Border News Agency
မြဝတီ၊ မေ ၄။
ကရင်ပြည်၊ မြဝတီမြို့၊ အမှတ် ၆ ရပ်ကွက်ရှိကားနဲ့ကားတာယာတွေ ဂိုဒေါင်ဟာ မေလ ၄ ရက်၊ ဒီနေ့နေ့လည် ၁ နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီမီးလောင်မှုကြောင့် ဂိုဒေါင်ထဲမှာရှိတဲ့ ကားခြောက်စီးအပြင် ကားတာယာတွေအားလုံး မီးထဲပါပျက်စီးသွားတယ်လို့ မြို့ခံတွေကဆိုကြပါတယ်။
ရာသီဥတုအပူရှိန်ကြောင့် ဂိုဒေါင်မှာတပ်ထားတဲ့ ဆိုလာပြားတွေ အပူလွန်ကဲပြီးမီးစလောင်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
အဲဒီဂိုဒေါင်မှာ ကားတာယာတွေ ရှိနေတာကြောင့် မီးအရှိန်က အလွန်ပြင်းထန်ခဲ့ပြီး မီးခိုးအမည်းရောင်တွေလည်း အလိပ်လိုက် ထွက်ပေါ်ခဲ့တာပါ။
ဒါပေမယ့် ဂိုဒေါင်တခုလုံးနဲ့ ရပ်ထားတဲ့ကားတွေ မီးလောင်ပျက်စီးသွားခဲ့တာပါ။
အဲဒီမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဘယ်လောက်ရှိမလဲဆိုတာကို တာဝန်ရှိသူတွေစစ်ဆေးနေပါတယ်။






