Border News Agency
သံတွဲ၊စက်တင်ဘာ ၁၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်ကို စက်တင်ဘာလ ၁၈ ရက်၊ဒီနေ့ မနက်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီ သံတွဲမြို့နယ်၊အိုးမြေကျေးရွာကို ဒီနေ့ မနက် ၁၁ နာရီ ၂၀ မိနစ်အချိန်က အာဏာသိမ်းစစ်တပ်ရဲ့ တိုက်လေယာဥ်သုံးစီးနဲ့ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်နှစ်ဆယ်အရွယ် ကိုခန့်မင်းသူမှာ ဘယ်ဖက်ပေါင်မှာဒဏ်ရာရသွားတာမို့ ဆေးကုသမှုခံယူနေရပါတယ်။
အဲဒီအပြင်သံတွဲမြို့နယ်၊ သစ်ငုတ်တို၊ ကျေးပင်အနီးအနားကို အာဏာသိမ်းစစ်တပ်လေကြောင်းမှ ဗုံးဆယ့်တလုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိ အရပ်သားတွေနေထိုင်တဲ့နေရာတွေကို လေကြောင်း၊လက်နက်ကြီးတွေနဲ့ ရွယ်ရည်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရနေကြရပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ရေကြောင်းအန္တရာယ်ကိုသတိထားကြဖို့ အာရက္ခတပ်တော်က ထပ်ပြီးအသိပေးထားပါတယ်။







