Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး နိုင်ငံတကာ သတင်း

ရနောင်းရှိ မြန်မာပိုင်မှောင်ခိုဂိုဒေါင်ကို ထိုင်းဝန်ကြီးချုပ်သွားရောက်စစ်ဆေးခဲ့

ဓာတ်ပုံ - Bangkok Post
Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
ရနောင်း၊ ​မေ ၁၂။

ထိုင်းနိုင်ငံ၊​ ရနောင်းခရိုင်၊ ဘန်ရင်ဒေသမှာရှိတဲ့ မြန်မာနိုင်ငံသားတဦးပိုင်တဲ့ မှောင်ခိုလျှပ်စစ်ပစ္စည်း ဂိုဒေါင်တခုကို ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဗီရကူးလ်က မေ ၁၀ ရက်နေ့က ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီဂိုဒေါင်ထဲမှာ ဘတ်သန်း ၅၀ နီးပါး တန်ဖိုးရှိတဲ့မှောင်ခိုပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ကိုယ်တိုင် အံ့အားသင့်သွားရတဲ့အထိ ပစ္စည်းတွေကများပြားနေတာပါ။

အဲဒီ ​ဂိုဒေါင်အတွင်းမှာတော့ စက်ရုံသုံးမီးစက်တွေ၊ အဲယားကွန်းအလုံးပေါင်း ၂,၀၀၀ နီးပါးနဲ့ တခြားလူသုံးကုန်ပစ္စည်းအများအပြားကို တွေ့ရှိခဲ့တာဖြစ်ပြီး အခုတော့ရဲတပ်ဖွဲ့က ပစ္စည်းအားလုံးကိုချိတ်ပိတ်သိမ်းဆည်းလိုက်ပါတယ်။

ဒီကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံအတွင်းဖြတ်သန်းသွားမယ့် ကုန်စည်အဖြစ်ကြေညာထားပေမယ့် သတ်မှတ်ရက်ထက်ကျော်လွန်နေတာကြောင့် အခုလိုဖမ်းဆီးခံရတာဖြစ်ပါတယ်။

​အဲဒီလိုစစ်ဆေးရေးအဖွဲ့တွေစစ်နေတုန်းမှာ အမည်မသိဖုန်းခေါ်ဆိုမှုတွေရောက်လာပြီး ရဲအရာရှိကြီးတွေနဲ့သိကျွမ်းတယ်ဆိုကာဂိုဒေါင်ကနေ အမြန်ထွက်သွားဖို့ ခြိမ်းခြောက်တာတွေရှိခဲ့တယ်လို့ ဝန်ကြီးချုပ်ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်မြန်မာဘက်ကနေ ဖုန်းခေါ်ဆိုမှုတွေရှိခဲ့ပေမယ့် အဂတိလိုက်စားမှုမရှိဘဲ တာဝန်ထမ်းဆောင်ခဲ့တဲ့အရာရှိတွေကို ဝန်ကြီးချုပ်ကချီးကျူးခဲ့ပါသေးတယ်။

​အခုဖမ်းမိတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီး ပိုင်ရှင်တွေဘက်က အကောက်ခွန်ဆိုင်ရာအထောက်အထားတွေ လာရောက်မပြသနိုင်ရင်တော့ ပစ္စည်းအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းသွားမှာပါ။

ဒါဟာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု ပုံစံသစ်တစ်ခု ဖြစ်တယ်လို့လည်း ထိုင်းအစိုးရအဖွဲ့က သုံးသပ်ထားပါတယ်။

အဲဒီ ဝန်ကြီးချုပ်ကိုယ်တိုင် ရနောင်းခရိုင် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဒီအမှုကို အနီးကပ် ကြီးကြပ်ဆောင်ရွက်နေပါတယ်။

အဲဒီအပြင်အကောက်ခွန် အရာရှိတွေရဲ့ စုံစမ်းဖော်ထုတ်မှုကြောင့် အခုလို မှောင်ခိုဂိုဒေါင်ကြီးကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

PrevPrevious​ထိုင်း-မြန်မာနယ်စပ်မှာ စိတ်ကြွဆေးပြား ၁ သန်းကျော်နဲ့ဘိန်းစိမ်းတွေသိမ်းဆည်းရမိ
Next​ရေနံဈေးတက်တာကိုထိန်းဖို့ အမေရိကန်က အရန်ရေနံစည်ပေါင်း ၅၃ သန်းကျော် ထပ်မံထုတ်ပေးNext
Previous Post

​ထိုင်း-မြန်မာနယ်စပ်မှာ စိတ်ကြွဆေးပြား ၁ သန်းကျော်နဲ့ဘိန်းစိမ်းတွေသိမ်းဆည်းရမိ

Next Post

​ရေနံဈေးတက်တာကိုထိန်းဖို့ အမေရိကန်က အရန်ရေနံစည်ပေါင်း ၅၃ သန်းကျော် ထပ်မံထုတ်ပေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ရေကျော်ရွာလေကြောင်းတိုက်ခိုက်ခံရမှု ဒဏ်ရာရသူထဲကအမျိုးသားတဦးသေဆုံး

June 27, 2026
ဓာတ်ပုံ - မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံး

မလေးရှား ဂျိုဟိုးမှာမြန်မာအပါအဝင် နိုင်ငံခြားသား ၅၀ ဦး ဖမ်းဆီးခံရ

June 27, 2026
ဓာတ်ပုံ-BNA

ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်တဦး မြောင်းထဲမှာသေဆုံးနေ

June 27, 2026

ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်တဦး မြောင်းထဲမှာသေဆုံးနေ

June 27, 2026

မလေးရှား ဂျိုဟိုးမှာမြန်မာအပါအဝင် နိုင်ငံခြားသား ၅၀ ဦး ဖမ်းဆီးခံရ

ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်တဦး မြောင်းထဲမှာသေဆုံးနေ

ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်တဦး မြောင်းထဲမှာသေဆုံးနေ

ဘန်ကောက်မုန်တိုင်းကြောင့် မြန်မာလုပ်သား ၁ ဦး သေဆုံး

မူဆယ်မှာ သိန်းနှစ်ရာနီးပါးတန်မူးယစ်ဆေးတွေကို ညီနောင်မဟာမိတ်မီးရှို့

တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆွေးနွေးဖို့မင်းအောင်လှိုင် ဖိတ်ခေါ်

Releated Post

ဓာတ်ပုံ - မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံး

မလေးရှား ဂျိုဟိုးမှာမြန်မာအပါအဝင် နိုင်ငံခြားသား ၅၀ ဦး ဖမ်းဆီးခံရ

June 27, 2026
ဓာတ်ပုံ-BNA

ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်တဦး မြောင်းထဲမှာသေဆုံးနေ

June 27, 2026

ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်တဦး မြောင်းထဲမှာသေဆုံးနေ

June 27, 2026

ဘန်ကောက်မုန်တိုင်းကြောင့် မြန်မာလုပ်သား ၁ ဦး သေဆုံး

June 27, 2026

မူဆယ်မှာ သိန်းနှစ်ရာနီးပါးတန်မူးယစ်ဆေးတွေကို ညီနောင်မဟာမိတ်မီးရှို့

June 27, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆွေးနွေးဖို့မင်းအောင်လှိုင် ဖိတ်ခေါ်

June 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page