Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး သတင်း

နီပါး (Nipah) ဗိုင်းရပ်စ်အန္တရာယ် အထူးသတိပြုဖို့ ကျန်းမာရေးဝန်ကြီးဌာနအသိပေး

Author picture

By

Shin Myat Phyu
Reading Time: 1 min read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၂၈။

​သေဆုံးနိုင်ခြေလေးဆယ်ရာခိုင်နှုန်းကနေ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းအထိမြင့်မားတဲ့ နီပါး (Nipah Virus) ဗိုင်းရပ်စ် အန္တရာယ်နဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအရေးပေါ် သတိပေးနှိုးဆော်ချက်တွေ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီဒီဗိုင်းရပ်စ်ဟာ ကုသဆေးမရှိသေးတဲ့အတွက် နယ်စပ်ဒေသက ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ လိုအပ်နေတာပါ။

​ဒီဗိုင်းရပ်စ်ဟာ အိမ်နီးချင်းအိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် (Kerala) နဲ့ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) တွေမှာ ကူးစက်သေဆုံးမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတာကြောင့် မြန်မာနိုင်ငံသားတွေ၊ အထူးသဖြင့် နယ်စပ်ချင်းထိစပ်နေတဲ့ ဒေသခံတွေအနေနဲ့ ရောဂါကူးစက်မလာအောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

အဲဒီ​နီပါးဗိုင်းရပ်စ်ဟာ လင်းနို့ကိုက်ထားတဲ့ အသီးအနှံတွေ၊ လင်းနို့ရဲ့တံတွေးနဲ့ဆီးကတစ်ဆင့် လူကိုကူးစက်နိုင်သလို ရောဂါရှိတဲ့တိရစ္ဆာန်တွေနဲ့ ထိတွေ့မိရာကလည်း ကူးစက်နိုင်ပါတယ်။

ဒါ့အပြင် ရောဂါရှိသူနဲ့နီးကပ်စွာထိတွေ့ရင်လည်း လူအချင်းချင်းကူးစက်ပြန့်ပွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

​ရောဂါကူးစက်ခံရရင် ပြင်းထန်စွာဖျားတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်ခဲတာ၊ ကြွက်သားတွေနာကျင်တာနဲ့ အန်တာ၊ မူးဝေတာတွေ ခံစားရနိုင်ပါတယ်။

တကယ်လို့ ရောဂါပိုပြင်းထန်လာရင်တော့ စိတ်ရှုပ်ထွေးတာ၊ ဦးနှောက်ရောင်တာနဲ့ ဝက်ရူးပြန်သလိုမျိုး တက်တာတွေအထိဖြစ်ပွားပြီး အသက်အန္တရာယ်စိုးရိမ်ရပါတယ်။

​လက်ရှိအချိန်အထိ နီပါးဗိုင်းရပ်စ်အတွက် သီးသန့်ကာကွယ်ဆေးနဲ့ ကုသဆေး (Specific Treatment) မရှိသေးတာကြောင့် ကြိုတင်ကာကွယ်တာကသာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။

ဒါကြောင့်ပြည်သူတွေအနေနဲ့ လက်ကိုဆပ်ပြာနဲ့ မကြာခဏစင်ကြယ်အောင် ဆေးကြောဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဖို့တိုက်တွန်းထားပါတယ်။

​ကာကွယ်ရေး နည်းလမ်းတွေအနေနဲ့ လင်းနို့ကိုက်ထားတဲ့ အသီးအနှံတွေကို လုံးဝ (လုံးဝ) မစားဖို့၊ ဖျားနာနေသူတွေနဲ့ နီးကပ်စွာနေထိုင်တာကိုရှောင်ကြဉ်ဖို့နဲ့ လူနာကိုပြုစုရပါက Mask ၊ လက်အိတ်စတဲ့ အကာအကွယ်ပစ္စည်းတွေကို စနစ်တကျဝတ်ဆင်ဖို့ ကျန်းမာရေးဌာနတွေက အကြံပြုထားပါတယ်။

​ဒါ့အပြင် ရောဂါဖြစ်ပွားနေတဲ့ဒေသတွေကို မလိုအပ်ဘဲခရီးမသွားဖို့နဲ့ အဲဒီဒေသတွေက ပြန်လာသူတွေထဲမှာ သံသယဖြစ်ဖွယ်လက္ခဏာရှိပါက ကျန်းမာရေးဌာနကို ချက်ချင်းအကြောင်းကြားဖို့ လိုအပ်ပါတယ်။

မိမိတို့ဆီမှာ ရောဂါလက္ခဏာခံစားရရင်လည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး သွားရောက်ပြသသင့်သလို နီပါးဗိုင်းရပ်စ်ဟာကူးစက်နှုန်းက ကိုဗစ်လောက်မမြန်ပေမယ့် သေဆုံးနှုန်းကတော့ အဆပေါင်းများစွာပိုမြင့်မားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ သစ်သီးဝလံတွေကို စားသုံးတဲ့အခါ လင်းနို့ကိုက်ရာ ပါ၊ မပါ သေချာစစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

PrevPrevious​ပုလောမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းတွေကိုတိုက်ခိုက်လို့ သုံးဦးသေဆုံး
Next​မြဝတီအွန်လိုင်းလိမ်လည်မှုနဲ့ဆက်စပ်သူ ပြည်ပနိုင်ငံသားနှစ်ဆယ့်နှစ်ဦးကို ပြည်နှင်ဒဏ်ပေးNext
Previous Post

​ပုလောမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းတွေကိုတိုက်ခိုက်လို့ သုံးဦးသေဆုံး

Next Post

​မြဝတီအွန်လိုင်းလိမ်လည်မှုနဲ့ဆက်စပ်သူ ပြည်ပနိုင်ငံသားနှစ်ဆယ့်နှစ်ဦးကို ပြည်နှင်ဒဏ်ပေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုဖျက်ဆီးသူတွေကို အရေးယူနိုင်ဖို့ NLD လုပ်သွားမယ်

July 8, 2026

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုဖျက်ဆီးသူတွေကို အရေးယူနိုင်ဖို့ NLD လုပ်သွားမယ်

July 8, 2026

အီရန်ကို အမေရိကန်လေကြောင်းထပ်တိုက်

July 8, 2026

တရုတ်မှာ မြေပြိုမှုနဲ့မုန်တိုင်းကြောင့် လူသုံးဆယ်နီးပါး သေဆုံး

July 8, 2026

အီရန်ကို အမေရိကန်လေကြောင်းထပ်တိုက်

တရုတ်မှာ မြေပြိုမှုနဲ့မုန်တိုင်းကြောင့် လူသုံးဆယ်နီးပါး သေဆုံး

ချွန်ဘူရီမှာ မြန်မာအလုပ်သမားတရာ့ခုနှစ်ဆယ်နီးပါး အလုပ်ထုတ်ခံရ

မင်းလက်ပံကို အာဏာသိမ်းစစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်နေ

အိန္ဒိယ-မြန်မာနယ်စပ်ကလေးဝ-ယာကြီး-မုံရွာလမ်းပိုင်းကို စစ်တပ်ပြန်ထိန်း

အီရန်ကို အမေရိကန်လေကြောင်းထပ်တိုက်

Releated Post

အီရန်ကို အမေရိကန်လေကြောင်းထပ်တိုက်

July 8, 2026

တရုတ်မှာ မြေပြိုမှုနဲ့မုန်တိုင်းကြောင့် လူသုံးဆယ်နီးပါး သေဆုံး

July 8, 2026
ဓာတ်ပုံ - WAG

ချွန်ဘူရီမှာ မြန်မာအလုပ်သမားတရာ့ခုနှစ်ဆယ်နီးပါး အလုပ်ထုတ်ခံရ

July 8, 2026

မင်းလက်ပံကို အာဏာသိမ်းစစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်နေ

July 8, 2026

အိန္ဒိယ-မြန်မာနယ်စပ်ကလေးဝ-ယာကြီး-မုံရွာလမ်းပိုင်းကို စစ်တပ်ပြန်ထိန်း

July 8, 2026

အီရန်ကို အမေရိကန်လေကြောင်းထပ်တိုက်

July 8, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page