပါတယ်။ အဲဒီသံတွဲမြို့နယ်၊ငပလီမြို့ကို ဇူလိုင် လ ၂၃...

Read more

သံတွဲမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်

Border News Agencyသံတွဲ၊ဇူလိုင် ၂၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်ကို ဇူလိုင်လ ၂၃ ရက်၊ဒီနေ့၊နေ့လည် ၁ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်တွေလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီသံတွဲမြို့နယ်၊ငပလီမြို့ရှိ ကမ်းခြေအနီးကရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရပျက်စီးမှုအသေးစိတ်ကို မသိရသေး ပါဘူး။ အဲဒီသံတွဲမြို့နယ်ကို ပစ်မှတ်ထားပြီးအာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်တာတွေ မကြာခဏလုပ်နေပါတယ်။

Read more

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့လေးဦးဒဏ်ရာရ

Border News Agencyသံတွဲ၊ဇူလိုင် ၁၉ ။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို ဇူလိုင်လ ၁၉ရက်နေ့၊ည နေ ၄ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့လေးဦးဒဏ်ရာရသွားပါတယ်။ အဲဒီသံတွဲမြို့၊အမှတ် ၃ ရပ်ကွက်မှအသက်နှစ်ဆယ်ရှစ်နှစ်အရွယ်ထက်ထက်မြတ်၊အသက်သုံးဆယ်တနှစ်အရွယ်သ က်ဝေအောင်၊အသက်သုံးဆယ်သုံးနှစ်အရွယ်ဆောင်းသခင်၊အသက်လေးဆ ယ်ခုနှစ်အရွယ်ထွန်းနိုင်ဝင်းဒဏ်ရာရသွားပါတယ်။ အဲဒီသံတွဲမြို့၊အမှတ် ၃ ရပ်ကွက်၊ဦးဥတ္တမလမ်းနဲ့သစ္စာလမ်းထောင့်၊ဗိုလ်...

Read more

ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

Border News Agencyဂွ၊ဇူလိုင် ၁၇။ ဂွမြို့နယ်ကို ဇူလိုင်လ ၁၇ ရက်၊ဒီနေ့ည ၄ နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ဂွမြို့နယ်၊ရွှေရချိုင်ရွာနောက်ဘက် ကမ်းခြေအုန်းခြံထဲကို တိုက်လေယာဥ်နှစ်စီးနဲ့ လေကြောင်းမှ ဗုံးသုံးလုံးတိုက်ခိုက်ခဲ့တာပါ။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ရွှေရချိုင်ရွာ...

Read more

ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်

Border News Agency​ဂွ၊ဇူလိုင် ၁၄။ ရေကြီးရေလျှံမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ဂွမြို့နယ်ကို ဇူလိုင်လ ၁၃ ရက်၊ညနေမှာ အာဏာသိမ်းစစ်တပ်က ဗုံးအလုံးငါးဆယ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဂွမြို့နယ်၊ကွင်းလျားရှည်ရွာ၊ရဟိုင်းကွင်းရွာနဲ့ကျောင်းကုန်းရွာကို ည ၁၀ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်ကရွယ်ရည်ချက်ရှ်ိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်ခဲ့တာကြောင့် ​ကျောင်းကုန်းရွာရှိနေအိမ်တလုံးပျက်စီးခဲ့ပြီး လူထိခိုက်မှုအခြေအနေကို စုံစမ်းနေပါတယ်။...

Read more

ဂွမြို့နယ်မှာ ချောင်းရေဝင်ပြီးကျေးရွာတချို့ ရေကြီးနေ

Border News Agency​ဂွ၊ဇူလိုင် ၁၃။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၂ ရက်နေ့ကစပြီး ဂွမြို့နယ်၊ ဒေါင်းချောင်း၊ပေါက်တူး၊ ရဟိုင်ဖျား၊ ရွာသစ်ကုန်း၊ ကုလားပြင်၊ ကိုင်းခုံနဲ့ ရေကျော် စတဲ့ ကျေးရွာတချို့မှာ ချောင်းရေတွေဝင်ရောက်ကာ ရေကြီးရေလျှံနေပါတယ်။...

Read more

ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေဆုံး

Border News Agencyဂွ၊ဇူလိုင် ၁၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ဂွမြို့နယ်ကို ဇူလိုင်လဆယ်ရက်၊ဒီနေ့မနက်ဆယ်နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့သုံးဦးသေဆုံးသွားပါတယ်။ အဲဒီဂွမြို့နယ်၊ဓနိအုပ်စု၊ကုလားချောင်းရွာကအသက်သုံးနှစ်အရွယ်ဖိုးသားလေး၊အသက်ငါးဆယ်သုံးနှစ်အရွယ်ဦးညွန့်မောင်၊အသက်ငါးဆယ်ခုနှစ်အရွယ်ဒေါ်မမလေးသေဆုံးသွားပါတယ်။ အဲဒီအပြင်နောက်ထပ်နှစ်ဦးလည်းဒဏ်ရာပြင်းထန်းစွာရသွားခဲ့သလို ဒေသခံစိုးရိမ်နေကြပါတယ်။ အဲဒီဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေအပြင် ရေတပ်စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေပစ်ခတ်နေပါတယ်။ အဲဒီဂွမြို့နယ်ကို ဇူလိုင်လခုနှစ်ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်ရေတပ်စစ်သင်္ဘောကြီးတွေက လက်နက်ကြီးတွေပစ်ခတ်လို့အရပ်သား​ခြောက်ဦးဒဏ်ရာရသွားပါတယ်။

Read more

ကျိန္တလီကို ရေတပ်ကလက်နက်ကြီးပစ်လို့ခြောက်ဦးဒဏ်ရာရ

Border News Agencyကျိန္တလီ၊ဇူလိုင် ၈။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ဂွမြို့နယ်၊ကျိန္တလီကို အာဏာသိမ်းရေတပ်ကလက်နက်ကြီးပစ်ခတ်လို့ခြောက်ဦးဒဏ်ရာရသွားပါတယ်။ အဲဒီကျိန္တလီမြို့၊အမှတ် ၃ ရပ်ကွက်မှ အသက်ငါးနှစ်အရွယ်မရတနာထွန်း၊အသက်ဆယ့်ခုနှစ်နှစ်အရွယ် မသင်းသီရိထွန်း၊အသက်လေးဆယ့်ငါးနှစ်အရွယ် ဒေါ်မထား၊အသက်ခုနှစ်ဆယ်လေးနှစ်အရွယ်ဒေါ်သန်းမေ၊အသက်ငါးဆယ်အရွယ်ဒေါ်မိဝိုင်းနဲ့အသက်လေးဆယ်ရှစ်နှစ်အရွယ်ဦးညိုထွန်းဒဏ်ရာရသွားတာပါ။ အဲဒီကျိန္တလီမြို့၊အမှတ်၃ရပ်ကွက်ကို ဇူလိုင်လရှစ်ရက်နေ့၊မနက်ကိုးနာရီကျော်အချိန်ခန့်က စစ်တပ်စစ်သင်္ဘောမှလက်နက်ကြီးကျည်နှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမှတ်သုံးရပ်ကွက်ရှိ ဒေါ်မထားရဲ့ နေအိမ်မှာတလုံး၊ဦးပိုင်စိုးအောင်ရဲ့နေအိမ်နောက်သစ်ပင်နားကိုတလုံး...

Read more
Page 1 of 8 1 2 8

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here