Border News Agency
မြဝတီ၊ဇူလိုင် ၈။
ထိုင်း – မြန်မာနယ်စပ်၊ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းက မင်းလက်ပံကို အာဏာသိမ်းစစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
အာဏာသိမ်းစစ်သားအင်အားထောင်ချီအသုံးပြုတိုက်ခိုက်နေသလိုလက်န က်ကြီးပစ်ကူတွေပေးနေတာမို့ ဇူလိုင် လ ၈ ရက်၊ဒီနေ့မနက်ထိ တိုက်ပွဲတွေပြ င်းထန်နေပါတယ်။
အဲဒီတိုက်ပွဲတွေက လက်နက်ကြီးပစ်ခတ်သံတွေကို ထိုင်းဖက်ခြမ်း၊မဲဆောက်မြို့ကလည်းကြားနေကြရတယ်လို့ မဲဆောက်မြို့နေသူတွေက ဆိုကြပါတယ်။
“မနေ့ညကတည်းက ဒီနေ့မနက်ထိလ က်နက်ကြီးပစ်သံတွေကြားနေရတာပါ။ မနက်ထမင်းစားချိန်လောက်မှာတော့ လက်နက်ကြီးပစ်သံတွေရပ်သွားပါတ ယ်။” လို့ မဲဆောက်မြို့နေသူတဦးက Border News Agency ကို ပြောပါတ ယ်။
အဲဒီမင်းလက်ပံတိုက်ပွဲက လက်နက် ကြီးကျည်တွေ ထိုင်းနိုင်ငံကို ကျရောက်ပေါက်ကွဲမှုတွေရှိနေပြီး ထိုင်းစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားပါတယ်။
အဲဒီမင်းလက်ပံကို ဒီမိုကရေစီအကျိုး ပြုကရင့်တပ်မတော်(DKBA ) ထိန်းချုပ်ခဲ့ပေမယ့် ကရင်အမျိုးသားအစည်းအရုံး(KNU)က ပြီးခဲ့တဲ့နှစ်က ဝင်ရောက်ထိန်းချုပ်ထားပါတယ်။










