Border News Agency
ပေါက်၊ မေ ၁၂။
မကွေးတိုင်း၊ ယောနယ်ကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးဖို့ကြိုးစားနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီအာဏာစစ်သားတရာ့ငါးဆယ်ခန့်ဟာ ပုံတောင်ခြေရင်းရှိ ကျောက်တံခါးရွာကို ဦးတည်စစ်ကြောင်းထိုးလာကြတာလို့ ဆိုကြပါတယ်။
အဲဒီကျောက်တံခါးရွာဟာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပလောင်းကျေးရွာအုပ်စုမှာပါဝင်ပြီး မကွေးနဲ့ချင်းအစပ်ယောနယ်ကိုသွားရောက်နိုင်တဲ့နေရာဖြစ်ပါတယ်။
အဲဒီအာဏာသိမ်စစ်သားတွေဟာ မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက်အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံမှထွက်လာကြတာဖြစ်ပြီး မေလ ၁၂ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ပုံတောင်ခြေရင်းကကျောက်တံခါးရွာကို ဦးတည်လာနေကြတာပါ။
အဲဒီအပြင်မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းကလည်း အာဏာသိမ်းစစ်သားငါးရာခန့်ဟာ စစ်ကားကြီးတွေနဲ့ဆိပ်ဖြူမြို့နယ်ကို ဦးတည်လာနေပါတယ်။
အဲဒီအထဲကအင်အားသုံးရာခန့်ဟာ ချောက်မြို့နယ်၊ အိုးတိန်ကိုရောက်နေပြီး ပေါက်မြို့နယ်မဟုတ်ရင် ဆောမြို့နယ်ကိုဝင်လာနိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကဆိုကြပါတယ်။
အဲဒီမကွေးနဲ့ချင်းအစပ်မှာ အာဏာသိမ်းစစ်တပ်က စစ်သည်အင်အားဖြည့်တင်းနေသလို စစ်ကြောင်းထိုးအထိုင်ချတာတွေလည်း ပြုလုပ်နေပါတယ်။
အဲဒီလိုစစ်သည်အင်အားဖြည့်တင်းနေတာဟာ ချင်းညီနောင်တွေ ထိန်းချုပ်ထားတဲ့မင်းတပ်မြို့နယ်ကို ပြန်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။





