Border News Agency
ပုဏ္ဏားကျွန်း၊ဇူလိုင် ၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ လယ်ယာစိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာတအိတ်ကို ကျပ်လေးသိန်းထိစျေးတက်နေတယ်လို့လယ်သမားတွေက ဆိုကြပါတယ်။
အဲဒါကြောင့် စိုက်ပျိုးရေးလုပ်ဖို့အခက်အခဲကြုံတွေ့နေကြရတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။
အဲဒီလယ်ယာသုံးဓာတ်မြေသြဇာအမဲတအိတ်ကိုကျပ်လေးသိန်းနဲ့အဖြူတအိတ်ကိုကျပ်သုံးသိန်းခွဲထိ စျေးဖြစ်နေပြီးစျေးများလွန်းတာကြောင့် စိုက်ပျိုးဧကလျော့နေကြတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။
”လယ်လုပ်စားရတာ အတော်စိတ်ပျက်ဖို့ကောင်းလာပါတယ်။ထမင်းငတ်မှာကြောက်လို့သာလုပ်နေရတာပါ။တမိုး၊တနွေ၊တဆောင်းလုပ်လို့ဝမ်းစာလော က်အောင်မကျန်ခဲ့ပါဘူး။အခုမြေဆီစျေးကလည်း အမဲတအိတ်ကိုလေးသိ န်းနဲ့အဖြူတအိတ်ကိုသုံးသိန်းခွဲထိရှိနေပါတယ်။မြေဆီမသုံးရင်လည်းမဖြစ်ပြ န်ပါဘူး။”လို့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ လယ်သမားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအပြင် လယ်ထွန်စက်သုံးဆီတဂါလံကို ကျပ်သုံးသောင်းလေးထောင်ထိစျေးရှိနေပြီး စက်ငှားထွန်ယက်နေရတာကြောင့် အရင်းအနှီးပိုများနေတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။
”ကနော်တို့ရယ်လို့မဟုတ်ဘူး။လယ်သ မားထက်ဝက်လောက်မှာကိုယ်ပိုင်လ ယ်ထွန်စက်မရှိကြပါဘူး။ငှားပြီးထွန်ကြရတာချည်းပါပဲ။သီးနှံပေါ်လို့ လူငှားခ၊စက်ငှားခ၊ဆီခ၊မြေသြဇာခ၊သယ်ယူပို့ဆောင်ခတွေ နှုတ်လိုက်ရင် ကိုယ့်အ တွက်ကျန်တာ စပါးတောင်းတရာ၊နှစ်ရာပါပဲ။ဒါတွေနဲ့ပဲတနှစ်စာတနှစ်ဖြစ်သ လို လည်ပတ်နေရတာပါ။”လို့ နောက် ထပ်လယ်သမားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစိုက်ပျိုးစရိတ်နဲ့သွင်းအားစုစျေးနှု န်းတွေ အဆမတန်တက်နေပေမယ့်စပါးစျေးမတက်တာမို့ လယ်သမားတွေဟာ စိုက်ပျိုးထုတ်လုပ်မှုအကျိုးအမြ တ်မမျှဘူးလို့ ဆိုကြပါတယ်။
အဲဒီအပြင် အရင်းအနှီးစိုက်ထုတ်ရမှု များတာကြောင့် စွန့်ရမယ့်အခြေအနေရင်ဆိုင်နေရတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။








