Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံတကာ နိုင်ငံရေး သတင်း

​အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ပါကစ္စတန်မှတဆင့် အီရန် ပြန်လည်တုံ့ပြန်

ဓာတ်ပုံ - Al Jazeera

ဓာတ်ပုံ - Al Jazeera

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency
အီရန်၊​မေ ၁၉။

​အမေရိကန်နဲ့အီရန်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကိုအဆုံးသတ်ဖို့ အမေရိကန်ဘက်က ကမ်းလှမ်းချက်အပေါ် အီရန်အစိုးရက သူတို့ရဲ့ တုံ့ပြန်ချက်ကိုကြားခံစေ့စပ်ပေးသူ ပါကစ္စတန်နိုင်ငံကတဆင့် အမေရိကန်ထံပြန်လည်ပေးပို့လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုချက်တွေ အပြန်အလှန် ပေးပို့ခဲ့ကြပေမယ့် ဆွေးနွေးပွဲတွေဟာ လက်ရှိမှာ ရပ်တန့်နေပြီး လက်ရှိယာယီအပစ်ရပ်မှုဟာလည်း ပြိုကွဲလုနီးပါး ဖြစ်နေပါတယ်။

​အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါဟီက အီရန်အနေနဲ့ ပြည်ပမှာ ပိတ်ဆို့ခံထားရတဲ့ သူတို့ရဲ့ ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေကို ပြန်လည်လွှဲပြောင်းပေးဖို့၊အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့နဲ့ မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားအပေါ်သူတို့ရဲ့ ထိန်းချုပ်ပိုင်ခွင့်ကို ဆက်လက်အသိအမှတ်ပြုဖို့ တောင်းဆိုထားတယ်လို့ မေလ ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

​အမေရိကန်အစိုးရဘက်ကတော့ အီရန်အနေနဲ့ နျူကလီးယားစီမံကိန်းတွေကို အကုန်ဖျက်သိမ်းပြီး သန့်စင်ပြီးယူရေနီယံတွေကို အမေရိကန်ထံ လွှဲပြောင်းပေးအပ်ဖို့နဲ့ ကမ္ဘာ့ရေနံ ၅ ပုံ ၁ ပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်ပေးဖို့ အချက် ၅ ချက်ပါ ကမ်းလှမ်းချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။

ဒါပေမယ့်အမေရိကန်ဘက်က အီရန်ရဲ့ အေးခဲထားတဲ့ ပိုင်ဆိုင်မှု ၂၅ ရာခိုင်နှုန်းကိုတောင် ပြန်လွှတ်ပေးဖို့ ငြင်းဆန်ထားသလို စစ်လျော်ကြေးပေးဖို့ကိုလည်း ပယ်ချထားပါတယ်။

​လက်ရှိအခြေအနေတွေ တင်းမာနေချိန်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အတွက်အချိန်သိပ်မကျန်တော့ဘဲ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်မချရင် နိုင်ငံအတွင်း ဘာမှကျန်တော့မှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကလည်း ဂျီဆဲဗန်း (G7) ဘဏ္ဍာရေးဝန်ကြီးတွေကို အီရန်အပေါ် ပိတ်ဆို့မှုတွေ ပိုမိုတင်းကျပ်ဖို့ တိုက်တွန်းထားသလို သမ္မတထရမ့်ဟာ အင်္ဂါနေ့မှာ အမျိုးသားလုံခြုံရေးအကြံပေးတွေနဲ့တွေ့ဆုံပြီး စစ်ရေးအရ ပြန်လည်တိုက်ခိုက်မယ့် ရွေးချယ်စရာတွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။

​လေ့လာသူတွေကတော့အမေရိကန်အနေနဲ့ လာမယ့်တရက်နှစ်ရက်အတွင်း စစ်ပွဲကို ပြန်လည်စတင်နိုင်တယ်လို့ သုံးသပ်နေကြပေမယ့် အီရန်ဘက်ကတော့ အခြေအနေအရပ်ရပ်အတွက် အပြည့်အဝ ပြင်ဆင်ထားတယ်လို့ တုံ့ပြန်ပါတယ်။

အီရန်ပြောရေးဆိုခွင့်ရှိသူ ဘာဂါဟီက ရန်သူ့ဘက်က အမှားအယွင်းအသေးအမွှားလေးတစ်ခု လုပ်တာနဲ့ ဘယ်လိုထိရောက်တဲ့ တုံ့ပြန်မှုမျိုး လုပ်ဆောင်ရမလဲဆိုတာ မိမိတို့ဘက်က ကောင်းကောင်းသိထားပြီးဖြစ်တယ်လို့ သတိပေးပြောကြားထားပါတယ်။

PrevPrevious​မူးယစ်ဂိုဏ်းချုပ် မြန်မာနိုင်ငံသား အိန္ဒိယမှာဖမ်းဆီးခံရ
Nextမြန်မာနိုင်ငံ ပိုဆိုးတဲ့အကျပ်အတည်းအတွင်း နစ်ဝင်နေတယ်လို့ တွမ်အန်ဒရူးစ် သတိပေးNext
Previous Post

​မူးယစ်ဂိုဏ်းချုပ် မြန်မာနိုင်ငံသား အိန္ဒိယမှာဖမ်းဆီးခံရ

Next Post

မြန်မာနိုင်ငံ ပိုဆိုးတဲ့အကျပ်အတည်းအတွင်း နစ်ဝင်နေတယ်လို့ တွမ်အန်ဒရူးစ် သတိပေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ချင်းမိုင်မှာ ကုတ်မြစ်အရေးဆန္ဒပြသူတွေကို ရဲတားလို့ နှစ်ဦး လက်ကျိုး

July 6, 2026

လယ်မရွာလူသတ်မှုမှာ ပါဝင်တဲ့ ပျူစောထီးတဦးကို ဂန့်ဂေါမှာအရှင်ဖမ်းမိ

July 6, 2026
​ဓာတ်ပုံ  - ယောအလင်းတန်း

ဆောမှာယာဉ်မောင်းတဦးအသတ်ခံရပြီးအလောင်းမြေမြှုပ်ထား

July 6, 2026
​ကိုးကား/ဓာတ်ပုံ- India Today

အာသံမှာ ကျပ်သိန်းလေးထောင်ကျော်တန်ဖိုးရှိမူးယစ်ဆေးတွေနဲ့လူတဦး ဖမ်းခံရ

July 6, 2026

အာဏာသိမ်းစစ်ရေယာဉ်လေးဆယ်ခြောက်စီး မုံရွာရောက်

အီရန်ခေါင်းဆောင်ခါမေနီရဲ့ ဈာပနကို အာဏာသိမ်းစစ်တပ်ဝန်ကြီး တက်

ထိုင်းမှာမြန်မာတွေကို တောင်ပေါ်သားကတ် လိမ်လုပ်ပေးတဲ့အဖွဲ့ဝင်ဆယ့်တဦး ဖမ်းမိ

သံဃာတော်ဆယ်ပါးကို တိုက်မိတဲ့ကလေး ဦးနှောက်နဲ့အာရုံကြောမသန်စွမ်းသူဖြစ်နေ

ရေကြည်မြို့နယ်ရှိ အာဏာသိမ်းစစ်တပ်စခန်းကုန်းနှစ်ခုကို အာရက္ခတပ်တော်ထပ်သိမ်း

ထိုင်း-မြန်မာနယ်စပ်မှာ စိတ်ကြွဆေးပြား ၇ သိန်းကျော်ဖမ်းမိ

Releated Post

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

အာဏာသိမ်းစစ်ရေယာဉ်လေးဆယ်ခြောက်စီး မုံရွာရောက်

July 5, 2026

အီရန်ခေါင်းဆောင်ခါမေနီရဲ့ ဈာပနကို အာဏာသိမ်းစစ်တပ်ဝန်ကြီး တက်

July 5, 2026
ဓာတ်ပုံ - ထိုင်းသတင်းတွေ

ထိုင်းမှာမြန်မာတွေကို တောင်ပေါ်သားကတ် လိမ်လုပ်ပေးတဲ့အဖွဲ့ဝင်ဆယ့်တဦး ဖမ်းမိ

July 5, 2026
ဓာတ်ပုံ - ထိုင်းသတင်းဌာနတွေ

သံဃာတော်ဆယ်ပါးကို တိုက်မိတဲ့ကလေး ဦးနှောက်နဲ့အာရုံကြောမသန်စွမ်းသူဖြစ်နေ

July 5, 2026

ရေကြည်မြို့နယ်ရှိ အာဏာသိမ်းစစ်တပ်စခန်းကုန်းနှစ်ခုကို အာရက္ခတပ်တော်ထပ်သိမ်း

July 5, 2026

ထိုင်း-မြန်မာနယ်စပ်မှာ စိတ်ကြွဆေးပြား ၇ သိန်းကျော်ဖမ်းမိ

July 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page