Border News Agency
အမေရိကန် ၊ဇွန် ၄။
အမေရိကန်နဲ့ အီရန်တို့အကြား ဖြစ်ပွားနေတဲ့ ပင်လယ်ကွေ့စစ်ပွဲ ရက်ပေါင်း ၁၀၀ နီးပါးရှိလာချိန်ဇွန်လ ၃ ရက်၊မနက်အစောပိုင်းကအပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေထပ်မံပြင်းထန်လာတယ်လို့ အယ်လ်ဂျာဇီးယားသတင်းမှာဖော်ပြထားပါတယ်။
အီရန်ဘက်ကကူဝိတ်နဲ့ဘာရိန်းရှိ အမေရိကန်စစ်ဘက်နေရာတွေကို ဒရုန်း၊မစ်ဆိုင်းတွေနဲ့ပစ်ခတ်ခဲ့ရာ ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကျရောက်ထိမှန်ခဲ့ပြီး အိန္ဒိယနိုင်ငံသားတဦး သေဆုံးကာ အခြားသူအချို့ ဒဏ်ရာရရှိခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။
အမေရိကန်ဗဟိုစစ်ဌာနချုပ် က အီရန်ရဲ့ မစ်ဆိုင်းအများစုကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး အမေရိကန်စစ်သည်တွေထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
ခုတိုက်ခိုက်မှုဟာ အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်ရေနံတင်သင်္ဘောနဲ့ကွတ်ရှမ်ကျွန်းပေါ်က ဆက်သွယ်ရေးတာဝါတိုင်ကို ဗုံးကြဲခဲ့တာကြောင့်အီရန်ဘက်ကတုံ့ပြန်ခဲ့တာဖြစ်ပြီး ရရှိထားတဲ့ ယာယီအပစ်ရပ်စဲရေးကို အမေရိကန်က ချိုးဖောက်ခဲ့တာလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချထားပါတယ်။



