Border News Agency
အီရန်၊ မေ ၄။
ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို ကယ်ထုတ်ဖို့အမေရိကန်သမ္မတ ထရမ့်က Project Freedomအစီအစဉ်ကို စတင်မယ်လို့ ပြောလိုက်တာကြောင့် အီရန်နဲ့ အမေရိကန်ကြား စစ်ရေးအခြေအနေ အတော်လေးတင်းမာသွားပါတယ်။
အမေရိကန်ဘက်က စစ်သား ၁၅,၀၀၀ နဲ့ စစ်သင်္ဘောတွေသုံးပြီး လမ်းကြောင်းဖွင့်ဖို့ ပြင်နေတာပါ။
ဒါပေမယ့် အီရန်စစ်တပ်ဘက်ကတော့ သူတို့နယ်နိမိတ်ထဲကို အမေရိကန်တွေ ဝင်လာရင် တိုက်ခိုက်သွားမယ်လို့ ဒီနေ့ပဲ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
အီရန်က ရေလက်ကြားကို ပိတ်ထားတာ ၂ လကျော်ရှိပြီဖြစ်လို့ ကမ္ဘာ့လောင်စာဆီဈေးတွေ ထိုးတက်နေပြီးအမေရိကန်မှာလည်း ဆီဈေးတွေ တက်ကုန်တာပါ။
အီရန်ဘက်ကတော့ ဒါဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာလို့ မြင်နေပြီး အမေရိကန်စစ်သင်္ဘောတွေသာ တကယ်ဝင်လာရင်တော့ နှစ်ဖက်တိုက်ပွဲ ပြန်ဖြစ်လာနိုင်တဲ့အတွက် ကမ္ဘာ့နိုင်ငံတွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။






