Border News Agency
ကျောက်တော်၊ဇူလိုင် ၁။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားဝင်ရောင်းချတဲ့ အာရက္ခလောင်ပေါ် ရဲ့ ပထမဆုံးအကြိမ် ကံစမ်းမဲဖွင့်လှစ်မှုကိုဇူလိုင်လ ၁ ရက်၊ဒီနေ့မှာ ပြုလုပ်ခဲ့ရာ အမြင့်ဆုံးဆုဖြစ်တဲ့ သိန်း ၅၀၀ ဆုရှင် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
အဲဒီ အမြင့်ဆုံး သိန်း ၅၀၀ ဆုကြီး ပေါက်တဲ့ လောင်ပေါ်နံပါတ်ဟာ ၃၂၃၆၉၂ ဖြစ်ပြီး ကံထူးရှင်ကတော့ ကျောက်တော်မြို့မှာ နေထိုင်တဲ့ ဒေါ်မသန်းယီ ဖြစ်ပါတယ်။
သူမဟာ လောင်ပေါ် နှစ်စောင်ထိုးရာကနေ အခုလို ဆုကြီး ကံထူးသွားတာပါ။
အဲဒီအပြင် အခြားဆုကြီးတွေဖြစ်တဲ့ ဒုတိယဆုနံပါတ် ၁၁၆၄၈၂၊တတိယဆုနံပါတ် ၀၇၉၆၄၅ နဲ့ စတုတ္တဆု ပေါက်မဲနံပါတ်တွေဖြစ်ကြတဲ့ ၃၃၁၀၀၄၊၁၆၈၄၄၇၊ ၂၂၀၅၃၈၊ ၁၁၀၀၃၆၊၂၉၂၆၇၈နဲ့၁၆၅၅၅၅တို့လည်း ထွက်ပေါ်ခဲ့ပါတယ်။
မဲပေါက်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း မိမိတို့ရဲ့ ဆုငွေတွေကို သတ်မှတ်ကာလအတွင်း စနစ်တကျ ထုတ်ယူနိုင်တယ်လို့ အာရက္ခလောင်ပေါ် တာဝန်ရှိသူတွေက အသိပေးထားပါတယ်။
အဲဒီအာရက္ခလောင်ပေါ်ကို ဒေသတွင်း တရားမဝင် လောင်းကစားတွေ ပပျောက်ဖို့နဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကောက်အခွန်နဲ့ အခွန်ဌာနက ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဇွန်လက စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။










