Border News Agency
အီရန်၊ ဧပြီ ၂၁။
နိုင်ငံပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို အာရုံစိုက်နိုင်ဖို့အတွက် အမေရိကန်၊ အစ္စရေးတို့နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရမယ်လို့ အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်က ပြောကြားလိုက်ပါတယ်။
အဲဒီတီဟီရန်မြို့မှာရှိတဲ့ အစိုးရဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ်သမ္မတက အခုလို ပြောကြားခဲ့တာဖြစ်ပြီး တင်းမာမှုတွေကို လျှော့ချဖို့အတွက် သံတမန်ရေးလမ်းကြောင်းတိုင်းကို အသုံးပြုရမယ်လို့လည်း ဆိုပါတယ်။
စစ်ပွဲပြီးဆုံးသွားတဲ့အခါ နိုင်ငံပြန်လည်တည်ဆောက်ရေးနဲ့ ဘဏ္ဍာရေးအရင်းအမြစ် ရှာဖွေရေးမှာ စိန်ခေါ်မှုကြီးမားတာကြောင့် ပြန်လည်တည်ဆောက်ရေးကိုပဲ အဓိက အာရုံစိုက်ဖို့ လိုအပ်ကြောင်း သူက ထောက်ပြခဲ့တာပါ။
ဒါ့အပြင် နိုင်ငံ့ခေါင်းဆောင်တဦးအနေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက် ရိုးသားမှုရှိဖို့ လိုအပ်တယ်လို့လည်း သမ္မတ ပီဇက်ရှ်ကီယန်က ဖြည့်စွက်ပြောကြားခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။






